ထိပ်ဆုံး သတင်း :
Home » » မြန်မာဒုက္ခသည်တွေကို ရွှေ့ပြောင်းပေးရေး မြန်မြန်လုပ်ဘို့ မလေးရှား တိုက်တွန်း

မြန်မာဒုက္ခသည်တွေကို ရွှေ့ပြောင်းပေးရေး မြန်မြန်လုပ်ဘို့ မလေးရှား တိုက်တွန်း

6/14/2013 10:00:00 PMတွင်ရေးသည်

မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကိုတတိယနိုင်ငံတွေမှာ ပြောင်းရွှေ့ အခြေချနိုင်အောင်အမြန်ဆုံး ဆောင်ရွက် ပေးစေချင်တယ်လို့ မလေးရှားအစိုးရက ပြောကြားလိုက်ပါတယ်။

 ဒုက္ခသည် အသိအမှတ်ပြု လက်မှတ်ရထားပြီး သူတွေကို ကုလသမဂ္ဂရဲ့ပြန်လည် နေရာချထားရေးအစီအစဉ်အရ တတိယနိုင်ငံကို မသွားရသေးခင်ကာလမှာ မလေးရှားနိုင်ငံက လက်ခံထားခဲ့ပြီးဖြစ်သလို၊ သူတို့ ကိစ္စကို အမြန်ဆုံး စီစဉ်ပေးဖို့ ကိုလဲဆောင်ရွက်ပေး စေချင်တယ်လို့  မလေးရှားနိုင်ငံ ပြည်ထဲရေးဌာန ဒုတိယဝန်ကြီး ဂျာဖားကပြောပါတယ်။

မြန်မာနိုင်ငံသား တချို့အသတ်ခံရတဲ့ကိစ္စတွေ ဒီလ အတွင်းဖြစ်ပေါ်ခဲ့တဲ့နောက် မလေးရှားဘက်က အခုလို အပူတပြင်း ထုတ်ပြောလာတာဖြစ်ပါတယ်။ အခု ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု ပြဿနာကို နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းဖို့ကိုလဲ မလေးရှားပြည်ထဲရေး ဝန်ကြီးနဲ့ မြန်မာ နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ အဖွဲ့ တွေ ရဲ့ ဆွေးနွေးပွဲကနေ သဘောတူခဲ့တယ်လို့  မလေးရှား ဒုတိယဝန်ကြီးကပြောပါတယ်။ မလေးရှား ရဲတပ်ဖွဲ့တွေက မြန်မာတွေ သွားလာ နေထိုင် လုပ်ကိုင်ရာ ဒေသတွေမှာ နောက်ထပ်ပြဿနာတွေ မပေါ်ပေါက်အောင် စောင့်ကြည့် သွားမယ်လို လဲ သူကပြောပါတယ်။

 မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့မတူညီတဲ့ ဘာသာဝင်တွေကြား ပဋိပက္ခကိုမူတည်ပြီး မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံက လူတွေကြားမှာ ပြသနာမဖန်တီးဖို့ ကိုလဲ ကွာလာလမ်ပူမြို့  ဒုတိယရဲချုပ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတိပေးထားပါတယ်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"