ရှမ်းမြောက် KIA တပ်မဟာ ၄ လွယ်ကန် ဌာနချုပ်အနီး နမ်ဆာချောင်းတံတား မြန်မာစစ်စခန်း။
အောက်တိုဘာ (၃၁) ရက်တွင် KIA ၀တ်စုံ ၀တ်ဆင်ထားသည့် မြန်မာအစိုးရစစ်သား ၁၀ ဦးခန့် မုံပေါ်ဒေသ ယိန်းဆိုင်း(Ying Seng)ကျေးရွာ ပြည်သူ့စစ်တပ်စခန်းများအနီး တိတ်တဆိတ် ၀င်ရောက် ဖြတ်သန်းသွားသည်ဟု ဆိုသည်။
“အချင်းချင်းပစ်ခတ်ကြဖို့အတွက် လမ်းစဖော်ပေးနေတာ” ဟု မုံပေါ်ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးပြောသည်။
ဒူကိန်မိုင် (Du Kying)နှင့် ၎င်း၏ညီ ဒူမွန်း (Du Mun) ဦးဆောင်သော မုံပေါ်ပြည်သူ့စစ်နှင့် KIA ကြား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြခြင်းမရှိသည်ကို မြန်မာအစိုးရတပ်မှ သိရှိလာကာ ၎င်းတို့ကြား ပဋိပက္ခဖြစ်ပွားအောင် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်ဟု ဆက်ဆိုသည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !