တိုင်းရင်းသား ဒေသတွေမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာကြောင့် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စွမ်းရှိသ၍ ပါဝင် ကြိုးပမ်းပေးဖို့ အဆင်သင့် ရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီနေ့ သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တသဘောတည်း အတူတူရှိတဲ့အကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ်မီး ငြိမ်းအေးစေဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အစိုးရသစ် အဖွဲ့က သမ္မတ ဦးသိန်းစိန်နဲ့တကွ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ KNU ကရင်အမျိုးသား အစည်းအရုံး၊ NMSP မွန်ပြည်သစ်ပါတီနဲ့ SSA ရှမ်းပြည်တပ်မတော်တွေဆီကို အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
သတင်းအပြည့်အစုံ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ်မီး ငြိမ်းအေးစေဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အစိုးရသစ် အဖွဲ့က သမ္မတ ဦးသိန်းစိန်နဲ့တကွ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ KNU ကရင်အမျိုးသား အစည်းအရုံး၊ NMSP မွန်ပြည်သစ်ပါတီနဲ့ SSA ရှမ်းပြည်တပ်မတော်တွေဆီကို အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !