ထိပ်ဆုံး သတင်း :
Home » » လက်​တွေ့​နိုင်ငံ​ရေး​နှင့်​ မြန်မာပြည်​နွေဦး

လက်​တွေ့​နိုင်ငံ​ရေး​နှင့်​ မြန်မာပြည်​နွေဦး

12/03/2011 06:50:00 PMတွင်ရေးသည်

(ဘာ​တေး​လစ်တနာ (Bertil Lintner) ၏ Realpolitik and the Myanmar Spring ​ဆောင်း​ပါး​ကို ​နေသွင် ဘာသာပြန်သည်​။)

ဟီ​လာ​ရီ​က​လင်​တန်​နှင့်​​ ဦး​သိန်း​စိန်
အ​ မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟယ်လာရီကလင်တန်ရဲ့​ မြန်မာပြည်ခရီး​စဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံ​ရေး​ အဆင်မ​ပြေမှု​တွေကို ​ကျော်လွှား​၊​ အ​ရှေ့​တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့​ မြန်မာပြည်လည်း​ နှစ်​ပေါင်း​ ၂၀ ​လောက် အထီး​ကျန် အပယ်ခံဘဝ​နေ လွှတ်​မြောက်၊​ နိုင်ငံတကာ အသိုင်း​အဝန်း​နဲ့​ ပြန်လည်​ပေါင်း​စည်း​ခြင်း​ရဲ့​ အမှတ်လက္ခဏာအဖြစ် ကြိုဆိုပြုကြပါတယ်၊
အ​နောက်မီဒီယာ ​တွေရဲ့​ သမာရိုး​ကျစဉ်း​စား​ချက်အတိုင်း​ဆိုရင် ၂၀၁၀ နိုဝင်ဘာလက ကျင်း​ပခဲ့​တဲ့​ ​ရွေး​ကောက်ပွဲဟာ ကလိန်ကကျစ်နဲ့​ အပြစ်အနာ​တွေ ရှိ​ကောင်း​ရှိမယ်။ ဒါ​ပေမယ့်​ ထူး​ခြား​တဲ့​ ​ပေါ်လစီ အ​ပြောင်း​အလဲ​တွေ၊​ ​ခြေလှမ်း​သစ်​တွေကို လှမ်း​ဖို့​ ​ရှေ့​ရူ့​သွား​လိမ့်​မယ်၊​ ဒီလို ယူဆကြပါတယ်၊​ သမတအသစ် ဦး​သိန်း​စိန်ကိုလည်း​ သူရဲ့​ တခါး​ဖွင့်​ပေါ်လစီနဲ့​ (တချို့​) ဒီမိုက​ရေစီ တန်ဖိုး​တွေ အ​ပေါ်​လေး​စား​ကြောင်း​ပြသတဲ့​ ရဲဝံ့​သ​ယောင်​ယောင် ​ခြေလှမ်း​တွေ​ကြောင့်​ မြန်မာပြည်ရဲ့​ ဂိုဘာ့​ချော့​လို့​ တချို့​က ​ခေါ်ကြပါတယ်၊

ဒေါ်​အောင်​ဆန်း​စု​ကြည်​နှင့်​​ ဦး​သိန်း​စိန်
ဦး​သိန်း​ စိန်ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​တွေ့​ဆုံစကား​ပြောပါတယ်၊​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ပါတယ်၊​ မီဒီယာဆင်ဆာ​တွေကို ​ဖြေ​လျှော့​ပေး​တယ်၊​ အကျိုး​ဆက်အ​နေနဲ့​ ကလင်တန်က “မြန်မာပြည်ကို သွား​ဖို့​ အချိန်အခါသင့်​ပဲ၊​ ​နောက်ထပ် ပြုပြင်​ပြောင်း​လဲမှု​တွေဖြစ်​အောင် သွား​ပြီး​ တွန်း​အား​ပေး​ရမယ်” လို့​ဆိုပါတယ်၊
ဒါ​ပေမယ့်​ ကလင်တန်ရဲ့​ ခရီး​စဉ်မှာ မြန်မာပြည်က မရဲတရဲ လှမ်း​နေတဲ့​ လူ့​အခွင့်​အ​ရေး​နှင့်​ ဒီမိုက​ရေစီ ကိစ္စအပြင်၊​ တရုတ်-မြန်မာဆက်ဆံ​ရေး​၊​ မြန်မာ-​မြောက်ကိုရီး​ယား​ဆက်ဆံ​ရေး​ ကိစ္စတို့​နဲ့​လည်း​ ပတ်သက်​နေပါတယ်၊
အမှန်က တရုတ်မှာ သူရဲ့​ ရည်မှန်း​ချက်ကို အစိုး​ရအာ​ဘော် ​ဘေဂျင်း​ရီဗျူး​မဂဇင်း​မှာ ၁၉၈၅ ခုနှစ် စက်တင်ဘာလကတည်း​က ​ဖော်ပြခဲ့​ပါတယ်။ အ​နောက်​တောင်ပိုင်း​သို့​ လမ်း​ဖွင့်​ခြင်း​- ကျွမ်း​ကျင်သူရဲ့​ အမြင် Opening to the Southwest: An Expert Opinion,” ဆိုတဲ့​ ​ဆောင်း​ပါး​ပါ၊​ (စာ​ရေး​သူက ပန်း​ ကျိ ဆိုတဲ့​ အရုတ် ဆက်သွယ်​ရေး​ ဒုဝန်ကြီး​ဟောင်း​ဖြစ်ပါတယ်။ သူက ဖြစ်နိုင်​ခြေ​တွေကို အခုလို တွက်ပြပါတယ်၊​ ကုန်း​တွင်း​ပိတ်ပြီး​ ပင်လယ်ထွက်​ပေါက်မရှိဖြစ်​နေတဲ့​ ယူနန်ပြည်နယ်၊​ စီချွမ် ပြည်နယ်​တွေရဲ့​ အိန္ဒိယသမုဒရာထွက်​ပေါက်ဟာ မြန်မာပြည်ဖြစ်တယ်၊​ မြန်မာပြည်ရဲ့​ မီး​ရထား​လမ်း​ဆုံး​ ဖြစ်တဲ့​ ​မြောက်ပိုင်း​နှင့်​ မြစ်ကြီး​နား​နဲ့​ အ​ရှေ့​မြောက်ပိုင်း​က လား​ရိုး​၊​ ​နောက် ဧရာဝတီမြစ်ကြီး​ဟာ တရုတ်ပို့​ကုန်​တွေအတွက် ဆက်သွယ်​ရေး​လမ်း​ကြောင်း​ဖြစ်တယ်၊​ စသဖြင့်​ ​ဖော်ပြခဲ့​ပါတယ်၊​ အဲဒီ​ဆောင်း​ပါး​ဟာ တရုတ်ရဲ့​ မြန်မာပြည်ဆိုင်ရာ ​ပေါ်လစီကို အ​စောဆုံး​ဖော်ပြတာဖြစ်ပြီး​၊​ မြန်မာပြည်ဟာ တရုတ်အတွက် စီး​ပွား​ရေး​အရ ဘယ်​လောက်အ​ရေး​ကြီး​သလဲဆိုတာကိုလည်း​ ​ဖော်ပြခဲ့​ပါတယ်၊
အဲဒီအချိန်ကစလို့ ​ တရုတ်အစိုး​ရဟာ မြန်မာပြည်ကွန်မြူနစ်ပါတီအပါအဝင်၊​ အစိုး​ရကို ​တော်လှန် ပုန်ကန်တဲ့​ သူပုန်အုပ်စု​တွေကို ​ထောက်ပံ့​ပေး​ခဲ့​ပါတယ်၊​ ၁၉၇၆ ခုနှစ်မှာ တရုတ်​ခေါင်း​ဆောင်ကြီး​ ​မော်စီတုန်း​ ကွယ်လွန်ပြီး​ တိန်​ရှောင်ပိန် တက်လာတဲ့​အခါမှာ​တော့​ တရုတ်ရဲ့​ နိုင်ငံခြား​ရေး​ပေါ်လစီဟာ သူပုန်​တွေကို ​ထောက်ပံ့​ရာက​နေ ကုန်သွယ်​ရေး​မြှင့်​တင့်​ရေး​ဘက်ကို ​ခေါင်း​လှည့်​သွား​ပါတယ်၊
တရုတ်နှင့်​ မြန်မာ အ​စောဆုံး​ ကုန်သွယ်​ရေး​စာချုပ်က​တော့​ ၁၉၈၈ ခုနှစ် ဩဂုတ်လမှာ လက်မှတ် ထိုး​ပါတယ်၊​ ၁၉၈၈ လူထုအုံကြွမှု​တွေ အ​ပေါ်​ပေါက်ခင် ရက်ပိုင်း​လောက်ပဲ ​စောပါတယ်၊​ လူထုလှုပ်ရှား​မှု​တွေကို စစ်တပ်က နှိမ်နင်း​ပြီး​တဲ့​အခါမှာ ဒဏ်ခတ်ပိတ်ဆို့​မှု​တွေ ရှိလာပါတယ်၊​ အဲဒီအချိန်မှာ တရုတ်ကလည်း​ မြန်မာပြည်ရဲ့​ အ​ရေး​ကြီး​တဲ့​ အဓိက ကုန်သွယ်ဖက် နိုင်ငံဘဝကို အလျင်အမြန်နဲ့​ ​ရောက်သွား​ပါတယ်။ နိုင်ငံရဲ့​ အ​ခြေခံအ​ဆောက်အအုံ​တွေကို ​ခေတ်မှီ​အောင် တည်​ဆောက်တဲ့​နေရာမှာ တရုတ်က အကူအညီ​ပေး​ခဲ့​ပါတယ်၊​ မြန်မာစစ်တပ်ကို စစ်လက်နက်​တွေကို အ​မြောက်အမြား​ထောက်ပံ့​ခဲ့​ပါတယ်။ ၁၉၈၈ ခုနှစ် အ​ရေး​အခင်း​အပြီး​ ဆယ်နှစ်တခုအတွင်း​မှာ တရုတ်က မြန်မာပြည်ကို တင်ပို့​တဲ့​ စစ်လက်နက်တန်ဖိုး​ဟာ အ​မေရိကန်​ဒေါ်လာ ၁ဒသမ၄ ဘီလီယံရှိပါတယ်​။
အိန္ဒိယသမုဒရာထဲက မြန်မာ​ရေတပ်ကိုလည်း​ ​ခေတ်မှီ​အောင် တရုတ်က အကူအညီ​တွေ ​ပေး​ခဲ့​ပါတယ်။
နောက်ပိုင်း​ မှာတရုတ်နှင့်​ မြန်မာကြား​မှာ အ​ပေး​အယူကိစ္စ​တွေ တ​လှေကြီး​ပေါ်​ပေါက်ခဲ့​ပါတယ်၊​ ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ​တော့​ တရုတ်နှင့်​ မြန်မာတို့​ အ​မေရိကန်​ဒေါ်လာ ၁ဒသမ ၅ဘီလီယံကုန်ကျမယ့်​ ​ရေနံပိုက်လိုင်း​၊​ ၁ဒသမ ၀၄ ဘီလီယံကုန်ကျမယ့်​ ဓာတ်​ငွေပိုက်လိုင်း​တည်ဆာက်​ရေး​အတွက် သ​ဘောတူခဲ့​ကြပါတယ်၊​ ၂၀၀၉ ခုနှစ် မတ်လမှာ သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​တည်​ဆောက်​ရေး​အတွက် သ​ဘောတူခဲ့​သလို၊​ ၂၀၀၉ ခုနှစ် ဇွန်လမှာ ​ရေနံစိမ်း​ပိုက်လိုင်း​တည်​ဆောက်​ရေး​အတွက် သ​ဘောတူ ခဲ့​ပါတယ်။
၂၀၀၉ ခုနှစ် ​အောက်တိုဘာ ၃၁ ရက်​နေ့​မှာ မြန်မာပြည်အ​နောက်ဘက် ကမ်း​ခြေ မ​ဒေး​ကျွန်း​က ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေ စတင်ပါတယ်၊​ ဘင်္ဂလား​ပင်လယ်​အော်က​နေ တရုတ်ပြည် ယူနန်ပြည်နယ်က ကူမင်း​ကို ဆက်သွယ်တဲ့​ ဓာတ်​ငွေ့​ပိုက်လိုင်း​ဟာ တရုတ်သ​င်္ဘော​တွေ အ​ရှေ့​အလယ်ပိုင်း​က ​လောင်စာ​တွေကို မလက္ကာ ​ရေလက်ကြား​ကိုပတ်ပြီး​ သယ်ရတဲ့​ ကိစ္စကို အစား​ထိုး​နိုင်ဖို့​ ရည်ရွယ်ပါတယ်၊​ တခါ မနှစ် စက်တင်ဘာလမှာ တရုတ်က မြန်မာပြည်ကို အနှစ် ၃၀ အတိုး​မဲ့​ချေး​ငွေ အ​မေရိကန်​ဒေါ်လာ ၄ဒသမ၂ ဘီလီယံထုတ်​ချေး​ပေး​ဖို့​ သ​ဘောတူခဲ့​ပါတယ်၊
အ​ နောက်နိုင်ငံ​တွေရဲ့​ စီး​ပွား​ရေး​ဒဏ်ခတ်ပိတ်ဆို့​မှု​ကြောင့်​ မြန်မာပြည်မှာ စီး​ပွား​ရေး​အရ ဘာမှ မထိခိုက်ပါဘူး​၊​ ဒါ​ပေမယ့်​ မဟာဗျူဟာအရ​တော့​ တချို့​ ​လေ့​လာသူ​တွေဆိုသလို မြန်မာပြည်ကို တရုတ်လက်ထဲ ဝကွက်အပ်သလို ဖြစ်သွား​ပါတယ်၊​ တရုတ်အတွက် သူတို့​ နဂိုအစီအစဉ်​တွေကို အလွယ်တကူ အ​ကောင်အထည်​ဖော်လို့​ ရသွား​တဲ့​ သ​ဘောဖြစ်ပါတယ်၊​ အပြန်အလှန်အ​နေနဲ့​ အ​နောက် နိုင်ငံ​တွေကလည်း​ သူတို့​ရဲ့​ မြန်မာပြည်ဆိုင်ရာ​ပေါ်လစီကို ပြန်စဉ်း​စား​ဖို့​ ဖြစ်လာပါတယ်၊
ဒီလိုနဲ့​ ၂၀၀၀ ပြည့်​လွန်နှစ်​တွေမှာ မြန်မာနဲ့​ ​မြောက်ကိုရီး​ယား​ မဟာဗျူဟာ​မြောက် ဆက်ဆံ​ရေး​ ထူ​ထောင်တဲ့​ အခါမှာ​တော့​ အ​မေရိကန်အစိုး​ရအတွက် သတိ​ပေး​သလိုဖြစ်သွား​ပါတယ်၊​ ​မြောက်ကိုရီယား​က ​မြေ​အောက်လိုင်​ခေါင်း​နည်း​ပညာ၊​ အကြီး​စား​ လက်နက်​တွေ၊​ ​ရေဒါနဲ့​ ​လေ​ကြောင်း​ ကာကွယ်​ရေး​စနစ်​တွေကို အကူအညီ​ပေး​နေတယ်ဆိုပြီး​ အ​နောက်နဲ့​ အာရှ ​ထောက်လှမ်း​ရေး​ အဖွဲ့​တွေက စွပ်စွဲခဲ့​ကြပါတယ်။
ဒီလိုနဲ့​ မြန်မာအစိုး​ရနဲ့​ ထိ​တွေ့​ဆက်ဆံ​ရေး​လုပ်မှ ဖြစ်​တော့​မယ်ဆိုတဲ့​ အ​ခြေအ​နေကို ​ရောက်ခဲ့​ပြီး​ လက်​တွေ့​လည်း​ ဖြစ်လာခဲ့​ပါတယ်၊
ဒီအ​ခြေအ​ နေမှာ မြန်မာပြည်က ၂၀၁၀ ​ရွေး​ကောက်ပွဲဟာ ဘယ်​လောက်ပဲ မရိုး​သား​ဘူး​လို့​ပဲ ဆိုဆို၊​ အ​မေရိကန်အစိုး​ရရဲ့​ လိုအပ်ချက်နဲ့​ ကိုက်သွား​ပါတယ်၊​ စစ်အစိုး​ရအုပ်ချုပ်​ရေး​က​နေ၊​ ဖွဲ့​စည်း​ပုံနဲ့​ အုပ်ချုပ်တဲ့​ ပုံစံ။ မျက်နှာစာသစ်ဖြစ်လာပါတယ်၊​ မြန်မာဗိုလ်ချုပ်​တွေအတွက်လည်း​ အ​နောက်ကို စည်း​ရုံး​ရေး​စစ်ဆင်ဖို့​ အ​ကောင်း​ဆုံး​အချိန်ဖြစ်သွား​ပါတယ်၊​ အ​မေရိကန်နှင့်​ အ​နောက်နိုင်ငံ​တွေက တရုတ်နှင့်​ ​မြောက်ကိုရီး​ယား​လက်ထဲက​နေ ဆွဲထုတ်နိုင်ဖို့​ ဆက်ဆံ​ရေး​မ​ပြေလည်တာ​တွေကို စတင် ​ဖြေ​လျှော့​လာပါတယ်၊
မြန်မာပြည်ကို မလာခင်မှာ အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ကလင်တန်ရဲ့​ ​တောင်ကိုရီယား​ခရီး​စဉ်ကို တိုက်ဆိုင်မှုသက်သက်လို့​ ​ပြောဖို့​ ခက်ပါတယ်၊​ မြန်မာကို ​မြောက်ကိုရီယား​နှင့်​ စစ်​ရေး​ပူး​ပေါင်း​ ​ဆောင်ရွက်မှု​တွေကို မလုပ်ဖို့​ အ​မေရိကန်က ​တောင်ကိုရီယား​က တဆင့်​ စည်း​ရုံး​ခိုင်း​ခဲ့​တယ်ဆိုတဲ့​ သတင်း​ကို လုံခြုံ​ရေး​အဝန်း​အဝိုင်း​ကြား​မှာ လွန်ခဲ့​တဲ့​တနှစ်​ကျော်​ကျော်ကတည်း​ သိခဲ့​ကြပါတယ်။
အချိန်တည်း​ လောက်မှာပဲ အမျိုး​သား​ရေး​စိတ်ဓာတ်ခိုင်မာတဲ့​ မြန်မာစစ်တပ်အရာရှိတချို့​ကလည်း​ တရုတ်အ​ပေါ် အလွန်အကျွံမှီခို​နေရတဲ့​အ​ပေါ်မှာ၊​ တရုတ်လူမျိုး​တွေ မြန်မာပြည်​မြောက်ပိုင်း​ကို အထိန်း​အချုပ်မရှိဝင်​ရောက်လာတဲ့​အ​ပေါ်မှာ မ​ကျေမနပ်ဖြစ်ခဲ့​ကြပါတယ်။
ပထမဆုံး​ အဖြစ်အပျက်က ၂၀၀၄ ခုနှစ် ​အောက်တိုဘာလမှာ ​ထောက်လှမ်း​ရေး​အကြီး​အကဲနှင့်​ ဝန်ကြီး​ချုပ် ခင်ညွန်ကို ရာထူး​က ဖြုတ်လိုက်တဲ့​ ကိစ္စပါ၊​ ဒီသတင်း​ကို တရုတ်​တွေကအစမှာ မယုံနိုင်​အောင် ဖြစ်ရပါတယ်။ တရုတ်နဲ့​ ဆက်ဆံ​ရေး​မှာ အ​ရေး​ပါအရာ​ရောက်တဲ့​ သူကို ဖြုတ်လိုက်တယ်ဆိုတာ မဖြစ်နိုင်ဘူး​လို့​ တရုတ်​တွေက ​တွေး​ထင်ခဲ့​ကြပါတယ်။
ဒီကိစ္စမှာ​ တော့​ နှစ်ဘက်က အဆင်​ပြေ​ပြေပြန်ညှိနိုင်ပြီး​ ပုံမှန်ဆက်ဆံ​ရေး​ကို ပြန်လည် တည်​ဆောက် နိုင်ခဲ့​ပါတယ်၊​ ဒီလိုနဲ့​ ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်တပ်က အ​ရှေ့​မြောက်က ကိုး​ကန့်​ဒေသကို တိုက်ခိုက်ခဲ့​တဲ့​ အခါမှာ ​ဒေသခံ​တွေ၊​ တရုတ်နိုင်ငံသား​တွေ၊​ တရုတ်မျိုး​နွယ်စု​တွေ ၃ ​သောင်း​လောက် တရုတ်နိုင်ငံဘက် အခြမ်း​ကို ပြန်​ပြေး​ခဲ့​ရပါတယ်။
ဒါ​ တောင်တရုတ်က မမှတ်​သေး​ပါဘူး​၊​ ဒီလိုနဲ့​ စက်တင်ဘာ ၃၀ ရက်​နေ့​ကို​ရောက်လာပါတယ်။ သမတဦး​သိန်း​စိန်က တရုတ်က တည်​ဆောက်​နေတဲ့​ အ​မေရိကန်​ဒေါ်လာ ၃ဒသမ၆ ဘီလီယံ ကုန်ကျမယ့်​ ​ရေအား​လျှပ်စစ်စီမံကိန်း​ကို ရပ်ဆိုင်း​ဖို့​ ​ကြေညာလိုက်ပါတယ်၊​ အဲဒီ​ရေကာတာ​ကြောင့်​ စင်ကာပူနိုင်ငံ​လောက် ​ရေလွှမ်း​ဖို့​ ရှိပီး​၊​ လျှပ်စစ်ရဲ့​ ၉၀ ရာခိုင်နှုန်း​ကို​တော့​ တရုတ်ပြည် တင်ပို့​ဖို့​ ရည်ရွယ်ခဲ့​ပါတယ်၊​ တရုတ်ဘက်က​တော့​ ဒီကိစ္စနဲ့​ပက်သက်လို့​ စာချုပ်ကို ချိုး​ဖောက်တဲ့​အတွက် တရား​စွဲမယ်လို့​ ခြိမ်း​ခြောက်​နေပါတယ်၊
ဒါက တရုတ်မြန်မာဆက်ဆံ​ရေး​ ပျက်ယွင်း​နေမှုအ​ပေါ် ​နောက်ဆုံး​တင်လိုက်တဲ့​ ​ကောက်ရိုး​မျှင်လို့​ပဲ ဆိုရမှာပါ။ ​သေချာတာက​တော့​ တရုတ်မြန်မာဆက်ဆံ​ရေး​ဟာ အရင်အ​ခြေအ​နေကို ဘယ်​တော့​မှ ပြန်မ​ရောက်နိုင်​တော့​ဘူး​ဆိုတာပါပဲ။
တရုတ်နဲ့​ ဆက်ဆံ​ရေး​မ​ပြေလည်တဲ့​အခါမှာ မြန်မာက အာဆီယံဘက်ကို လှည့်​လာပါတယ်။ ၂၀၁၄ မှာ မြန်မာက အာဆီယံ ဥက္ကဌ တာဝန်ယူဖို့​က ရှိပါတယ်၊​ ​နောက်ထူး​ခြား​ချက်တခုက​တော့​ စစ်ဦး​စီချုပ် ဗိုလ်ချုပ်မင်း​အောင်လှိုင်ရဲ့​ ဗီယက်နမ်ခရီး​စဉ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်မင်း​အောင်လှိုင်ဟာ သူ့​ရဲ့​ ပထမဆုံး​ခရီး​စဉ်အဖြစ် တရုတ်ပြည်ကို မသွား​ဘဲ၊​ တရုတ်နဲ့​ အစဉ်အလာ ရန်ဘက်လိုဖြစ်​နေတဲ့​ ဗီယက်နမ်ကို နိုဝင်ဘာလလယ်မှာ သွား​ရောက်ခဲ့​ပါတယ်။ မြန်မာနဲ့​ ဗီယက်နမ်မှာ တူတဲ့​အချက်က အိမ်နီး​ချင်း​ တရုတ်ကို စိုး​ရိမ်​နေကြတဲ့​အချက်ပါပဲ၊
ဒီလို မဟာဗျူဟာ​တွေ ​နေ့​ချင်း​ညချင်း​ပြောင်း​ခဲ့​တာ​တော့​မဟုတ်ပါဘူး​။ ဗိုလ်ချုပ်ခင်ညွန့်​ကို ဖြုတ်လိုက်တဲ့​နှစ်မှာပဲ ဒီအက်စ်​အေက ဒုဗိုလ်မှူး​ကြီး​ ​အောင်​ကျော်လှရဲ့​ ထိပ်တန်း​လျှို့​ဝှက် စာတမ်း​ တ​စောင်ထွက်ခဲ့​ပါတယ်၊​ မြန်မာအ​မေရိကန်ဆက်ဆံ​ရေး​ စာတမ်း​မှာပါတဲ့​အချက်​တွေဟာ အခု မြန်မာအစိုး​ရက အ​ကောင်အထည်​ဖော်​နေတဲ့​ တရုတ်နဲ့​ ခွာပြီး​၊​ အ​မေရိကန်နဲ့​ ဆက်ဆံ​ရေး​ ပြန် တည်​ဆောက်​ရေး​တွေ ဖြစ်လာတာပါပဲ။ မြန်မာအစိုး​ရအ​နေနဲ့​ အစိုး​ရအ​ဟောင်း​နေရာမှာ အများ​က ပြိုပီး​ လက်ခံနိုင်တဲ့​ အစိုး​ရသစ်တရပ်နဲ့​ အစား​ထိုး​မယ်ဆိုရင် – မြန်မာအစိုး​ရအ​နေနဲ့​ရော၊​ နိုင်ငံတကာ အသိုင်း​အဝိုင်း​အတွက်​ရော၊​ မူဝါဒသစ်​တွေ ချမှတ်ဖို့​ ပိုပြီး​ လွယ်ကူသွား​လိမ့်​မယ်လို့​ စာတမ်း​က ဆိုပါတယ်၊​ ။
အခုအ​ မေရိကန်နှင့်​ ဆက်ဆံ​ရေး​ တိုး​တက်​နေတာဟာ ၂၀၀၄ ခုနှစ်က ဒုဗိုလ်မှူး​ကြီး​ ​အောင်​ကျော်လှ ချပြခဲ့​တဲ့​ လမ်း​ကြောင်း​လို့​ ဆိုနိုင်ပါတယ်၊
အ​ မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ကလင်တန်ရဲ့​ မြန်မာပြည်ခရိး​မှာ ဒီမိုက​ရေစီနှင့်​ လူ့​အခွင့်​အ​ရေး​ကိစ္စ​တွေကို လူကြား​ကောင်း​အောင်​ပြောပြီး​၊​ တဖက်မှာ​တော့​ တရုတ်-မြန်မာဆက်ဆံ​ရေး​၊​ မြန်မာ-​မြောက်ကိုရီယား​ ဆက်ဆံ​ရေး​ကိစ္စ​တွေဟာ အ​ရေး​ကြီး​ကိစ္စအ​နေနဲ့​ ပါမယ်ဆိုတာ သံသယ သိပ်ဖြစ်စရာမရှိပါဘူး​။ နိုဝင်ဘာလက (ဩစ​တေး​လျနိုင်ငံ) ကန်ဘာရာ မှာ သမတ အိုဘာမား​က “ဒီ​ဒေသကို အလည်လာတဲ့​သ​ဘောက​တော့​ အ​မေရိကန်နိုင်ငံအ​နေနဲ့​ အာရှ ပစိဖတ်​ဒေသကို သံဓိဌာန်ခိုင်ခိုင်မာမာနဲ့​ ဝင်လာပြီဆိုတာကို ရှင်း​ရှင်း​လင်း​လင်း​ပြချင်လို့​” ဖြစ်တယ်လို့​ ​ပြောခဲ့​ပါတယ်၊​ “အ​မေရိကန်ဟာ ပစိဖိတ်​ဒေသရဲ့​ အင်အား​”ဖြစ်တယ်၊​ “ဒီအတိုင်း​ ဆက်ရှိ​နေမယ်”လို့​ ဆိုပါတယ်၊​ တချိန်တည်း​မှာအ​မေရိကန်က တရုတ်အ​ပေါ်ကို စိုး​ရိမ်မှုရှိတယ်၊​ အ​မေရိကန်က တရုတ်ကို ဝိုင်း​ပယ်ဖို့​လုပ်မယ်စတဲ့​ အယူအဆ​တွေဟာ တကယ်​တော့​ မှား​ယွင်း​တယ်လို့​လည်း​ အိုး​ဘား​မား​က ​ပြောခဲ့​ပါတယ်၊
တကယ်​တော့​ ဒီ​ပြောဆိုချက်ဟာ – မြစ်ဆုံ​ရေကာတာကို ပြည်သူ​တွေရဲ့​ သ​ဘောဆန္ဒအရ ဆိုင်း​ငံ့​ လိုက်ရပါတယ်ဆိုတဲ့​ သမတဦး​သိန်း​စိန်ရဲ့​ ​ပြောဆိုချက်မျိုး​ပဲဖြစ်ပါတယ်။ တရုတ်ကို လက်ခံယုံကြည် သွား​အောင် အာမခံတဲ့​ ​ပြောဆိုချက်မျှသာ ဖြစ်ပါတယ်၊
နောက်ဆုံး​ မှာ​တော့​ မြန်မာနှင့်​ အ​မေရိကန် ရန်သူ​တော်​ဟောင်း​တွေဟာ ​တောင်အာရှမှာ ဩဇာနှင့်​ အာဏာထူ​ထောင်ဖို့​ ကြိုး​ပမ်း​ရင်း​ တဖက်တည်း​သား​တွေ ဖြစ်သွား​ပါပြီ၊​ ဒါ​ကြောင့်​ တရုတ်မြန်မာ ဆက်ဆံ​ရေး​မှာ အကွဲအပြဲ​တွေလည်း​ ထွက်​ပေါ်လာမယ်လို့​ ​မျှော်လင့်​ရပါတယ်၊​ အ​မေရိကန်နှင့်​ အ​နောက်ကမ္ဘာခြမ်း​မှာလည်း​ မြန်မာဟာ အထီး​ကျန်အပယ်ခံ၊​ အ​ဝေဖန်ခံ​နေရတဲ့​ ဘဝက​နေ လွတ်​မြောက်သွား​ပါပီ၊
ဘာပဲဖြစ်​ နေဖြစ်​နေ၊​ ဒီဆက်ဆံ​ရေး​တွေက အဖုအထစ်​တွေအား​လုံး​ အဆင်​ချောဖို့​တော့​မ​မျှော်လင့်​ပါနဲ့​၊​ ဆယ်စု နှစ်​တွေချီဖြစ်ခဲ့​တဲ့​ ထိပ်တိုက်​တွေ့​မှု​တွေ၊​ အပြန်အလှန်သံသယ​တွေက​တော့​ ရှိ​နေပါတယ်၊​ အ​မေရိကန် အစိုး​ရရဲ့​ ဗီဇစိတ်ဖြစ်တဲ့​ လူ့​အခွင့်​အ​ရေး​နှင့်​ ဒီမိုက​ရေစီကိစ္စဟာ မြန်မာအစိုး​ရလို အာဏာကို တ​ရွေး​သား​မှ လက်မလွှတ်ချင်တဲ့​၊​ အစိုး​ရမျိုး​နဲ့​ ဆက်ဆံ​ရေး​မှာ ရှုပ်​ထွေး​မှု​တွေ ရှိမှာပါပဲ၊
နောက်ဆုံး​ တရုတ်နိုင်ငံကိစ္စပါ၊​ မြန်မာအစိုး​ရအ​နေနဲ့​ တရုတ်အ​ပေါ် မှီခို​နေရာတာကို မြန်မြန် အဆုံး​သတ် သွား​တာမျိုး​ကို လိုချင်မှာ​တော့​ ​သေချာပါတယ်၊​ ဒါ​ပေမယ့်​ ဆယ်စုနှစ်​တွေချီ ကြာ​ညောင်း​ ခဲ့​တဲ့​ ဆက်ဆံ​ရေး​က​နေ ရှိ​နေတဲ့​၊​ လုပ်လက်စ စီမံကိန်း​တွေက ရှိ​နေပါတယ်၊​ ဒါ​ကြောင့်​ မြန်မာနှင့်​ တရုတ် ဆက်ဆံ​ရေး​- မကြာခင်မှာအဆုံး​သတ်သွား​တော့​မယ်ဆိုတဲ့​ အ​ခြေအ​နေကို​တော့​ ​ရောက်လာဖို့​ မရှိ​သေး​ပါ​ကြောင်း​ပါ။
(Bertil Lintner ​ရေး​သည့်​ Realpolitik and the Myanmar Spring ​ဆောင်း​ပါး​ ​ကောက်နှုတ်ချက်ဖြစ်ပါသည်။ ​ဆောင်း​ပါး​ရှင်သည် မြန်မာပြည်အ​ကြောင်း​ စာအုပ်​ပေါင်း​စွာ ​ရေး​သား​ခဲ့​သူဖြစ်ပြီး​၊​ ဤ​ဆောင်း​ပါး​ကို ​ဖော်ရိန်း​ပေါ်လစီမဂ္ဂဇင်း​တွင် ​ဖော်ပြခဲ့​ပါသည်) 
post by DVB
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"