ထိပ်ဆုံး သတင်း :
Home » » အင်တာနက် တိုက်ခိုက်သူထဲ မြန်မာထိပ်ဆုံး

အင်တာနက် တိုက်ခိုက်သူထဲ မြန်မာထိပ်ဆုံး

7/28/2011 07:44:00 PMတွင်ရေးသည်


ကမ္ဘာတ၀န်း အင်တာနက် ဆက်သွယ်မှုအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးအဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာ အင်တာနက် လုပ်ငန်းကြီးတခုရဲ့ အစီရင်ခံစာတစောင်က ဖော်ပြလိုက်ပါတယ်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီလကနေ မတ်လကုန်အထိ ပထမ သုံးလပတ်အတွက် ဆန်းစစ်ချက်အရ မြန်မာနိုင်ငံကလာတဲ့ တိုက်ခိုက်မှုဟာ ၁၃% အထိ ရှိနေပြီး အများဆုံး ဖြစ်ခဲ့တဲ့အကြောင်း အမေရိကန် အခြေစိုက် Akami အင်တာနက် ဆက်သွယ်မှုလုပ်ငန်းက တွေ့ရှိခဲ့တာပါ။
Akami ရဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေအပေါ် အခြေခံပြီး ကမ္ဘာတ၀န်း နိုင်ငံပေါင်း ၁၉၉ နိုင်ငံက အင်တာနက် ဆက်သွယ်မှုတွေကို စောင့်ကြည့်ရာမှာ အစီရင်ခံစာ သမိုင်းတလျှောက် ထူးထူးခြားခြား မြန်မာနိုင်ငံ ထိပ်ဆုံးရောက်လာတာကို တွေ့ရတဲ့ အကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။
မြန်မာနိုင်ငံကလာတဲ့ တိုက်ခိုက်မှုတွေဟာ အင်တာနက် ကွန်ရက်ထဲက ဆက်သွယ်ရေး Port ၂၅ ခုလောက်ကိုသာ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ထူးထူးခြားခြား ဆိုသလို ဆက်သွယ်ရေး Port နံပါတ် ၈၀ တခုတည်းကိုပဲ တိုက်ခိုက်မှုဟာ ၄၅% အထိ ရှိခဲ့ကြောင်းလည်း အစီရင်ခံစာက တွေ့ရှိခဲ့တာပါ။
အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်ဝမ်တို့ဟာ ပုံမှန်အားဖြင့် စာရင်းထဲမှာ ထိပ်ဆုံးနေရာ ယူတတ်လေ့ ရှိပေမဲ့ အခုအခါမှာတော့ ၁၀% နဲ့ ၉% ကျော်သာ တိုက်ခိုက်မှုတွေ ရှိခဲ့တာကို တွေ့ရတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။။
နားဆင်ရန်
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"