ထိပ်ဆုံး သတင်း :
Home » » KIA ဘွမ်တောင်စခန်းအစိုးရတပ်ကသိမ်းပိုက်

KIA ဘွမ်တောင်စခန်းအစိုးရတပ်ကသိမ်းပိုက်

11/09/2011 04:10:00 PMတွင်ရေးသည်

မြစ်ကြီးနား နိုဝင်ဘာ ၈
ဝိုင်းမော်-ကံပိုက်တီးသွားတဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ ကေအိုင်အေတပ်ရင်း (၃) လက်အောက်ခံ တပ်ဖွဲ့ တစ်ဖွဲ့ကတာ ၀န်ယူထားတဲ့ ဘွမ်တောင်စခန်းကို နိုဝင်ဘာ ၇ ရက်နေ့က အစိုးရတပ်တွေကသိမ်းပိုက် သွားပြီးလို့သိရ ပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJXcuFVuFAhEth664IpTAJnjxzdMyntxaG20qwGkiqRKwDnJEQgljWEsVyXDkPwaHv9FR2Ev8CYHYBtb7OKu6C3MgkHKVPzrFupCBRovCCEpc_nNvQmS8DTkVTj6WtB-UrtNw_V8Z3SrNk/s1600/tghrher.jpg
ဘွမ်တောင်စခန်းဟာ ၀ိုင်းမော်-ကန်ပိုင်တီးလမ်းကြောင်းပေါ်ကအဓိက စခန်းတစ်ခုဖြစ်ပြီး အစိုးရတပ်ရဲ့ ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကိုခံခဲ့ရလို့ဆုတ်ခွါပေးလိုက်တာပါလို့ အဲဒီစခန်းကဆုတ်ခွါထွက်ပြေး လာတဲ့ရင်း(၃)မှ KIA စစ်သား ကပြောပါတယ်။ “ဒီရက်ဖြစ်တဲ့ တိုက်ပွဲတွေမှာ အခုရောက်လာတဲ့ တပ်မ (၈၈)က လက် နက်ကြီး တွေဆက်တိုက်ပစ်ပြီး အတင်းထိုးဖောက်ဝင်လာတယ်၊ တပ်မ(၈၈)ရောက်လာမှ တိုက်ပွဲတွေက ပိုပြင်း ထန်လာတယ်”လို့လည်းပြောပါတယ်။ အခုတစ်လောဖြစ်တဲ့တိုက်ပွဲတွေမှာ KIAတပ်တွေထိခိုက်ကျဆုံးမှုများနေပြီး မိုင်ဂျာယန်ဆေးရုံမှာလဲ ဒဏ်ရာရလူနာတွေများနေ လို့တချို့ ကိုတရုတ်ဘက်ကိုပို့ဆောင်ဖို့  ကြိုးစားနေတယ်လို့သိရပါတယ်။ 


အစိုးရတပ်နဲ့KIA တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွား
မြစ်ကြီးနား  နိုဝင်ဘာ  ၈
            နိုဝင်ဘာ ၅ ရက်နေ့က မိုးမောက်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာအနီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ ကေအိုင်အေဘက်က(၃)ဦးသေဆုံးပြီး တပ်သား(၆)ဦးဒဏ် ရာရသွားပါ တယ်။ အဲဒီဒဏ်ရာရတဲ့သူတွေ ကိုယောယုံကျေးရွာကနေ တောလမ်းအတိုင်း မိုင်ဂျာယန်ဆေးရုံကိုပို့ ဆောင်စဉ် လမ်းမှာ(၁)ဦးထပ်မံ သေဆုံးသွားခဲ့တယ်လို့သိ ရပါတယ်။
            နိုဝင်ဘာ ၆ ရက်နေ့မှာလည်း ၀ိုင်းမော်မြို့နယ်၊နန့်ဝါရွာနဲ့လမြန်ရွာကြားမှာ  အစိုးရတပ်နဲ့ ကေအိုင်အေတပ်ဖွဲ့ တွေတိုက် ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ကေအိုင်အေကအရာရှိ(၂)ဦး၊ တပ်သား(၂)ဦးနဲ့ ကေအိုင်အေ ပြည်သူ့တပ်ဖွဲ့ဝင်(၃)ဦး စုစုပေါင်း(၇)ဦးဒဏ်ရာ ရခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာရတဲ့သူတွေကိုကေအိုင်အေ တပ်ရင်း(၃)ရှိတဲ့“၀ထောင်”ကိုသယ်ယူသွားခဲ့တယ်လို့ မျက်မြင်တွေ့ ရှိတဲ့ရွာသားတွေကပြောပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"