ထိပ်ဆုံး သတင်း :
Home » » စီးပွားရေးပိတ်ဆို့မှု ဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေး

စီးပွားရေးပိတ်ဆို့မှု ဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေး

12/03/2011 12:13:00 PMတွင်ရေးသည်

မြန်မာအစိုးရ အနေနဲ့ ရှေ့ဆက်ပြီး လုံလောက်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွားရင် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ စဉ်းစားမှာ ဖြစ်ပေမယ့် လောလောဆယ် ဆွေးနွေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။

AFP
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
မြန်မာနိုင်ငံက ပြန်လည် မထွက်ခွာခင် ရန်ကုန်မြို့က အမေရိကန် သံရုံးးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ဟီလာရီ ကလင်တန်က “အခုချိန်မှာ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းမယ့် ကိစ္စကို ဆွေးနွေးဖို့ ကျွန်မတို့ အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်မတို့က တိုက်တွန်း အားပေးမှုတွေလောက်ပဲ စလုပ်နေတာ တွေ့ရမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်ပေးတာ ကျွန်မတို့ မြင်ချင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးမှာ အားသွန်ခွန်စိုက် ဆောင်ရွက်တာကိုလည်း တွေ့ချင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်သတ်မှတ်ပေးတာလည်း ကျွန်မတို့ တွေ့ချင်ပါတယ်” လို့ ပြောကြားသွားပါတယ်။ မြန်မာအစိုးရ ဆောင်ရွက်ဖို့ သတ်မှတ်ထားချက်တွေ ရှိပြီး အဲဒါတွေကို အကောင်အထည် ဖော်စေလိုတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။ မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တိုင်း အတွက် အမေရိကန် အစိုးရဘက်ကလည်း ထပ်တူထပ်မျှ တစ်ဆင့်ချင်း တုံ့ပြန်သွားမယ်လို့လည်း ပြောပါတယ်။
post byျRFA
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"