ထိပ်ဆုံး သတင်း :
Home » » မလေးရှားနိုင်ငံ ဆလာရန်းအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ မလေးရှားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့

မလေးရှားနိုင်ငံ ဆလာရန်းအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ မလေးရှားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့

6/14/2013 06:37:00 PMတွင်ရေးသည်

ဆလာရန်း ဈေးဟောင်း၊ ဈေးသစ် အနီးဝန်းကျင်အား ဇွန် ၁၃ ရက်က တွေ့ရစဉ်
နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဇင်ယော် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁၃ ရက်က မလေးရှားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများနှင့် တွေ့ဆုံကာ ဆလာရန်း အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးရှိ ဆလာရန်းတွင် လူသေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူများကို အမြန်ဆုံး ဖော်ထုတ်ပေးသွားမည်ဟု နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့အား မလေးရှား တာဝန်ရှိသူများက ယင်းကဲ့သို့ တွေ့ဆုံစဉ်တွင် ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

''သူတို့ကတော့ တရားခံတွေကို အမြန်ဆုံး ဖော်ထုတ်ဖို့ လုပ်နေတယ်။ သူတို့တွေ့ရှိတာကတော့ ဆလာရန်းဈေးပေါ့။ ဈေးက ကုန်းစိမ်းတန်းကြီးလည်း ဖြစ်တယ်။ အနယ်အနယ် အရပ်ရပ်က လူတွေလည်း စုံတယ်ပေါ့။ နိုင်ငံပေါင်းစုံက လူတွေလည်းရှိတယ်။ စရိုက်ကြမ်းတမ်းတယ်။ အထူးသတိထား စောင့်ကြည့်နေရတဲ့ နယ်မြေဖြစ်တယ်။ မူးယစ်ဆေးဝါးမှုတွေလည်း ခဏခဏဖြစ်တယ်။ ဒီဟာကို စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ပြောပါတယ်'' ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က ဇွန်လ ၁၃ ရက် ည ပိုင်းက မလေးရှားနိုင်ငံ၌ The Daily Eleven သတင်းစာနှင့် သီးခြားတွေ့ဆုံစဉ် ပြောကြားပါသည်။

''အခုကိစ္စမှာ ဂိုဏ်းဂဏ အနေမျိုးနဲ့ ဖြစ်တာတွေ့ရတယ်။ တွေ့ရတဲ့အတွက် ဒီဟာတွေကို ခေါ်ယူပြီးမှ စောင့်ကြည့်တာတို့ သတိပေးတာတို့ ဖော်ထုတ်တာတို့ စုံစမ်းတာတို့ အတင်းအကြပ် လုပ်လိုက်တဲ့အခါမှာ အခု အနေအထားတွေက ရပ်ဆိုင်းသွားတယ်။ ဆက်လက်လည်း ဖော်ထုတ်စုံစမ်း ပေးသွားမယ်။ တရားဥပဒေကြောင်းအရ ကာကွယ်ပေးတာရော၊ တရားဥပဒေ နည်းလမ်းအရ အရေးယူ ဆောင်ရွက်တာရော ဖြစ်အောင်လုပ်ပေးမယ်လို့ ပြောလိုက်ပါတယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားပါသည်။

သူတို့တွေ့ရှိတာကတော့ ဆလာရန်းဈေးပေါ့။ ဈေးက ကုန်းစိမ်းတန်းကြီးလည်း ဖြစ်တယ်။ အနယ်အနယ် အရပ်ရပ်က လူတွေလည်း စုံတယ်ပေါ့။ နိုင်ငံပေါင်းစုံက လူတွေလည်းရှိတယ်။ စရိုက်ကြမ်းတမ်းတယ်။ အထူးသတိထား စောင့်ကြည့်နေရတဲ့ နယ်မြေဖြစ်တယ်။ မူးယစ်ဆေးဝါးမှုတွေလည်း ခဏခဏဖြစ်တယ်။ ဒီဟာကို စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ပြောပါတယ်...
ထို့အပြင် မလေးရှားနိုင်ငံ ဆလာရန်း ဈေးတွင် ဖြစ်ပေါ်ခဲ့သော ဗုဒ္ဓဘာသာဝင် မြန်မာအလုပ်သမားများကို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ၏ နောက်ကွယ်တွင် လှုံ့ဆော်ကြိုးကိုင်သူ ရှိသည်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

''ဘာလို့ ယူဆရလဲဆိုတော့ ဖြစ်စဉ်က ယခင်ကလည်း ဒီနယ်မြေမှာ ဖြစ်နေတယ်ပေါ့။ ယခင်ကလည်း ဒီနယ်မြေမှာ လူသတ်မှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ မူးယစ်ဆေးဝါးမှုတွေ ဖြစ်တယ်။ ဒီဖြစ်စဉ်ကျတော့ ရက်က စိပ်သွားတယ်။ ၃၀ ရက်က ဖြစ်တယ်။ ၃၁ ဖြစ်တယ်။ ၁ ရက်ဖြစ်တယ်။ ၂ ရက်ဖြစ်တယ်။ ၃ ရက်နေ့က ဖြစ်တယ်ပေါ့။ ဖြစ်တိုင်း ဖြစ်တိုင်းလည်း မြန်မာလူမျိုးတွေပေါ့။ မြန်မာနိုင်ငံကလာတဲ့ လူတွေပါဝင်ပတ်သက် နေတာပေါ့။ ထိခိုက်ဒဏ်ရာရတွေရော။ ဒါမျိုးတွေ့တဲ့အခါမှာ တစ်စုံတစ်ယောက်ရဲ့ လှုံ့ဆော်မှုမရှိဘဲနဲ့ ဒီဟာတွေက ဖြစ်မလာနိုင်ဘူး။ ဒါပေမဲ့ လှုံ့ဆော်မှုကြောင့် သက်သက် ထလုပ်တာမျိုး မဟုတ်ဘဲနဲ့ ယခင်ရန်ငြိုးရန်ကြွေး ဒါမျိုးအစအနတွေရှိတယ်။ စားကျက်လုတာတွေ ရှိတယ်။ ဂိုဏ်းဖွဲ့ပြီးမှ အနိုင်ကျင့်တာတွေရှိတယ်။

 ဒီလိုမျိုးနဲ့ ပေါင်းပြီးတော့မှ ဆောင်ရွက်လိုက်တယ်လို့ ယူဆမိပါတယ်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လို့ ဆိုလိုတာ မဟုတ်ဘူး။ အကြောင်းအရာကိစ္စ တစ်ခုကို သုံးသွားတယ်။ လိုချင်တဲ့ အရာတစ်ခုကို လုပ်သွားတယ်လို့ ယူဆတယ်'' ဟု ဦးဇင်ယော်က ဆက်လက်ပြောကြားပါသည်။
ဆလာရန်းဈေး ပတ်ဝန်းကျင်၌ မြန်မာလူမျိုးများ အကြမ်းဖက် တိုက်ခိုက်ခံရ၍ သေဆုံးဒဏ်ရာ ရရှိခဲ့ခြင်းမှာ ပထမဆုံးဖြစ်ပြီး နောက်နောင်တွင် ထိုကဲ့သို့ ထပ်မံမဖြစ်ပွားစေရန် တားဆီးလုပ်ဆောင်မည်ဟု မလေးရှား တာဝန်ရှိသူများက ကတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

မေလ ၃၀ ရက်နေ့မှာ ဇွန်လဆန်းပိုင်းအထိ ဖြစ်ပေါ်ခဲ့သော ဆလာရန်း အကြမ်းဖက်တိုက်ခိုက်မှုတွင် မြန်မာအလုပ်သမား ခြောက်ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဓားခုတ်ဒဏ်ရာများ ရရှိခဲ့ပါသည်။
မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား စုစုပေါင်း လေးသိန်းကျော်ရှိနေပြီး ဆာလာရန်း ဖြစ်စဉ်သည် အဆိုပါ ဒေသအတွင်း ၉၆၉ လှုပ်ရှားမှုမျာြး ဖစ်ပေါ်ခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း အကြမ်းဖက် တိုက်ခံခဲ့ရမှုကြောင့် ဆာလာရန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေသူ အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦး သေဆုံးသွားကြောင်း ဇွန် ၁၃ ရက်နေ့ထုတ် The Star သတင်းစာတွင် ဖော်ပြထားပါသည်။

နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဇင်ယော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၄ ရက်နေ့(ယနေ့)တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်သည်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"