ထိပ်ဆုံး သတင်း :
Home » » တေးသံရှင် သျှီရဲ့ ဖေ့စ်ဘုတ်လည်း အဟက်ခံရဖွယ်ရှိ

တေးသံရှင် သျှီရဲ့ ဖေ့စ်ဘုတ်လည်း အဟက်ခံရဖွယ်ရှိ

7/04/2013 12:26:00 PMတွင်ရေးသည်

အခုတလော ထင်ရှားတဲ့ အနုပညာရှင်တွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေ ဟက်ကာတွေ လက်ချက် မိနေတာမှာ အခုနောက်ဆုံးကတော့ တေးသံရှင် သျှီ ဖြစ်မယ် ထင်ပါတယ်။ 


 သျှီ၊ ဓာတ်ပုံ- သျှီရဲ့ ဖေ့စ်ဘုတ်

 သျှီဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နီးစပ်သူတဦးဖြစ်သလို NLD ပါတီလုပ်ငန်းတွေမှာလည်း အားတက်သရော လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။ 

လူမှုရေးလုပ်ငန်းတွေလက် တက်ကြွစွာ လုပ်ဆောင်နေသူ သျှီက သူ့ဖေ့စ်ဘုတ်အဟောင်းကနေ တချို့ မလိုလားအပ်တဲ့ ရေးသား ဖော်ပြမှုတွေနဲ့ပတ်သက်ပြီး သူ တင်ခဲ့တာ မဟုတ်ကြောင်းပြောထားပါတယ်။

သျှီက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသား အသိပေးထားပါတယ်။ အရင်တုန်းကတော့ သျှီ (https://www.facebook.com/pages/%E1%80%9E%E1%80%BD%E1%80%BA%E1%80%AE/605744686118427) အမည်နဲ့ ဖေ့စ်ဘုတ်ကို အသုံးပြုခဲ့ပေးမယ့် အခု အသုံးမပြုတော့ဘူးလို့ သျှီက သူ့ရဲ့ She Singer (https://www.facebook.com/SHEsinger) ဆိုတဲ့ အကောင့်က တဆင့် အသိပေးထားပါတယ်။
 
29.5.2013 ကတည်းက ... ဒီ post ကို တင် ခဲ့ ပါတယ် ... မိတ်ဆွေများ ပရိသတ်များ နားလည်မှုလွဲနိုင် ပါသဖြင့် ... ထပ် မံ အ သိ ပေး လိုက် ပါ တယ် ... "ကျမ ... သျှီ သည် ... မည်သည့် page မျှ ဖွင့်မထားပါ ..." She Singer ... account တစ်ခုတည်းသာ အသုံးပြုပါသည် ... မေတ္တာဖြင့် ... သျှီ 
** အသိပေးအပ်ပါသည် ***


"သျှီ " အမည်ဖြင့် ဖွင့်ခဲ့သော page အား ယခင် က အသုံးပြုခဲ့ပြီး ... ယခု မှစ၍ အသုံး မပြုတော့ ကြောင်း
ကြေငြာ အပ်ပါသည်...

28.5.13 နေ့တွင် တင်သော post များမှာ သျှီ တင်သော post များမဟုတ် ပါကြောင်း လေးစားစွာဖြင့် အသိပေး အပ်ပါ သည် ရှင့် ...

နောက်နောင် အသိပေးလိုသမျှ ကို အမြဲ သုံးစွဲသွားမည့် She Singer စာမျက်နှာမှသာ အသိပေး သွားမည် ဖြစ်ပါသည် ...

မည်သည့် အစွန်းရောက် အ ကြောင်းအရာကိုမျှ ပြောဆို ဆွေးနွေးမည် မဟုတ်ပါ ...

friend list အတွင်းမှ profile ပုံတင် မထားသော account များ နှင့် မလိုလားအပ်သော user များ အား unfriend လုပ်မည်ဖြစ်ပါ ကြောင်း ကြိုတင် အသိပေးအပ်ပါသည် ...

(ငြိမ်း ချမ်း လွတ် လပ် သော ရပ် ၀န်း တစ် ခု)ု

ကိုသာ တည်ဆောက်လိုပါသည် ...

(ရိုးသားပျော်ရွှင်သောဆက်ဆံရေးများသာ)

ဖန်တီးလိုပါသည် ...

(နူးညံ့သိမ်မွေ့သောအ ကြောင်းအရာများသာ)

ဆွေးနွေးလိုပါသည် ...

(ရဲရင့် တည်ကြည်သော အင် အားများသာ)

မျှဝေချင် ပါသည် ...

မေတ္တာဖြင့် ... သျှီ


လို့ သူ့ရဲ့ She Singer ဖေ့စ်ဘုတ်အကောင့်ကနေ အသိပေးထားပါတယ်။ 
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"