ထိပ်ဆုံး သတင်း :
Home » » အစိုးရနဲ့ ကေအိုင်အို သဘောတူညီချက် ကုလသမဂ္ဂနဲ့ အမေရိကန်ကြိုဆို

အစိုးရနဲ့ ကေအိုင်အို သဘောတူညီချက် ကုလသမဂ္ဂနဲ့ အမေရိကန်ကြိုဆို

5/31/2013 11:36:00 PMတွင်ရေးသည်

 မြစ်ကြီးနားမြို့မှာ ၃ ရက်ကြာကျင်းပတဲ့ အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် နှစ်ဖက်ကိုယ်စားလှယ် များကို တွေ့ရစဉ်
အစိုးရနဲ့ ကေအိုင်အို သဘောမြန်မာအစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်တွေရရှိတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။

ဒီသဘောတူညီချက်တွေကနေ ကချင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေကို နှစ်ဘက်စလုံး က ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားနိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ ဘန်ကီမွန်း ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရကြား လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ (၇) ချက်ပါ သဘောတူညီချက်ဟာ ထူးခြားအရေး ပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အခြေခံကောင်းတစ်ရပ်အဖြစ် မစ္စတာ ဘန်ကီမွန်းက မှတ်ချက်ပြု ပြောဆိုကြောင်း သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ဒီအတောအတွင်း ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း ကေအိုင်အိုနဲ့ အစိုးရတို့ မြစ်ကြီးနားမြို့မှာ မေလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ အပြုသဘောဆွေးနွေးပွဲကို ကြိုဆိုလိုက်ပြီး၊ အဲဒီဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ သဘောတူညီချက် (၇)ချက်ကို အားရမိကြောင်း ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ ကချင်ပြည်နယ်နဲ့ တခြားသော ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပေးနေရသူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးကို စိုရိမ်ပူပန်ကြောင်း၊ သူတို့အတွက် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ တခြားအရေးကြီးအကူအညီတွေ ပေးအပ်နိုင်ရေးအတွက် သွားလာခွင့်ကို တားဆီးဟန့်တားခြင်းမပြုဖို့ တိုက်တွန်းလိုကြောင်းကိုလည်း အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။တူညီချက် ကုလသမဂ္ဂနဲ့ အမေရိကန်ကြိုဆို
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"