ထိပ်ဆုံး သတင်း :

ဒီနေ့ တနင်္လာနေ့ပါ, ဧပြီလ 28, 2025

Home » » ဦးသန့် အခမ်းအနား Vijay Nambia တက်ရောက်မည်

ဦးသန့် အခမ်းအနား Vijay Nambia တက်ရောက်မည်

11/02/2011 11:46:00 PMတွင်ရေးသည်

မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ Vijay Nambiar ဟာ မနက်ဖြန် ရန်ကုန်မြို့မှာ ကျင်းပမယ့် ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ရာထူးလက်ခံရရှိတဲ့ နှစ် ၅၀ ပြည့် အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီယားဟာ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒီကနေ့ဘဲ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
http://media.voanews.com/images/230*230/AP101128013600.jpgNambia.jpg
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီယားဟာ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ ၂ ရက်ကြာ တွေ့ဆုံပြီး ဒီကနေ့မှာတော့ မန္တလေး၊ ပုဂံ ညောင်ဦးကတဆင့် ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
နားဆင်ရန်...


မစ္စတာ နမ်ဘီယားဟာ ကြသပတေးနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာကျင်းပမယ့် မြန်မာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ရာထူးလက်ခံရရှိတဲ့ နှစ် ၅၀ ပြည့်အခမ်းအနားနဲ့ ညစာစားပွဲကို တက်ရောက်မှာ ဖြစ်တဲ့အကြောင်း နေပြည်တော်မှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

"၆ နာရီခွဲမှာ ဆီဒိုးနားဟော်တယ်မှာ ကျင်းပမယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ရာထူးလက်ခံ ရရှိတဲ့ နှစ် (၅၀) ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲကို တက်မယ်။ ၈ နာရီမှာက သူတို့ Diner (ညစာစားပွဲ) ရှိတယ်ပေါ့နော်။ ဧည့်သည်ကဘဲ တည်ခင်းဧည့်ခံတဲ့ ဒင်နာ သူတို့ဟာသူတို့ အစီအစဉ် ရှိတယ် ဆီဒိုးနားမှာ။ ဒီကနေ့စတဲ့ Program (အစီအစဉ်) ကျတော့ သူ မနက်အစောကြီး ထွက်သွားတယ်။ ၆ နာရီ လောက်ကတည်းက ဒီကနေ့ မန္တလေးကို ထွက်တယ်။ ခန့်မှန်းခြေ ၉ နာရီလောက်ဘဲ ရောက်တယ်လို့ဘဲ မျှော်လင့်ထားတယ်။

အခု လောလောဆယ်တော့ ကျနော်သိတာတော့ သူတို့ ၆ နာရီမှာ မန္တလေးကို ထွက်သွားတယ်။ ကျန်တဲ့ Program (အစီအစဉ်) တွေတော့ ကျနော်တို့ မသိတော့ဘူး။ ဒီမှာ စီစဉ်ထားတာအရ ဆိုရင်တော့ မန္တလေးကို ၉ နာရီလောက် ရောက်မယ်။ ၁၁ နာရီ ၄၅ မိနစ်လောက်မှာ မန္တလေးတိုင်း ၀န်ကြီးချုပ်နဲ့ တွေ့မယ်။ ပြီးရင် တခြား သူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ရှိတယ်။ ဒါက သူတို့ အစီအစဉ်တွေ။ ပြီးတော့သူ ၁၂ ခွဲမှာ ညောင်ဦးကို မော်တော်ယာဉ်နဲ့ ထွက်တယ်။ ညောင်ဦးမှာ နဲနဲ လျှောက်ကြည့်တယ်။ ပြီးလို့ရှိရင် ခုနကပြောတဲ့ ၅ နာရီ ၂၅ လေယာဉ်နဲ့ ရန်ကုန်ကို ပြန်တယ်။ ၆ နာရီ ၄၅ ရောက်မယ်ပေါ့နော်၊ ရန်ကုန်ကို။ မနက်ဖြန်ကျတော့လည်း ပုသိမ်ကိုသွားမယ်၊ ၇ နာရီမှာ။ ဧရာဝတီတိုင်း ၀န်ကြီးချုပ်နဲ့ တွေ့မယ်။"

သောကြာနေ့ နိုဝင်ဘာ ၄ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ရှိပြီး ညနေစောင်းမှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာဖြစ်ပါတယ်။ သူ့အနေနဲ့ ရန်ကုန်မှာ ရှိနေစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့တဲ့အကြောင်း NLD တာဝန်ရှိသူတွေက ပြောပေမယ့် ဘယ်နေ့ ဘယ်အချိန်မှာ တွေ့မယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

အလားတူဘဲ မြန်မာနိုင်ငံကို နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တို့မှာ အသီးသီး ရောက်လာကြတဲ့ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Posner၊ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ အထူးအကြံပေးပုဂ္ဂိုလ် Derek Mitchell တို့ဟာလည်း ဒီကနေ့ နေ့လည်ပိုင်းမှာဘဲ နေပြည်တော်ကို ရောက်လာပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေး ၀န်ကြီးတို့နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက တခြား တာဝန်ရှိသူ တဦးကလည်း အခုလို ပြောပြပါတယ်။

"၂ နာရီ ၁၅ မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့သွားတယ်။ ၃ နာရီ ၁၅ မှာ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့တယ်။ ၇ နာရီမှာ နိုင်ငံခြားရေးဝန်ကြီးက ညစာ ကြွေးမယ်။"
သူတို့ ၂ ယောက်စလုံး အတူတူဘဲလား ခင်ဗျ၊ တပါတည်း အတူတူတွေ့တာပေါ့။

"တဖွဲ့ထဲပါဘဲ။ နေပြည်တော်မှာ မနက်ဖြန်ခါအထိဘဲ နေမယ်။ မနက်ဖြန် ၂ နာရီနောက်ပိုင်းမှာ ပြန်ထွက်မယ်။ သမ္မတကြီးနဲ့တွေ့ဖို့ အစီအစဉ်တော့ မရှိဘူး။ မနက်ဖြန် ၉ နာရီမှာ နယ်စပ်ဝန်ကြီးနဲ့ တွေ့မယ်။ ၁၀ နာရီမှာ အလုပ်သမားဝန်ကြီးနဲ့ တွေ့မယ်။ ၁ နာရီ ၁၅ မှာက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်လား၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းလား မသိသေးဘူး။ အခု ကျနော်အခု ကျနော်တို့ နောက်ဆုံးလုပ်ထားတာတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ လုပ်ထားတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ခရီးသွားနေတယ်ဆိုလား မသိဘူး။ ဆိုတော့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ပြန်ပြောင်းတယ်လို့လည်း ပြောတယ်။"

အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ၂ ဦးဟာ ရန်ကုန်မြို့ကို ပြန်ရောက်ပြီး နောက်တနေ့ နိုဝင်ဘာလ ၄ ရက်နေ့ သောကြာနေ့မှာ မြန်မာ့ ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ NLD တာဝန်ရှိသူတွေက ပြောထားပါတယ်။

ဒီကိုယ်စားလှယ် ၂ ယောက်ဟာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရေး မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရကြား ဆွေးနွေးနေကြတာတွေရဲ့ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာကြတာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"