ထိပ်ဆုံး သတင်း :
Home » » မုန်းဂိုးဒေသတွင် အစိုးရတပ်နှင့် KIA တပ်ပွဲဖြစ်

မုန်းဂိုးဒေသတွင် အစိုးရတပ်နှင့် KIA တပ်ပွဲဖြစ်

6/15/2013 06:33:00 AMတွင်ရေးသည်

ပန်ဆိုင်း (ကြူကုတ်) ရှေ့တန်းတနေရာမှာ မြင်ရတဲ့ မြန်မာစစ်သား ၂ ဦး (ယူနီဖုန်းနဲ့ အရပ်ဝတ်)

အဖွဲ့အတွင်း အစည်းအဝေးမှ ပြန်လာသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရာရှိအဖွဲ့ကို အစိုးရတပ်ဖွဲ့များ စောင့်ကြိုပစ်ခတ်ရာမှ ယနေ့ ရှမ်းပြည်မြောက်ပိုင်း မုန်းဂိုးဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် ဇွန်လ ၁၄ ယနေ့ မုန်ဂိုးဒေသ KIA တပ်ရင်း ၃၈ နယ်မြေ ဂေါန်ဆမ်ပါ (Gawn Sam Pa) နှင့် KIA တပ်ရင်း ၃၆ နယ်မြေ နမ်ဂွတ် (Nam Gut) ကျေးရွာအနီးတို့တွင် ဖြစ်ပွားခြင်းဖြစ်သည်။
တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ ဇွန်လ ၁၂ ရက်မှ ၁၃ ရက်ထိ မုန်ဂိုးဒေသမှ သက်ဆိုင်ရာ KIA အရာရှိများ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး ၎င်းမှ နေရာအသီးသီးသို့ ယနေ့ပြန်လာသော အပြန်လမ်းတွင် အစိုးရတပ်ဖွဲ့များ စောင့်ကြိုပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပန်ဆိုင်း (ကြူကုတ်) ဒေသ KIA ပြည်သူ့စစ် MHH (Mungshawa Hpyen Hpung) တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

“ကျနော်တို့အဖွဲ့တွေ ပြန်တဲ့အခါမှာ သူတို့စောင့်ပစ်တာ။ Gawn Sam Pa မှာတော့ ဒီမနက် ၉ နာရီခွဲမှာ ၂ ကြိမ်ဖြစ်တယ်။ ညနေပိုင်းတော့ နမ်ဂွတ်နဲ့ လွယ်လောမ့် ရွာတ၀ိုက်မှာ ၂ ကြိမ်ဖြစ်တယ်။ တစ်ခါဖြစ်ရင် ၁၅ မိနစ်လောက်ကြာတယ်။ အခုက ယိန်းဆိုင်(Ying Seng) နဲ့ ယိန်းလား (Ying La) တွေမှာ နေရာယူနေကြတယ်”
တိုက်ပွဲဖြစ်ပွားသော အစိုးရတပ်ဖွဲ့များသည် ခလရ ၁၂၅၊ ခလရ ၂၉၀ တို့ဖြစ်ပြီး တစ်နေရာတွင် အင်အား ၈၀ ခန့်ရှိကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များသည် မြစ်ကြီးနား ဆွေးနွေးမှုအပြီး နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချပြီး တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားရန်တို့ ပါသော အချက် ၇ ချက် သဘောတူညီလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် KIO သည် ဇွန်လ ၁၂ ရက်နေ့တွင် ၎င်းဆွေးနွေးပွဲတွင် ရရှိခဲ့သော သဘောတူညီချက်များကို အဆင့်ဆင့်အကောင်အထည်ဖေါ် ဆောင်ရွယ်သွားမည် ဟု ပါသော ကြေညာချက်တစ်ဆောင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။


ယခုချိန် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ မရှိသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေတို့တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"