ထိပ်ဆုံး သတင်း :
Home » » ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်မူကြီးဂွမ်မော် / N.ဇော်ရှန် (WPNG) ဆုံမှု အပိုင်း ( ၁ )

ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်မူကြီးဂွမ်မော် / N.ဇော်ရှန် (WPNG) ဆုံမှု အပိုင်း ( ၁ )

11/24/2011 03:11:00 PMတွင်ရေးသည်

WPNG  23 11 2008 ............
, 2008 ခုနစ်က   KIO . KIA အဖွဲ့ စည်းနှင့် ကချင်လူထုများစစ်အစိုးရရဲ့
အခြေခံဥပဒေနဲ့ပါတ်သက်ပြီးကေအိုင်အို  ကေအိုင်အေ ၊ ကချင်လူထုသူတို့ သဘေားထား ၊ သူတို့အမြင် ၊ ကချင်လူထု လက်ခံမှု အပိုင်းတွေကို ကေအိုင်အေပြေားခွင့်ရလည်းဖြစ် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးဂွမ်မော် ကို WPNG မှ ကိုဇော်ရှန် ကနေပြီး ... တနေရာတွေ တွေ့ဆုံမေးမြန်းချက်ကိုဖော်ပြလိုက်ပါတယ် ။
တချို့သတင်းအဖြစ် ဖော်ပြလို့မရသည့် သုံးသပ်ချက်မျိုးများကိုထည့်သွင်းမဖော်ပြ ပေးနိုင်သည့် အတွက် အားလုံးကိုတောင်းပန်ပါတယ်။ သင့်ရင်သင့်သလိုဖော်ပြပေးသွားမည်ဖြစ်ပါတယ် ။
ပည်ပသတင်းဌာန တခုနှင့် တွေ့ ဆုံခဲ့စဉ် ။
ဗိုလ်မှူးကြီးဂွမ်မော် (ကေအိုင်အို- သုသေသနနှင့်လေ့လာရေးဌာနညွန်ကြားရေးမှူး)
ဇ်ာရှန် ။ ။ ပထမဆုံးအနေနဲ့ နအဖရဲ့ မဲဆန္ဒခံယူပွဲကိုဆရာ့ အနေနဲ့ဘယ်လိုမြင်လဲမသိဘူး၊ပြီးတော့ ကေအိုင်အေရဲ့သဘောထားကိုရောဘယ်လိုမြင်လဲ ဒူကဘာ ..?

ဒူကဘာဂွမ်မော် ။ ။ အခုမကြာခင် ကျင်းပတော့မဲ့ ဆန္ဒခံယူပွဲဟာဆိုလို့ရှိရင် ဥပဒေမူကြမ်းကပိုအတည်ပြုနိုင်ဖို့ပေါ့ ၊
အဲတော့ ဒီအခြေခံဥပဒေမူကြမ်းကိုအတည်ပြုနိုင်ဖို့ ဆိုတဲ့ကိစ္စမှာကျွန်တော်တို့အဖွဲ့အစည်းတွေရဲ့ ဆန္ဒထက် ပြည်သူလူထုတွေရဲ့ ဆန္ဒ ရယူပြီးတော့ ဆုံးဖြတ်ဖို့လိုပါတယ်။
ဒါကြောင့်မို့ လွတ်လပ်ပြီးတရားမျှတ တဲ့ဆန္ဒခံယူပွဲတွေမှာ ပြည်သူလူထုတွေပါဝင်ဖို့လိုတယ်လို့မြင်တယ်။ ဒီကျွန်တော်တို့အဖွဲ့ အစည်းတွေအနေနဲ့ကတော့ ပြည်သူတွေကိုသော်လည်းကောင်းအခြားအဖွဲ့
အစည်းတွေကိုသော်လည်းကောင်းကျွန်တော်တို့ကဘယ်လိုသဘောထားရမယ်လို့ပြောတာထက် ကျွန်တော်တို့ကဘယ်လိုမြင်တယ်ဆိုတဲ့ သဘောထားကိုဖော်ပြပြီးတော့ အမြင်ချင်းဖလှယ်ပြီးတော့ လုပ်ဆောင်သွားဖို့ စဉ်းစားထားပါတယ်။

ဇော်ရှန် ။ ။ အခုစစ်အစိုးရကသူတို့ရဲ့ ဥပဒေမူကြမ်းကိုတိုင်းရင်းသားလူမျိုးတွေရဲ့ အကျိုးကိုရှေ့ရှုတယ်လို့ဆိုတယ်ပေါ့နော်။ တကယ်တမ်းကရောဒီမူကြမ်း က တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကိုဘယ်လောက်အထိရှေ့ရှုနိုင်စွမ်းဘယ်လောက်ရှိတယ်လို့ ဒူကဘာ မြင်လဲး ။

ဒူကဘာဂွမ်မော် ။ ။ ဒီကိစ္စမှာကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အကျိုးကိုရှေ့ရှုတယ်လို့ ပြောတဲ့ စကားစုအပေါ်မှာအဓိပယ်ဖွင့်ဆိုချက်တွေတူညီမှု ရှိသလားမရှိဘူးလား၊ ဘယ်လိုနားလည်ကြသလဲဆိုတာကိုအဓိကပြောချင်ပါတယ်။
အခြေခံဥပဒေမူကြမ်းမှာတိုင်းရင်းသားလူမျိုးတွေရဲ့အကျိုးစည်းပွားတွေအားလုံးပါဝင်ပြီး ဖြစ်တယ်လို့ ပြောတာလား၊ဒါမှမဟုတ်လို့ရှိရင် နောင်တချိန်ချိန်မှာ ပါဝင်နိုင်အောင် လမ်းဖွင့်ထားပေးတယ်လို့ဆိုလိုချင်တာလား၊ ဆိုတဲ့ဟာကိုစဉ်းစားဖို့လိုပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ဒီ၂ခုထဲကတခုခုပါဝင်နေတယ်ဆိုလို့ရှိရင်တော့အကျိုးစီးပွားကိုရှေ့ရှုတယ်လို့ ပြောမယ်ဆိုလည်းရနိုင်မယ်လို့ထငပါတယ်။

ဇော်ရှန် ။ ။ တချို့လူကမဲဆန္ဒခံယူပွဲကိုမသွားသင့်ဘူး၊ တချို့ကသွားပြီးတော့ကန့်ကွက်မဲပေးသင့်တယ်လို့ပြောတယ်၊ ကေအိုင်အိုအနေနဲ့မသွားဖို့ ပြောတာဘာကြောင့်မို့လဲဆိုတာပြောနိုင်မလား..?

ဒူကဘာဂွမ်မော် ။ ကေအိုင်အိုအနေနဲ့ပြည်သူ့ဆန္ဒခံယူပွဲကိုမသွားဖို့ မပြောပါဘူး၊ခုနကကျွန်တော်ပြောခဲ့သလိုဘဲကျွန်တ်ေတို့ရဲ့သဘောထားကိုထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ပြည်သူ့ဆန္ဒခံယူပွဲဆိုတာက ပြည်သူတွေ အဓိက သွားပြီးပါဝင်ရမယ့်အရေးဖြစ်တယ်၊ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့ကလွတ်လပ်ပြီးတရားမျှတတဲ့ ဆန္ဒခံယူပွဲမှာ အားလုံးပါဝင်ဖို့ဖြစ်ပါတယ်။ ကေအိုင်အိုအနေနဲ့ကတော့ ဒီကိစ္စမှာပါဝင်မှာမဟုတ်ပါဘူး။

ဇော်ရှန် ။ ဒီလိုမျိုးတိုင်းရင်းသားတွေရဲ့ တန်းတူရှေ့ရေးပြဌာန်းခွင့်အတွက် ဘယ်လိုအချက်မျိုးတွေ ပါဝင်သင့်သလဲလို့ ဒူကဘာ အနေနဲ့ ယူဆလဲမသိဘူး..?

ဒူကဘာဂွမ်မော် ။ ။ အခြေခံမူထဲမှာတိုင်းရင်းသားပေါင်းစုံရဲ့တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် လို့ပြောတဲ့ အခါမှာကျွန်တော်တို့ကေအိုင်အိုအနေနဲ့ကတော့ တောင်းဆိုချက်တွေညီလာခံမှာသော်လည်းကောင်းညီလာခံရဲ့ ပြင်ပမှာသော်လည်းကောင်းတောင်းဆိုထားတဲ့အချက်တွေအများကြီးရှိပါတယ်။ကေအိုင်အိုကနေ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၂ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တယ်။ ပြီးတော့ညီလာခံကိုလဲတောင်းဆိုခဲ့တဲ့တောင်းဆိုချက်တွေရှိပါတယ်။အဲဒီထဲမှာအတိုချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ တိုင်းရင်သားများရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အရေးနဲ့တိုင်းရင်းသားလူမျိုးစုများရဲ့မူလရပိုင်ခွင့်များကိုထည့်သွင်းပြဌာန်းပေးရန်ဆိုတဲ့ အချက်ဘဲဖြစ်ပါတယ်။ ဒါ ကေအိုင်အိုရဲ့ သဘောထား ဖြစ်ပါတယ်။
post by ဇော်ရှန် ( wunpawng )
အင်တာဗု အချိန်ပေးခဲ့သည့် ဒူကဘာ ဂွမ်မော် နင့် ကူညီပေးခဲ့သည့် သူငယ်ချင်းများ ကျေးဇူးတင်ပါသည် ။

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"