ထိပ်ဆုံး သတင်း :
Home » » ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံရတာ အံ့သြ၀မ်းသာရကြောင်း ဖိလစ်ပိုင် သမ္မတပြောကြား

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံရတာ အံ့သြ၀မ်းသာရကြောင်း ဖိလစ်ပိုင် သမ္မတပြောကြား

6/09/2013 10:50:00 PMတွင်ရေးသည်

ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင် ခေတ္တတွေ့ဆုံရချိန် လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရကြောင်း ဖိလစ်ပိုင် သမ္မတ ဘင်နီနို အကွီနိုက ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရတာဟာ သမိုင်းဝင် ပုဂ္ဂိုလ်တဦးနဲ့ တွေ့ရတာမျိုးဖြစ်သလို သူ့ကိုယ်ရေး ကိုယ်တာ အဖြစ်အပျက်တွေနဲ့လည်း ဆက်စပ်နေတဲ့အတွက်ဖြစ်တယ်လို့ သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ဖိလစ်ပိုင်သမ္မတက ပြောကြောင်း ဒီကနေ့ မနီလာမှာထုတ်ဝေတဲ့ The Philippine Daily Inquirer သတင်းစာက ရေးပါတယ်။
သူ့ဖခင် နီနွိုင်းအကွီနိုနဲ့ မိခင်ဖြစ်သူ ကိုရာဇန် အကွီနိုတို့ မတရားဖိနှိပ်မှုမျိုးတွေ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ နည်းတူ ဒေါ်အောင်ဆန်းစုကြည်လည်း ရင်ဆိုင်ခံစားခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ စကားပြောရတာကို အံ့သြ၀မ်းသာဖြစ်ခဲ့ရကြောင်းလည်း  ဖိလစ်ပိုင်သမ္မတက ၀န်ခံပြောကြားပါတယ်။
ဖိလစ်ပိုင်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတရဲ့ ဖခင်ဖြစ် နီနွိုင်း အကွီနိုဟာ အာဏာရှင် သမ္မတဟောင်း မားကို့စ်ကို ဆန့်ကျင်ပြီး ဖိလစ်ပိုင်မှာ ဒီမိုကရေစီစနစ်ပြန်ထွန်းကားဖို့ ကြိုးပမ်းရင်း ၁၉၈၃ မှာ လေဆိပ်မှာ လုပ်ကြံခံခဲ့ရ သူဖြစ်ပါတယ်။
မိခင် ကိုရာဇုန်အကွီနိုကတော့ ခင်ပွန်းဆုံးအပြီး ၁၉၈၆ မှာ စစ်တပ်ရဲ့ ထောက်ခံမှုနဲ့ ပြည်သူ့ အာဏာ ဆန္ဒပြပွဲကြောင့် သမ္မတဟောင်းမားကို့စ်ကို ဖြုတ်ချနိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဖိလစ်ပိုင် သမ္မတဖြစ်လာသလို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်ရေးကို ကွယ်လွန်တဲ့ အထိ ထောက်ခံတောင်းဆိုခဲ့သူ ဖြစ်ပါတယ်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"