ထိပ်ဆုံး သတင်း :

ဒီနေ့ဗုဒ္ဓဟူးနေ့ပါ, ဧပြီလ 09, 2025

Home » » အင်းစိန်းထောင်က အစာငတ်ခံဆန္ဒပြသူ အများစု ဆက်ပြီး ဆန္ဒပြနေဆဲ

အင်းစိန်းထောင်က အစာငတ်ခံဆန္ဒပြသူ အများစု ဆက်ပြီး ဆန္ဒပြနေဆဲ

11/03/2011 12:37:00 AMတွင်ရေးသည်

အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ ၁၅ ဦး အနက် ၂ ဦးက သပိတ်လှန်လိုက်ပြီး ကျန်ဆန္ဒပြသူတွေက ဆက်ပြီး သပိတ် တိုက်ပွဲဝင်နေတယ်လို့ သတင်းရပါတယ်။
(Photo:RFA/Tyler Chapman)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)
အကျဉ်းထောင် လက်စွဲပါ အကျဉ်းသား ခံစားခွင့်များရဖို့ အင်းစိန်ထောင်တွင်းက နိုင်ငံရေး အကျဉ်းသား ၁၅ဦးဟာ အောက်တိုဘာလ ၂၆ ရက် မွန်းလွဲပိုင်းက စပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။ အစာငတ်ခံ ဆန္ဒပြသူတချို့ကို စစ်ခွေးတိုက်မှာ ပို့ထားပြီး အဲဒီထဲက ၂ ဦး သပိတ်လှန်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစု ကွန်ယက်က ကိုအောင်ဇော်ထွန်းက ပြောပြပါတယ်။ “အသေးစိတ် မသိရဘူး။ ကိုအောင်နိုင်နဲ့ ကိုဇင်မင်းရှိန်တို့ နှစ်ယောက်ကတော့ သပိတ်လှန်လိုက်တယ် ကြားတယ်”လို့ ကိုအောင်ဇော်ထွန်းက ပြောပါတယ်။ အစာငတ်ခံ ဆန္ဒပြသူတွေကို ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့ ကတည်းက ထောင်ဝင်စာ ပိတ်ထားသလို သပိတ်စတင်ပြီး ၄၈ နာရီ မကြာခင် ရေဖြတ်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းအခြေအနေ အတိအကျကို ဘာမှ မသိရသေးဘူးလို့ ဆိုပါတယ်။ အခုဆို အစာငတ်ခံ ဆန္ဒပြနေတာ တစ်ပတ်ရှိနေပြီမို့ ဆန္ဒပြသူတွေရဲ့ကျန်းမာရေး အတွက် မိသားစုက စိုးရိမ်နေကြတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေက ပြောပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"