ထိပ်ဆုံး သတင်း :

ဒီနေ့ဗုဒ္ဓဟူးနေ့ပါ, ဧပြီလ 16, 2025

Home » » အိန္ဒိယ ကုမ္ပဏီ ၆၀ ကျော် တပ်မတော်ခန်းမတွင် ပြသမည်

အိန္ဒိယ ကုမ္ပဏီ ၆၀ ကျော် တပ်မတော်ခန်းမတွင် ပြသမည်

11/07/2011 08:40:00 PMတွင်ရေးသည်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ပြုလုပ်မည့် သီးသန့် အိန္ဒိယ ကုန်စည်ပြပွဲ Enterprise India တွင် အိန္ဒိယ ကုမ္ပဏီပေါင်း ၆၀ ကျော် လာရောက်ပြသမည် ဖြစ်သည်။

အိန္ဒိယ စက်မှုလုပ်ငန်းအသင်းချုပ် CII နှင့် ရန်ကုန်ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံးတို့ ပူးပေါင်းစီစဉ်ကြခြင်းဖြစ်ပြီး ကြာသပတေးနေ့မှ စတင်၍ တပ်မတော်ခန်းမတွင် လေးရက်ကြာ ပြသမည်ဖြစ်ကြောင်း သံရုံးကြေညာချက်တွင် ပါရှိသည်။

“ပြပွဲတွင် အိန္ဒိယ ထိပ်တန်း ကုန်စည်တွေများ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအား တနေရာ တည်းတွင် စုစည်းပေးထားမည် ဖြစ်ပြီး မြန်မာ့ စက်မှုကဏ္ဍနှင့် စီးပွားဆက်ဆံရေးကို တည်ဆောက်ရန်” ဟု
ကြေညာချက်က ဆိုသည်။

စတုရန်းမီတာ ၃၅၀၀ ကျယ် အဆိုပါပြပွဲတွင် မော်တော်ယာဉ် (ကုန်တင်နှင့်လူစီး)၊ စိုက်ပျိုးရေး၊ စက်ပစ္စည်း၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ အဝတ်အထည်၊ လက်ဝတ်ရတနာ စသည့်တို့ အဓိကထား ပြသမည်ဖြစ်ကာ Tata Motors, Mahindra Mahindra, Shyam Telecom အပြင် Escorts, NHPC, Fedders Lloyd, Exim Bank, Ion Exchange နှင့် HMT တို့ကဲ့သို့ ကုမ္ပဏီကြီးများလည်း ပါဝင်ပြသမည် ဖြစ်သည်။
tmator
အိန္ဒိယ စက်မှုလုပ်ငန်းအသင်းချုပ် CII နှင့် ရန်ကုန်ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံးတို့ ပူးပေါင်းစီစဉ်ကြသည့် အိန္ဒိယ ကုန်စည်ပြပွဲ Enterprise India ကို တပ်မတော်ခန်းမတွင် ကြာသပတေးနေ့မှ စတင်၍ လေးရက်ကြာ ပြသမည်ဖြစ်ကြောင်း သံရုံး ကြေညာ (ဓါတ်ပုံ မဇ္ဈိမ)

ဖွင့်ပွဲတွင် မြန်မာအရာရှိများလည်း တက်ရောက်မည် မျှော်လင့်ရပြီး အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင် တရာကျော်လည်း တက်ရောက်မည် ဖြစ်သည်။

ကုန်စည်ပြပွဲမတိုင်မီ နိုဝင်္ဘာ ၉ ရက်နေ့တွင်လည်း အိန္ဒိယ-မြန်မာ စီးပွားရေး နှီးနှောဖလှယ်ပွဲနှင့် ရောင်းသူ-ဝယ်သူ
တွေ့ဆုံပွဲတခုလည်း ကျင်းပမည် ဖြစ်သည်။

“မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးအတွက် အခွင့်အလမ်းများ” ခေါင်းစဉ်
ဖြင့် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲသို့ အိန္ဒိယဘက်မှ Kirloskar Brothers Ltd ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲရေးဒါရိုက်တာ Mr Sanjay C Kirloskar ဦးဆောင် တက်ရောက်မည်ဖြစ်ကာ မြန်မာဘက်မှ စီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံ စက်မှုကုန်သည်များ အသင်းချုပ် UMFCCI အနေဖြင့် အဆိုပါပြပွဲနှင့် နှီးနှောဖလှယ်ပွဲအတွက် ဖိတ်ကြား
ဆော်သြရေးတာဝန်ယူရပြီး မြန်မာဘက်မှ စိတ်ဝင်စားမှု ရှိကြောင်း “အဓိက လုပ်တာက အိန္ဒိယ သံရုံးက လုပ်တာဗျ။ ကျနော်တို့ဘက်ကနေ ၅၀ လောက် ဖိတ်ခိုင်းတယ်။ တချို့ဟာတွေ သူတို့ဟာသူတို့ ဖိတ်တယ်။ တက်မယ့်သူစာရင်း မထွက်သေးဘူး။ စိတ်ဝင်စားကြမှာပါ။ ခုချိန်က မြန်မာနိုင်ငံကလည်း အရှေ့ရော အနောက်ရော အကုန်လုံး စိတ်ဝင်စားနေတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း တိုးတက်စေချင်တဲ့ ဆန္ဒရှိတဲ့အခါ လာပြတယ်ဆိုရင် စိတ်ဝင်စားမှုတော့ ရှိမှာပါ။ ” အမည်မဖော်လိုသော တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာရှိ စီမံချက်အမျိုးမျိုးတွင် အိန္ဒိယ၏ Essar Projects India Pvt Ltd., Punj Llyod, Larsen Toubro, Nipha Exports Pvt Ltd. ကုမ္ပဏီကြီးများ လုပ်ကိုင်နေကြကြောင်း အိန္ဒိယ သံရုံး တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှ ၂၀၁၀ က ကြေညာခဲ့သော အထူး အကောက်ခွန် ခံစားခွင့်တွင် အကြုံးဝင်သည်။ ၂၀၀၉ တွင် လက်မှတ်ရေးထိုးထားသော အိန္ဒိယ-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်အရလည်း ခံစားခွင့်ရှိမည် ဖြစ်သည်။

လက်ရှိ အိန္ဒိယ-မြန်မာ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း ၁၅ဝဝ ရှိပြီး ပဲအမျိုးမျိုး၊ သစ်၊ သံနှင့်သံထည်၊ အသေးစား စက်ပစ္စည်း ကိရိယာနှင့် ဆေးဝါး စသည်တို့ ဖြစ်သည်။ ၂၀၁၅ တွင် နှစ်နိုင်ငံကုန်သွယ်မှု နှစ်ဆ တိုးမြှင့်ရန် နယူးဒေလီမြို့တွင် စက်တင်္ဘာလအတွင်းက ပြုလုပ်ခဲ့သည့် လေးကြိမ်မြောက် နှစ်နိုင်ငံ ပူးတွဲ ကုန်သွယ်ရေး ကော်မတီ အစည်းအဝေးမှ သဘောတူခဲ့ကြသည်။

ဖြည့်စွက်သဘောတူညီချက်အရ ပူးတွဲကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ် တည်ထောင်ရန်နှင့် နယ်စပ်တလျှောက်
ဈေးငယ်လေးများ ဖွင့်လှစ်ရန် အပါအဝင် နယ်စပ်ကုန်သွယ်ရေး ပုံမှန်အစည်းအဝေးများ ကျင်းပသွားရန် ပါဝင်သည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"