မြစ်ကြီးနား နိုဝင်ဘာ ၈
ဝိုင်းမော်-ကံပိုက်တီးသွားတဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ ကေအိုင်အေတပ်ရင်း (၃) လက်အောက်ခံ တပ်ဖွဲ့ တစ်ဖွဲ့ကတာ ၀န်ယူထားတဲ့ ဘွမ်တောင်စခန်းကို နိုဝင်ဘာ ၇ ရက်နေ့က အစိုးရတပ်တွေကသိမ်းပိုက် သွားပြီးလို့သိရ ပါတယ်။

ဘွမ်တောင်စခန်းဟာ ၀ိုင်းမော်-ကန်ပိုင်တီးလမ်းကြောင်းပေါ်ကအဓိက စခန်းတစ်ခုဖြစ်ပြီး အစိုးရတပ်ရဲ့ ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကိုခံခဲ့ရလို့ဆုတ်ခွါပေးလိုက်တာပါလို့ အဲဒီစခန်းကဆုတ်ခွါထွက်ပြေး လာတဲ့ရင်း(၃)မှ KIA စစ်သား ကပြောပါတယ်။ “ဒီရက်ဖြစ်တဲ့ တိုက်ပွဲတွေမှာ အခုရောက်လာတဲ့ တပ်မ (၈၈)က လက် နက်ကြီး တွေဆက်တိုက်ပစ်ပြီး အတင်းထိုးဖောက်ဝင်လာတယ်၊ တပ်မ(၈၈)ရောက်လာမှ တိုက်ပွဲတွေက ပိုပြင်း ထန်လာတယ်”လို့လည်းပြောပါတယ်။ အခုတစ်လောဖြစ်တဲ့တိုက်ပွဲတွေမှာ KIAတပ်တွေထိခိုက်ကျဆုံးမှုများနေပြီး မိုင်ဂျာယန်ဆေးရုံမှာလဲ ဒဏ်ရာရလူနာတွေများနေ လို့တချို့ ကိုတရုတ်ဘက်ကိုပို့ဆောင်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။
အစိုးရတပ်နဲ့KIA တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွား
မြစ်ကြီးနား နိုဝင်ဘာ ၈
နိုဝင်ဘာ ၅ ရက်နေ့က မိုးမောက်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာအနီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ ကေအိုင်အေဘက်က(၃)ဦးသေဆုံးပြီး တပ်သား(၆)ဦးဒဏ် ရာရသွားပါ တယ်။ အဲဒီဒဏ်ရာရတဲ့သူတွေ ကိုယောယုံကျေးရွာကနေ တောလမ်းအတိုင်း မိုင်ဂျာယန်ဆေးရုံကိုပို့ ဆောင်စဉ် လမ်းမှာ(၁)ဦးထပ်မံ သေဆုံးသွားခဲ့တယ်လို့သိ ရပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့မှာလည်း ၀ိုင်းမော်မြို့နယ်၊နန့်ဝါရွာနဲ့လမြန်ရွာကြားမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်ဖွဲ့ တွေတိုက် ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ကေအိုင်အေကအရာရှိ(၂)ဦး၊ တပ်သား(၂)ဦးနဲ့ ကေအိုင်အေ ပြည်သူ့တပ်ဖွဲ့ဝင်(၃)ဦး စုစုပေါင်း(၇)ဦးဒဏ်ရာ ရခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာရတဲ့သူတွေကိုကေအိုင်အေ တပ်ရင်း(၃)ရှိတဲ့“၀ထောင်”ကိုသယ်ယူသွားခဲ့တယ်လို့ မျက်မြင်တွေ့ ရှိတဲ့ရွာသားတွေကပြောပါတယ်။

No comments:
Post a Comment