ထိပ်ဆုံး သတင်း :
Home » » SSPP/ SSA မြောက် ပိုင်း တပ်ဖွဲ့နဲ့ငြိမ်းချမ်း မူ ဖော်ဆောင်ရေး ကော်မတီ တွေ့ဆုံမည့် ရက်ရွှေ့

SSPP/ SSA မြောက် ပိုင်း တပ်ဖွဲ့နဲ့ငြိမ်းချမ်း မူ ဖော်ဆောင်ရေး ကော်မတီ တွေ့ဆုံမည့် ရက်ရွှေ့

7/08/2013 12:57:00 AMတွင်ရေးသည်

ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ခေါင်းဆောင်တဲ့ အဖွဲ့က ဇူလိုင်လ ၆ ရက်နေ့ က တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုခဲ့ပေမယ့် မတွေ့ဆုံဖြစ်ကြောင်း မနေ့က အကြောင်းကြားလာပြီးတော့  ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ က ပြောဆိုပါတယ်။

SSPP က ခေါင်းဆောင်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ တွေ့ဆုံကြဖို့ ညှိနှိုင်းပြောဆိုထား ကြတာ ဖြစ်ပေမယ့် အစိုးရဖက်က ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးပြီးမှ တွေ့ဆုံမယ်ဆိုပြီး ပြန်ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။

ဦးသိန်းဇော် ရဲ့ နောက် ပြန်တွေ့မည့် ရက်ကြမှ အဲ့ဒီ ကြိုတင်ပြီး ပြောခဲ့မယ်လို့တော့ ပြောတာပဲ။ ၁၀ ရက်နောက်ပိုင်းလို့ ပြောတယ်။ သူတို့က အဲ့ဒီ ကျိုင်းတုံ ဖက်ကနေပြီးတော့ ၀ နဲ့ အရင် ဆွေးနွေးမယ် ပြီးတော့ ကျနော်တို့ ဆီလာမှာပေါ့။

ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဖက်က တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုရာမှာလည်း အဓိက ဘယ်ကိစ္စတွေကို ဆွေးနွေးမယ်ဆိုတာ အသိပေး အကြောင်းကြားထားတာ မရှိပေမယ့် SSPP အနေနဲ့ကတော့ အစိုးရတပ်တွေ SSA မြောက်ပိုင်း နယ်မြေထဲ ၀င်ရောက်ပြီး တိုးချဲ့နေရာချထားတဲ့ တပ်ကိစ္စတွေကို ဆွေးနွေးတင်ပြဖို့ ပြင်ဆင်ထားကြောင်း ဗိုလ်မှူး စိုင်းလ က ဆက်ပြောပါတယ်။

သူတို့ ချိန်းတယ်ဆိုတော့ ကျနော်တို့လည်း မသိရဘူးခင်ဗျ ။ကျနော်တို့ ဖက်ကတော့ အဲ့ဒီ တပ်ပိုင်းဆိုင်ရာပေါ့နော့် အဲ့ဒီ တပ် ကိစ္စတွေပဲ ကျနော်တို့ အဓိက ဆွေးနွေးမှာပါ။ ကျနော်တို့ နယ်မြေထဲမှာ အဲ့ဒီတပ်တွေ တိုးချဲ့ပြီးတော့ နေရာချထားတာတို့ ဘာတို့ အဲ့ဒီ ကိစ္စတွေပေါ့။ တိုက်ပွဲတော့ မဖြစ်တော့ပါဘူး။

SSPP ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့က ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ရှမ်းပြည်နယ် တန့်ယန်းမြို့မှာ ပြည်တောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြသနာ ဖြစ်ပွားနိုင်တဲ့ နှစ်ဖက် တပ်ပိုင်ဆိုင်ရာ ကိစ္စတွေ ညှိနှိုင်းဖို့ အပါအ၀င် အချက် လေး ချက်ကို သဘောတူလက်မှတ်ထိုးခဲ့ ကြပါသေးတယ်။
အဲ့ဒီနောက် အစိုးရဖက်ကနေပြီး SSA မြောက်ပိုင်းတပ်ဖွဲ့ အခြေစိုက်နေရာယူထားတဲ့ တာဆမ်ပူ တပ်စခန်းကို ဇွန်လ ၂၀ ရက်နေ့က ဆုတ်ခွာပေးဖို့ ညွန်းကြားခဲ့ပြီး SSPP ရဲ့ ၀မ်ဟိုင်း ဌာနချူပ် အနီးက တပ်စခန်းတစ်ခုကိုလည်း စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချူပ် စကခ ၁၇ က စစ်ကြောင်းနှစ်ကြောင်းနဲ့ ၀ိုင်းထားတာကြောင့် စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"