ထိပ်ဆုံး သတင်း :
Home » » အဖက်ဖက်ကဆုံးရှုံးမှုနှင့်ရင်ဆိုင်နေရသော KIA တပ်ဖွဲ့များ၏ အခြေအနေမှန်များအပိုင်း(၂)

အဖက်ဖက်ကဆုံးရှုံးမှုနှင့်ရင်ဆိုင်နေရသော KIA တပ်ဖွဲ့များ၏ အခြေအနေမှန်များအပိုင်း(၂)

11/06/2011 03:34:00 PMတွင်ရေးသည်

၂၀၁၁ခုနှစ်၊အောက်တိုဘာလ၂၅ရက်နေ့မှာတော့KIပါတီရဲ့(၅၁)နှစ်မြောက်ပါတီနှစ်ပတ်လည်နေ့အထိမ်းအ မှတ်ဆုတောင်းပွဲကိုKIAတပ်မဟာနယ်မြေတွေမှာနေရာ(၄)နေရာခွဲပြီးပြုလုပ်ခဲ့ပါတယ်။KIOဥက္ကဋ္ဌဦးဇောင်းဟရား၊ ကေအိုင်စီဒုဥက္ကဋ္ဌဦးအင်ဘန်လှနဲ့ကေအိုင်အေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂမ်ရှောင်နဲ့ဒုတိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်အက်စ် ဂွန်မော်တို့အကြားသဘောကွဲလွဲမှုတွေရှိနေလို့ဘယ်နေရာမှသူတို့မတက်ရောက်ခဲ့ကြပါဘူး။ကချင်တော်လှန်ရေးဟာ အခုဆိုရင်နှစ်(၅၀)ကျော်ခဲ့ပေမဲ့ခေါင်းဆောင်ပိုင်းမှာလဲညီညွတ်မှုမရှိသလိုလက်အောက်မှာလဲမတည့်ကြပါဘူး။က ချင်ပြည်နယ်လွတ်လပ်ရေး၊ကချင်လူထုကောင်းစားရေးလို့ကြွေးကြော်နေပေမဲ့လက်တွေ့မှာလမ်းတွေ၊တံတားတွေ၊ စက်ရုံတွေမိုင်းထောင်ဖောက်ခွဲဖျက်ဆီးပစ်နေလို့ကချင်လူထုတွေဒုက္ခနဲ့ရင်ဆိုင်နေရပါတယ်။ကချင်လူထုသဘော ထားကတော့အစိုးရတပ်နဲ့ရင်ဆိုင်တိုက်ပွဲဖြစ်လို့ရှုံးသည်ဖြစ်စေ၊နိုင်သည်ဖြစ်စေအပြစ်မပြောမဝေဖန်ပါဘူး။ဒါပေမဲ့ လမ်းတံတားတွေဖျက်ဆီးတာကျတော့လူထုနဲ့တိုက်ရိုက်သက်ဆိုင်နေတာမို့ကချင်ပြည်နယ်မှာနေထိုင်တဲ့လူတွေအား လုံးကကချင်လွတ်မြောက်ရေးတပ်မတော်(KIA)လို့အသံကြားတာနဲ့အကြမ်းဖက်အဖွဲ့အစည်းလို့သိမြင်နေကြပါတယ်။
ဒါတွေဟာကချင်ပြည်နယ်မှာရှိနေတဲ့လူထုရဲ့တကယ့်ခံစားချက်၊အစစ်အမှန်ဖြစ်ပါတယ်။ကချင်အားလုံးကအစိုး ရကိုဆန့်ကျင်တာမဟုတ်ဘဲကိုယ်ကျိုးရှာစီးပွားရေးသမားတွေကသာKIAဆိုပြီးတောထဲမှာကျန်နေတာပါ။ကချင်မှာ တကယ့်ကိုအစဉ်အလာကြီးမားတဲ့ပုဂ္ဂိုလ်တွေကတရားဝင်ပါတီတည်ထောင်ပြီးလွှတ်တော်ထဲမှာတက်ရောက်နေချိန် မှာဂမ်ရှောင်၊ဂွမ်မော်၊အင်ဘန်လှတို့တွေက-ကချင်ကောင်းစားရေးဘာမှလုပ်မပေးတဲ့အပြင်အဖျက်လုပ်ငန်းတွေချည်း လုပ်နေတာမို့ကချင်လူထုကမထောက်ခံတော့ပါဘူး။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuAzPUycLxGZauxJRLQl63VttAIXw0tD0lDdKaHbN0hJOrZO4qCEmsa7axw4H70J2rmbvjlvYSi3e9KQMeETtE6ogbHEI2P-lYAQo0fO14naFPqSIwwEMlCn9xkVtCJIlHsob_DVmubBiq/s1600/gam.jpg
ဒီလိုမျိုးထောက်ခံမှုလျော့နဲနေတဲ့ကြားထဲမှာKIAဒုတိယစစ်ဦးချုပ်အက်စ်ဂွမ်မော်ရဲ့ကချင်နိုင်ငံတော်တော်လှန်ရေး တပ်ဖွဲ့ဝင်များလိုက်နာဖို့အမိန့်ထဲမှာဖမ်းဆီးရမိတဲ့ရှမ်း၊ဗမာစစ်သုံ့ပန်းတွေကိုစစ်မေးပြီးကသတ်ပစ်ဖို့၊ကချင်
နိုင်ငံတော်အတွင်းလမ်းကြောင်းများတွင်မိုင်းနဲ့အတားအဆီးတွေပိုမိုချထားဖို့၊အရေးကြီးတံတားတွေအမြန် ဖျက်ဆီးဖို့၊ဒါ့အပြင်အခွန်ငွေတိုးကောက်ဖို့၊တပ်သားသစ်ကိုကျေးရွာအလိုက်ခွဲတမ်းချခေါ်ဖို့၊အဆိုးဆုံးပေး ထားတဲ့အမိန့်ကတော့ဗမာနဲ့ရှမ်းလူမျိုးဆိုရင်ဖမ်းဆီးစစ်ကြောဖို့ဆိုတာတွေဟာလူမျိုးရေးခွဲခြားမှုဖြစ်နေလို့KIA တပ်ဖွဲ့အချင်းချင်းမှာကိုဒီအမိန့်ကိုအပြစ်ပြောနေပါတယ်။
နိုင်ငံရေးအရအဆိုးရွားဆုံးဖြစ်နေတဲ့ကိစ္စတစ်ရပ်ကတော့မူးယစ်ဆေးဝါးပြဿနာပါပဲ။KIO/KIAခေါင်းဆောင်ပိုင်း မှာကိုယ်ပိုင်ဘိန်းစိုက်ကွင်းတွေရှိနေပါတယ်။ဒါကိုဖုံးကွယ်တဲ့အနေနဲ့KIAနယ်မြေအတွင်းမှာမူးယစ်ဆေးဝါးလုပ်တဲ့သူ တွေကိုဖမ်းဆီးတယ်။အပြစ်ပေးတယ်။အမြင်ကောင်းအောင်လုပ်ပြနေပေမဲ့ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့ဆွေမျိုးနဲ့ပတ်သက်လို့ မူးယစ်ဆေးဝါးဖမ်းဆီးတာမျိုးလုပ်ရင်ဖမ်းတဲ့သူတွေကိုလိုင်ဇာမှာပြန်ပြီးဖမ်းချုပ်ထားပါတယ်။လိုင်ဇာပတ်လည်မှာ ဘိန်းတဧကကိုငွေကျပ်ငါးသောင်းနှုန်းနဲ့ လုပ်ကိုင်ခွင့်ပြုထားပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMaJ7XeUuyWUFKZ0GXOX9nte6tvBAinQreUkokXO_JvdpyCO06yNe1xsg8OShXWU35SGu27VlAdcx6OK9zCAu_wrbX6nfM-V9Ex1rKVbQJX5p-1SGxdyaTKHwz2G2iTKLFeMpvqQfKfk9c/s320/bane%252B.jpg
လိုင်စင်ပို့စ်အနီးမှာဆိုရင်တရုတ်လူမျိုး(၅)ဦးကိုဘိန်းစိုက်ခွင့်ပေးထားပါတယ်။သူတို့ဆီကနေဘိန်းတဧကမြန်မာငွေ (၁၈)သိန်းKIAလှုပ်ရှားတပ်မတွေအတွက်နှစ်စဉ်ပေးနေရပါတယ်။ KIA ရဲ့ မူးယစ် ဆေးဝါးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့သူတို့နိုင်ငံထဲတင်သွင်းတာမျိုးလုံးဝလက်ခံဘဲစောင့်ကြည့်နေပါတယ်။အမေရိကန်မူးယစ်ဆေးဝါး ထိန်းချုပ်ဘရေးအဖွဲ့အနေနဲ့ကလဲKIAတပ်ဖွဲ့တွေရဲ့မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်နေတာတွေကိုအမြဲမပြတ် စောင့်ကြည့်နေပါတယ်။အခုဖော်ပြခဲ့တဲ့အကြောင်းအရာတွေကလဲထိုင်းနိုင်ငံမှာရှိတဲ့အမေရိကန်သံရုံးကနေ၀ါရှင်တန် ကိုပေးပို့ခဲ့တဲ့အစီရင်ခံစာမှာဖော်ပြထားတဲ့အချက်တွေပဲဖြစ်ပါတယ်။
အခုနောက်ဆုံးရရှိထားတဲ့သတင်းတွေအရဆိုရင်တော့KIOဥက္ကဋ္ဌဦးဇောင်းဟရားအနေနဲ့KIAခေါင်းဆောင်များ ချည်းပြုလုပ်တဲ့အစည်းအဝေးမှာအဘက်ဘက်ကဆုံးရှုံးကျဆင်းနေတဲ့KIAတပ်မတော်ရဲ့ဂုဏ်သိက္ခာအဖတ်ဆယ်ဖို့အ တွက်ပြောကြားခဲ့တာတွေရှိပါတယ်။အဲဒါတွေကတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလိုKIA/KIOအနေနဲ့ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့လိုကြောင်း။လက်ရှိမှာKIAတဖွဲ့သာကျန်ရှိနေတဲ့ အတွက်တခြားတိုင်းရင်းသားတွေကလက်ခံပြီးKIAကလက်မခံရင်KIAရဲ့အမှားဖြစ်လာမှာစိုးရိမ်နေကြောင်း။ဒါ့အပြင်ပွင့် လင်းရာသီမှာမိမိတို့အဖွဲ့ကိုအစိုးရစစ်တပ်တွေအပြင်းအထန်ထိုးစစ်ဆင်လာပါကခုခံရန်မလွယ်တော့ကြောင်း။တရုတ်က လဲသူတို့ဘက်ပိတ်ဆို့ထားပြီးမြန်မာတပ်တွေအတွက်ယူနန်ဘက်ကနေလမ်းကြောင်းဖွင့်ပေးထားကြောင်းသိရပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"