ပြီးခဲ့တဲ့လ(၃၁)ရက်နေ့ကKIA တပ်ဖွဲ့ဝင်(၅) ယောက်ဟာ မန်စီမြို့နယ် မန်ဝန်းကြီးကျေးရွာ ရပ်ကွက် (၃) မှာ ဈေးရောင်း တဲ့အလုပ်နဲ့ လုပ်ကိုင် စားသောက်နေတဲ့ မအိရွှေစင်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ပါတယ်။ ဖမ်းဆီးခေါ်ဆောင် သွားရတဲ့အကြောင်း အရင်း ကတော့ မအိရွှေစင်ရဲ့ယောင်္ကျားဖြစ်သူ ဆန်းထွန်းကို လာေ၇ာက် ဖမ်းဆီးတာ ဆန်းထွန်းကိုမတွေ့လို့မိန်းမဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားကြတာဖြစ်တယ် လို့ပြောပါတယ်။ မန်ဝိုင်းရွာကလူတွေကတော့ KIA ရဲ့အခုလိုလုပ်ရပ်ကို အတော်လေးရွံရှာဆက်စုပ်ပြီးတော့ လုံးဝ မ ကြေနပ် ကြပါဘူး။``ဆန်းထွန်း တို့လင် မယားက အေးအေးချမ်းချမ်းနဲ့ ရိုးရိုးသားသားလုပ် ကိုင်စားသောက် နေတာဘဲ၊ KIA ကဒါသက်သက်မဲ့ယုတ်မာတာ အပြစ်မရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးနေတာဟာ လုံးဝ အဓိပါယ်မရှိဘူး၊ အခုလည်းကောင်မလေး ကိုဖမ်းသွား တယ်။
ကောင်မလေးကို မတော်တာတွေလုပ်လိုက်ရင်တော့ ဒုက္ခဘဲ၊ နောက်တစ်ခါလဲဒီလိုလာပြီး ဖမ်းခေါ်သွားရင်ဘယ်လိုလုပ်မလဲ ရွာမှာတောင်နေလို့မဖြစ်တော့ဘူးထင် တယ်`` စတဲ့ KIA ရဲ့လုပ်ရပ်တွေကြောင့် စိုးရိမ်ကြောက်လန့် တကြားပြောဆိုနေ ကြတာတွေလဲ ကြားနေရပါ တယ်။ဒွန်းမောင်မန်စီ၊ကချင်ပြည်နယ်
KDN ကိုအခုလို့သတင်းပေးပို့လာတဲ့ ကိုဒွန်းမောင်ကိုကျေးဇူးအထူးတင်ရှိပါတယ်

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !