ထိပ်ဆုံး သတင်း :
Home » » RCSS/SSA နဲ့ UNODC မူးယစ်ဆေးပပျောက်ရေး ဆွေးနွေး

RCSS/SSA နဲ့ UNODC မူးယစ်ဆေးပပျောက်ရေး ဆွေးနွေး

6/14/2013 12:19:00 AMတွင်ရေးသည်

မြန်မာနိုင်ငံရဲ့ ဘိန်းအများဆုံး စိုက်ပျိုးထွက်ရှိတဲ့ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းသွားဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့နဲ့  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာ ( UNODC ) အဖွဲ့တို့ ဒီကနေ့ UNODC ရုံးမှာ တွေ့ ဆုံဆွေးနွေး ခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံမှုကနေ ရှမ်းပြည်နယ်အတွင်း မူယစ်ဆေးဝါးလျော့ချနိုင်ဖို့နဲ့ ဒေသခံတွေအတွက် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး စီမံကိန်းတွေ၊ ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို အသိပေးပြောကြားခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပထမဆုံး အကောင်အထည်ဖော်နိုင်ဖို့ ဒီကနေ့ဆွေးနွေးခဲ့ကြတယ်လို့ UNODC အဖွဲ့ရဲ့ မြန်မာနိုင်ငံတာဝန်ခံ မစ္စတာ ဂျေဆန်အီလိုင်းက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။
"အခုလောလောဆည် ကျွန်တော်တို့ ညှိနှိုင်းနေတာကတော့ ရှမ်းပြည်နယ်တောင်ပိုင်းကို အဓိက အာရုံစူးစိုက်ပြီး လုပ်ကိုင်သွားဖို့ ညှိနှိုင်းနေခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ညှိနှိုင်းနေတဲ့အထဲမှာ မိသားစု တစ်သိန်းလောက်ကို ဘယ်လိုလုပ်ဆောင်ပေးမလဲဆိုတာကို ရည်မှန်းချက်ထားပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်" လို့ စကားပြန်ကတဆင့် ပြောကြားခဲ့တာပါ။
ဘိန်းထွက်ရှိမှု အများဆုံးနိုင်ငံစာရင်းတွေထဲမှာ မြန်မာနိုင်ငံဟာ ဒုတိယနေရာမှာရှိနေပြီး ရှမ်းပြည်နယ်က ဘိန်းစိုက်ပျိုးမှုဟာ တစ်နိုင်ငံလုံး ဘိန်းစိုက်ပျိုးမှုရဲ့ ၉ဝ ရာခိုင်နှုန်းကျော်မှာ ရှိနေတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ RFA သတင်းထောက် မသူဇာ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"