ထိပ်ဆုံး သတင်း :
Home » » မြန်မာ ကလေးငယ်တွေ အာဟာရဓာတ်ပြည့်ဝရေး ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

မြန်မာ ကလေးငယ်တွေ အာဟာရဓာတ်ပြည့်ဝရေး ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

6/17/2013 12:27:00 AMတွင်ရေးသည်


၂၀၁၃ ခုနှစ် ဇွန် ၁၆ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့နယ် အထက်တန်းကျောင်းတွင် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံစဉ်
Photo:RFA/Myo Zaw Ko


မြန်မာနိုင်ငံက ကလေးသူငယ်တွေမှာ အာဟာရဓာတ်ချို့တဲ့နေတာတွေ့နေရတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း၊ ကော့မှူး မြို့နယ် ပြည်သူ့ဆေးရုံကို တနင်္ဂနွေနေ့က သွားရောက် ခဲ့စဉ် အတွင်း၊ ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်ပြီး ကျန်းမာရေးပညာပေးအစီအစဉ်တွေ ဆောင်ရွက်ဖို့ ဆေးရုံတာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျွန်မတို့ကလေးတွေက အများကြီးချူချာတာပဲ၊ကြည့်လိုက်လို့ရှိရင် သေးသေးမျှင်မျှင် ဖြစ်နေတယ်။အဲဒါကတော့ အဓိက အဟာရနဲ့ သက်ဆိုင်တယ်လို့ ထင်တယ်။အဟာရနဲ့ ပက်သက်လို့ ကလေးမိဘတွေဘက်က တတ်နိုင်တဲ့ ဘယ်ဟာတွေကို ကျွေးသင့်တယ်ဆိုတာကို လုပ်သင့်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့ အခြေခံပညာ အထက်တန်းကျောင်းကိုလည်းသွားရောက်ပြီး ဆရာ၊ဆရာမတွေ တွေ့ကြုံနေရတဲ့အခက်အခဲ၊ ကျောင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေးစတာ တွေကို မေးမြန်းခဲ့သလို၊ ဆရာ၊ဆရာမတွေအတွက် မွမ်းမံ သင်တန်းတွေပေးရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည့်ရဲ့ကော့မှူးခရီးစဉ်ကို လိုက်ပါသွားခဲ့တဲ့ ရန်ကုန်တိုင်း အမှတ် (၁၀)မဲဆန္ဒနယ်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေကလည်း လက်ရှိမြန်မာနိုင်ငံရဲ့ပညာရေးစနစ်မှာ ဆောင်ပုဒ်တွေသာရှိပြီးတကယ်တမ်းလက်တွေ့ဖြစ်မလာဘူးလို့ ဆွေးနွေးခဲ့ပါတယ်။

"ပညာရေးဝန်ကြီး တစ်ယောက်ပြောင်းတိုင်း သင်ရိုးညွှန်တမ်းတွေ ပြောင်းတယ်။ကျောင်းသားတွေ ယုံကြည်မှုနည်းလာတယ်။ထိုနည်းလည်းကောင်းကျောင်းသားကနေ ဆရာဖြစ်လာတဲ့သူတွေလည်း ယုံကြည်မှုနည်းနေတယ်။ဆောင်ပုဒ်တွေလည်း အမျိုးမျိုး၊နှစ်သုံးဆယ် စီမံကိန်း၊ကျန်းမားကြံ့ခိုင်တဲ့ ပညာရေးစနစ် စပေးကတည်းက ကလေးတွေက ပိန်လှီကုန်တယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့ကိုမရောက်ခင် လှိုင်သာယာ-ဒလ-တွံတေး လမ်းမကြီး ပေါ်မှာရှိတဲ့ ဒိုင်းကြီးပင်ရွာ သစ်ပင်စိုက်ပျိုးပွဲမှာ ပါဝင် စိုက်ပျိုးခဲ့ပါတယ်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"