ထိပ်ဆုံး သတင်း :
Home » » KIA တိုက်ခိုက်မှု အတွင်း အစိုးရစစ်တပ်မှ ၁ ဦးသေ ၄ ဦး ဒဏ်ရာရ

KIA တိုက်ခိုက်မှု အတွင်း အစိုးရစစ်တပ်မှ ၁ ဦးသေ ၄ ဦး ဒဏ်ရာရ

11/23/2011 02:23:00 PMတွင်ရေးသည်

ယမန်နေ့နံနက် ၈ နာရီခန့်က ကြူကုတ်(ပန်ဆိုင်း) မြို့နယ် မုံးပေါ်ကျေးရွာအနီး တုံဟုန်းလုံလမ်းခွဲတွင် အစိုးရစစ် တပ်အား ကချင်လွတ်လပ်ရေးတပ် မတော် KIA က တိုက်ခိုက်ခဲ့ရာ အစိုးရတပ်သား ၁ ဦးသေဆုံး ပြီး ၄ ဦးခန့် ဒဏ်ရာရရှိ ခဲ့ကြောင်းသိရ သည်။

မုံးပေါ်ဘက်မှ ပြောင်းဖူးအိတ်များ တင်ဆောင်လာသည့် ထော်လာဂျီယာဉ်များအား အစိုးရစစ်တပ်ကစစ်ဆေး နေစဉ် KIA တပ်ဖွဲ့က ရှောင်တခင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA စစ်ဘက်သတင်းရပ်ကွက်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

နှစ်ဘက်ပစ်ခတ်မှု မိနစ်အနည်းငယ်ခန့်သာ ကြာမြင့်ပြီး KIA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်းလည်း သူကဆိုသည်။

“ပြောင်းဖူးတင်လာတဲ့ ထော်လာဂျီတွေက မုံးပေါ်ဘက်ကနေ နမ့်တောင်းဘက်ကိုလာတာ။ စစ်တပ်က သူတို့ ကင်းစောင့် ထားတဲ့ပုံစံမျိုးပေါ့။ တုံဟုန်းလုံ လမ်းခွဲပေါ့နော်။ အဲဒီနားမှာညောင်ပင်ကြီးရှိတယ်။ စစ်တပ်က ထော်လာဂျီကို သွားစစ်ဆေး တော့ အပစ်ခံရတာ” ဟု ဆိုသည်။

အစိုးရတပ်ဘက်မှ ဒဏ်ရာရသူ ၄ ဦးအနက် တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်းလည်း သိရသည်။

post by သျှမ်းသံတော်ဆင့် 
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"