ထိပ်ဆုံး သတင်း :

ဒီနေ့သောကြာနေ့ပါ, ဧပြီလ 11, 2025

Home » » တိုင်းရင်းသားတွေကို ခွဲခြား ဆက်ဆံနေတယ်လို့ ENC စွပ်စွဲ

တိုင်းရင်းသားတွေကို ခွဲခြား ဆက်ဆံနေတယ်လို့ ENC စွပ်စွဲ

11/03/2011 12:41:00 AMတွင်ရေးသည်

တိုင်းရင်းသား လူမျိုးတွေ အပေါ် ခွဲခြား ဖိနှိပ်မှုတွေနဲ့ အကျင့်ပျက် လာဘ်စားမှုတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေကို မီးမွှေးပေးတဲ့ အကြောင်းတွေ ဖြစ်တယ်လို့ ENC တိုင်းရင်းသား လူမျိုးများ ကောင်စီက ထုတ်ပြန်တဲ့ စာတမ်းမှာ ဖော်ပြရေးသား ထားပါတယ်။

အစိုးရဝန်ထမ်း အလုပ်မျိုးမှာ အလုပ်ခန့်တာ၊ ရာထူးတိုးတာက အစ တိုင်းရင်းသားတွေကို ခွဲခြား ဆက်ဆံတယ်လို့ ENC ရဲ့ အတွင်းရေး မှူးချုပ် ဒေါက်တာ ရွှေခါးက ပြောပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2011/07/10/110710155742_kachin_kia_government_226x170_kio_nocredit.jpg
ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပေမဲ့ သဘောတူညီချက် မရခဲ့
အစိုးရသစ် လက်ထက်မှာ အပြောင်းအလဲတွေ ဖြစ်လာတယ်ဆိုပေမဲ့ အပေါ်ပိုင်း နိုင်ငံရေး သမားတွေ ကြားမှာ ပြောင်းတဲ့ အပြောင်းအလဲသာ ဖြစ်ပြီး အောက်ခြေ လူထု အတွက်တော့ ဘာမှ အပြောင်းအလဲ မဖြစ်ဘူးလို့ ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲ တွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ယာယီ အပစ်အခတ် ရပ်စဲရေးကိုသာ လိုလားပြီး ငြိမ်းချမ်းရေး တည်တန့်ဖို့ နိုင်ငံရေး ဆွေးနွေးတာမျိုးကို ဆောင်ရွက်ချင်စိတ် မရှိဘူးလို့ လည်း သူက ဆိုပါတယ်။

ကချင်နဲ့ ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားရတာကလည်း ကချင်ဘက်က အပစ်အခတ်ရပ်စဲပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လုပ်ဖို့တောင်းဆိုတာကို အစိုးရကိုယ် စားလှယ်တွေက လက်မခံလို့ ရပ်ဆိုင်းသွားရတာလို့ သူက ဆိုပါတယ်။

ခွဲခြား ဖိနှိပ်မှုနဲ့ အကျင့်ပျက် လာဘ်စားမှု ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်တွေကို လက်မှတ် ရေးထိုးဖို့လည်း သူက တိုက်တွန်းသွားပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"