ထိပ်ဆုံး သတင်း :
Home » » မြန်မာအစိုးရက မြစ်ကြီးနားမြို့ လုံခြုံရေး အထူးတင်းကြပ်လာ

မြန်မာအစိုးရက မြစ်ကြီးနားမြို့ လုံခြုံရေး အထူးတင်းကြပ်လာ

12/03/2011 12:23:00 AMတွင်ရေးသည်


mkn-dec2
မြစ်ကြီးနား-ဗလမင်းထင် ဧရာဝတီတံတားလမ်းမဂိတ်တွင် ပြည်သူများအား မြန်မာအစိုးရ အာဏာပိုင်များ စစ်ဆေးနေပုံ။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် မြန်မာအစိုးရက ဒေသခံပြည်သူများကို ဖြတ်သန်းသွားလာခွင့် အထူးတင်းကြပ်လာရာ လမ်းဆုံလမ်းခွများတွင် စစ်သားများစောင့်ကြပ်ချထားလာသည်ဟု ဒေသခံများပြောသည်။
ထို့အတူ စာသင်ကျောင်းများ၊ အစိုးရရုံးများနှင့် အခြားဌာနဆိုင်ရာရုံးများလည်း သာမန်အချိန်ထက်စော၍ ကျောင်းဆင်းရုံးဆင်းလာကြသည်ဟုဆိုသည်။

“KBC ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရုံးလည်း ၃ နာရီဆင်းပြီ ခါတိုင်းဆို ၄ နာရီမှ လူစုခွဲတာ” ဟု ထိုရုံးနှင့် နီးစပ်သူတစ်ဦးပြောသည်။

နိုဝင်ဘာ ၂၉ ရက်က လူနှစ်ဦးသေဆုံးစေသည့် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကချင်ရိုးရာမနောကွင်းရှိရာ ရှတာပရူရပ်ကွက်တွင်လည်း နယ်မြေမှူး၊ ဆယ်အိမ်မှူးများက ညနေ ၅ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရန် အိမ်တိုင်း လိုက်လံသတိပေးပြောဆိုလာသည်ဟု ဆိုသည်။

“ပြီးတော့မနက်ဖြန်အစည်းအဝေးထပ်ခေါ်တယ်။  အိမ်ထောင်စု မိတ္တူလေး ၄ ခု ယူလာဖို့ပြောတယ်။”
ထို့အပြင် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များတွင် ဧည့်စာရင်းစစ်ဆေးမှု အာဏာပိုင်များက အထူးကြပ်မတ် ဆောင်ရွက်လာသည်ဟု ဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်က မြန်မာအစိုးရတပ်၏ လက်နက်ကြီးကျည်ကြောင့် ၁ ဦးသေ ဆုံးကာ ၆ ဦးဒဏ်ရာရရှိသည့် တာလောကြီးကျေးရွာတွင် မြန်မာအစိုးရတပ်နှင့် KIO ကြား တိုက်ပွဲစိပ်လာသဖြင့် စာသင်ကျောင်းများ ပိတ်ထားသည်ဟု ထိုဒေသမှ ဆရာမတစ်ဦးပြောသည်။

တာလောကြီးကျေးရွာအုပ်စုတွင် အထက်တန်းကျောင်းတစ်ခု၊ အလယ်တန်းကျောင်းတစ်ခု၊ မူလတန်လွန်းနှင့် မူလတန်းကျောင်းများရှိသည်ဟု သိရသည်။

မြစ်ကြီးနားမှ တောင်ဘက်သို့ ဧရာဝတီမြစ်အတိုင်း စက်လှေဖြင့် ၃ နာရီကြာ စုန်ဆင်းလျှင် မြစ်ကျိုးအင်းအရှေ့ဘက်ကမ်းက တာလောကြီးသို့ရောက်သည်။

အရပ်ဝတ်လဲအစိုးရတက်လာပြီးနောက် ဇွန် ၉ ရက်မှ စကာ မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြားတိုက်ပွဲများဖြစ်ပွားနေရာ ယခုအခါ ၅ လကျော် ကြာလာပြီဖြစ်သည်။

လတ်တလော နိုဝင်ဘာလ ၂၉ ရက်က တရုတ်နိုင်ငံရွှေလီမြို့တွင် မြန်မာအစိုးရနှင့် KIO ကြားတွေ့ဆုံခဲ့သော်လည်း အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသေးပါ။

ကချင်ပြည်နယ်၏မြို့ကြီးများနှင့် တရုတ်နယ်စပ်တစ်လျှောက် စစ်ပွဲကြောင့် အိုးအိမ်စွန့်ထွက်ပြေးကြသူများ ၃၂၀၀၀ ကျော်ပြီဖြစ်သည်ကို အကူအညီပေးနေသည့်အဖွဲ့အစည်းများ၏စာရင်းများက ဖော်ပြနေသည်။
post by KNG
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"