တောင်ပိုင်း ဝ တပ်ဖွဲ့ လှုပ်ရှားနယ်မြေ (Photo:SHAN)
သံလွင်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်း ဝ တပ်ဖွဲ့ နှင့် မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာလျှက်ရှိသောကြောင့် နှစ်ဘက်တပ်အပြိုင် အင်အားဖြည့်နေ ကြောင်းစုံစမ်းသိရှိရသည်။
“ဗမာစစ်တပ်က ပုံပါကျင်မှာ အခြေစိုက်တဲ့ နယ်ခြားစောင့်တပ် ၁၀ဝ၇ ကို ဘယ်မှ မပေးသွားတော့ ဘူး။ သူတို့တပ်မှာဘဲ နေခိုင်းတယ်။ စစ်ရေးလည်း အသင့်ပြင်ထားကြတယ်။ တောင်ပိုင်း ဝ တပ် ဖွဲ့တွေ လာပစ်မှာစိုးလို့တဲ့။ ဝ တပ်ဖွဲ့တွေ လှုပ်ရှားနေတာလည်း မတွေ့ရတော့ဘူး ” ဟု ပုံပါကျင် ဒေသခံတစ်ဦးက ပြောပါသည်။
ဂျွန် ၇ ရက် နောက်ဆုံးထား၍ တောင်ပိုင်း ဝ တပ်ဖွဲ့များ မြောက်ပိုင်းတို့ တပ်ရုပ်ပြန်ရန် အစိုးရတပ် က ရာဇသံပေးထားကြောင်း၊ သို့သော် ဂျွန်လ ၂ ရက်နေ့ တောင်ပိုင်းဝ အစည်းအဝေး ကျင်းပရာတွင် တပ်ရုပ် ပြန်ရေးကိစ္စ ဆွေးနွေးခြင်းလုံးဝမရှိခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရတပ် ရာဇသံ အတိုင်း ဝ တပ်ဖွဲ့မှ တပ်ရုပ်ပြန်ခြင်း မရှိသော ကြောင့် အစိုးရတပ်က သံချပ်ကာကား ၁၄ စီး လူအင်အားအပြည့် တင်ဆောင်သည့် စစ် ကားကြီး ၁၀ စီးကို တာချီလိတ်မြို့မှ (မိုင်းတုံ၊ မိုင်းဆတ်) မိုင်းတုမ်း မိုင်းကန်း ထိုမှ တောင်ပိုင်း ဝ ဌာနချုပ်ဘက် အင်အားဖြည့်ကြောင်း ဒေသအတွင်း သတင်းရပ်ကွက်က ဆိုသည်။
ဤကဲ့သို့ စစ်ရေး တင်းမာလာရခြင်းမှာ မြန်မာစစ်တပ် တပ်ရင်း ၃ ရင်းက တောင်ပိုင်း ဝ တပ်ဖွဲ့၏ ရာဘာ စိုက်ခင်းများအား မေလနှောင်းပိုင်းက သိမ်းပိုက်လိုက်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်သူများက ဆိုသည်။
“မြန်မာစစ်တပ်က ဝ တပ်ရဲ့ ရာဘာစိုက်ခင်းကြီးဆီကို အင်အားအလုံးအရင်းနဲ့ တိုးဝင်တယ်။ ဝ ဘက်က နောက်ဆုတ်ပေးလိုက်တော့ သေနတ် တချက်လေးမှ မဖောက်လိုက်ရဘဲ ရာဘာစိုက် ခင်းကြီးကို ဗမာတပ်က သိမ်းပိုက်လိုက်တယ်၊ အဲသလိုနောက်ပိုင်း ဝ က ထိုင်းနယ်စပ်တကြောလုံး မှာ အင်အားအသင့်ပြင်ဆင်နေရာယူထားနေတယ်အခု” ဟု ၄င်းက ဆက်ပြောပါသည်။
ရာဘာစိုက်ခင်းအတွက် ပုံပါကျင်မြို့နယ်ခွဲအားကိုးရသည့် နမ့်ခဲမ်ချောင်းအား ဝ တပ်ဖွဲ့မှ ဖြတ်ယူသွယ်တန်းရာ လူထုက သောက်သုံးရေမရှိသည့်အတွက် အာဏာပိုင် များ ထံတိုင်ကြားခဲ့ဖူးသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် တရုတ်နိုင်ငံမှ စစ်တိုက်ရဟတ်ယာဉ်များ တင့်ကား များ သံချပ်ကာကားများ ဝယ်ယူရရှိသည်ဟု သတင်းထွက်ပေါ်နေချိန် ဝ ခေါင်းဆောင်များက ဝ နယ်အား သျှမ်းပြည်နယ်မှ ခွဲထွက်ပြီး နေပြည်တော်လက်အောက်ခံ သီးသန့် ပြည်နယ်တည် ထောင်ခွင့်ပြုရန် ဆက်တိုက်တောင်းဆိုလာခဲ့သည်။
Cr=>>

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !