ထိပ်ဆုံး သတင်း :
Home » » KIA တပ်များတွင်အင်အားနည်းပါးနေသည့်အတွက်ရွာသားများအားဆင့်ခေါ်ပြီး KIAစခန်းများတွင် အစောင့်တာဝန်ပေးအပ်

KIA တပ်များတွင်အင်အားနည်းပါးနေသည့်အတွက်ရွာသားများအားဆင့်ခေါ်ပြီး KIAစခန်းများတွင် အစောင့်တာဝန်ပေးအပ်

11/04/2011 12:31:00 PMတွင်ရေးသည်

မိုင်ဂျာယန်  နိုဝင်ဘာ  ၃

ကချင်လွတ်မြောက်ရေးတပ်မတော်ကရှေ့တန်းစခန်းတွေမှာလူအင်အားနည်းပါးလာနေတာကြောင့် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာရှိနေတဲ့ကချင်ကျေးရွာတွေကနေပြည်သူ့တပ်ဖွဲ့ဝင်အမှုထမ်းကလွှဲလို့တစ် အိမ်တစ်ယောက်မလာမနေရဆင့်ခေါ်လိုက်ပါတယ်။အဲဒီလိုဆင့်ခေါ်ရာမှာယောက်ျား၊မိန်းမမခွဲခြားဘဲမည် သူမဆိုတစ်အိမ်တစ်ယောက်လာရောက်ရမယ်ဆိုတဲ့အမိန့်ကြောင့်ရွာသူရွာသားတွေအခက်အခဲဖြစ်နေ ရပါတယ်လို့မိုင်ဂျာယန်မြို့မှာနေထိုင်တဲ့ဒေသခံကချင်လူမျိုးတစ်ဦးကပြောပါတယ်။
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyUq_zHuY7pcLvrV5l1PJgCZDdfC4xeKvJCyP98q7B1nYhaa-l9wm0tUD51PWyDa56fBb86LZD1cOwfbi3E-oN7bQ4340qB4ZwcRr5HDKVBozNb9g4pZ2Jd-dPISao-5XTY1gKTQvwxJDE/s1600/jgjgfjs.jpg
တစ်ချို့အိမ်တွေမှာKIAတပ်ဖွဲ့ဝင်ဒါမှမဟုတ်ပြည်သူ့တပ်ဖွဲ့ဝင်အမှုထမ်းများအဖြစ်ကချင်တော်လှန်ရေး အတွက်တာဝန်ထမ်းဆောင်နေပြီးဖြစ်ပေမဲ့အင်အားလိုအပ်နေလို့ထပ်မံဆင့်ခေါ်ခြင်းခံနေရတာကြောင့်မိသား စုအားလုံးKIAတပ်ဖွဲ့ထဲဝင်ရောက်ရမဲ့အခြေအနေဖြစ်နေရပါတယ်။ဆင့်ခေါ်လို့ရောက်လာတဲ့သူတွေထဲကနေ ကလေးငယ်တွေကိုစခန်းတွေမှာစောင့်ကြည့်ခိုင်းထားပါတယ်။လူငယ်နဲ့လူလတ်ပိုင်းအရွယ်တွေကိုတော့ တိုက်ပွဲတွေဖြစ်နေတဲ့KIAတပ်တွေရဲ့ရှေ့စခန်းတွေကိုရိက္ခာသယ်ပို့ခိုင်းပါတယ်။မိန်းမတွေကိုတော့ထမင်း ချက်ခိုင်းပြီးတစ်ချို့ချောချောမောမောကောင်မလေးတွေဆိုရင်ကေအိုင်အေဗိုလ်တွေကသူတို့ရဲ့အနားမှာထား ပါတယ်။
  ဒေသခံရွာသူရွာသားတွေအနေနဲ့အခုလိုမျိုးKIAတပ်တွေအတွက်အလုပ်လုပ်ပေးနေရလို့သူတို့ရဲ့စီး ပွာရေးတွေကျပ်တည်းနေပြီးအစားအသောက်ခက်ခဲနေပါတယ်။ဒါကြောင့်မို့တစ်ချို့တပ်စခန်းတွေမှာရှိတဲ့ရွာ သားတွေထွက်ပြေးတာများနေပါတယ်။အဲလိုမျိုးထွက်ပြေးတဲ့သူတွေကို``ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးကို မချစ်လို့ထွက်ပြေးတဲ့သူတွေကိုမိရင်အရှင်မထားတော့နဲ့``ဆိုပြီးဗိုလ်ချုပ်ဂမ်ရှောင်ကအမိန့်အပြတ်ပေး ထားလို့ထွက်ပြေးတာနဲ့ပစ်သတ်ခံရပါတယ်။
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAg-FHQfER9KxuQT7hhhq9UNwAGrunHMjqkDZQgqEzNC7Ee_lbhM2JmhGBHAY3VQK4rwSUqgNK4_yLinSwpLmb89Wwv95KiRcmpjBvNXgTGgEZV_Tz1tkz6DbuKhyBjtYwz0YUzt16noWG/s1600/hjghhjgfhjs.jpg
လိုင်ဇာပတ်ဝန်းကျင်မှာလက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကြောင့်စစ်ပွဲနှင့်မဆိုင်သောအရပ် သူအရပ်သားများအားအတင်းအဓမ္မစေခိုင်းနေခြင်းသည်အပြည်ပြည်ဆိုင်ရာဥပဒေများနှင့်ငြိစွန်းနေတဲ့ အတွက်အခုလက်ရှိKIAတပ်ဖွဲ့တွေရဲ့လုပ်ရပ်ကိုILOကထောက်ပြပြောဆိုလျက်ရှိပါတယ်။ဒါကြောင့်မို့အခုလို  ကချင်တပ်မတော်ရဲ့လူသားချင်းစာနာမှုကင်းမဲ့တဲ့လုပ်ရပ်အပေါ် ကချင်လူမျိုးများအားလုံးကကန့်ကွက် လျက်ရှိနေတယ်လို့ မြစ်ကြီးနားမြို့ကငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးကKDNသို့ပြောပြပါတယ်။




ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"