ထိပ်ဆုံး သတင်း :

ဒီနေ့ဗုဒ္ဓဟူးနေ့ပါ, မေလ 07, 2025

Home » » ကော့သောင်းတွင် မြန်မာ့လေယာဉ် ပြေးလမ်းချော်

ကော့သောင်းတွင် မြန်မာ့လေယာဉ် ပြေးလမ်းချော်

6/11/2013 04:43:00 PMတွင်ရေးသည်

ရန်ကုန် – မော်လမြိုင် – ကော့သောင်း ခရီးစဉ်တွေ ပြေးဆွဲနေတဲ့ မြန်မာ့လေကြောင်းလိုင်းက  လေယာဉ်တစီးဟာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းလေဆိပ်မှာ ပြေးလမ်းချော်ပြီး အနည်းငယ် ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ - ကိုထွန်းမြင့်ထွေး
မြန်မာ့လေကြောင်း ခရီးစဉ်အမှတ် UB-309၊ လေယာဉ်အမျိုးအစား MA-60 လေယာဉ်ဟာ ဒီကနေ့ မွန်းတည့်ချိန်လောက်က မော်လမြိုင်ကနေထွက်ခွာပြီး မွန်းလွဲ ၁ နာရီ ကျော်ကျော်လောက်မှာ ကော့သောင်းလေဆိပ်အဆင်း ပြေးလမ်းရဲ့ အနောက်ဘက် ပေ ၂၀၀ အကွာမှာ လမ်းချော်ပြီး  ချုံပုတ်ထဲရောက်သွားခဲ့တာပါ။

လေယာဉ်ရဲ့ ဘယ်တောင်ပံအင်ဂျင်ကနေ မီးခိုးတွေ ထွက်လာပြီး မီးသတ်ဘူးတွေနဲ့ ငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ လေယာဉ်တောင်ပံ ၂ ဘက် ပန်ကာ ၂ လုံးရဲ့ ဒလက်တွေ ကျိုးပဲ့ပျက်စီးသွားပေမယ့်  ခရီးသည်တွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါလေယာဉ်ကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ ကော့သောင်း ဒီမိုကရက်တစ်ပါတီ သတင်းနဲ့ပြန်ကြားရေးဌာနက  ဦးဇော်ထက်အောင်က သူမြင်တွေ့ခဲ့ရသမျှကို အခုလိုပြောပါတယ်။

“ပြေးလမ်း တာဝါတိုင်ရှေ့ကနေ လမ်းချော်ပြီး ချုံပုတ်ထဲ ၀င်သွားတာ။ တရုတ်က ၀ယ်ထားတဲ့ MA-60 အမျိုးအစားတွေ။ အရှေ့၊ ဘေးဘယ်ညာနဲ့ ဦးခေါင်းပိန်ရှုံ့သွားတယ်။ လေယာဉ်ပြေးလမ်းကို မသွားဘဲနဲ့ ရှေ့တည့်တည့် လယ်ကွင်း၊ တောထဲဝင်သွားတယ်။ လုံခြုံရေး ကင်းတဲနဲ့ ထိဖို့ နည်းနည်းပဲလိုတယ်။ လုံခြုံရေးကင်းတဲနဲ့ တောင်ပံထိရင် ပေါက်ကွဲနိုင်တယ်။ ဘယ်သူမှအနားကပ်မခံဘူး၊ လုံခြုံရေးတင်းကျပ်စွာ စောင့်ထားတယ်။”

လေယာဉ်ပေါ်မှာ ခရီးသည် အမျိုးသား ၃၀  အမျိုးသမီး ၂၃ ဦး၊ လေယာဉ်ဝန်ထမ်း ၆ ဦး စုစုပေါင်း ၅၉ ဦး စီးနင်းလိုက်ပါလာပြီး တဦးမှ ထိခိုက်ဒဏ်ရာရသူမရှိဘဲ ဘေးကင်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့လေကြောင်းလိုင်းက ဖော်ကာ လေယာဉ်တစီးဟာ  ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ လေယာဉ်ကွင်းမှာ ဘရိတ်ချို့ယွင်းပြီး ပြေးလမ်းကနေ ကိုက် ၂၀၀ လောက် ချော်ထွက်ခဲ့ပါသေးတယ်။

မြန်မာ့လေကြောင်းပိုင် MA_60 လေယာဉ်တွေ အခုလို မကြာခဏ ပြေးလမ်း ချော်တာတွေ ဖြစ်ပွားနေတာကြောင့် စုံစမ်းစစ်ဆေး ရေးကော်မရှင်တွေဖွဲ့ပြီး စုံစမ်းရာမှာ လေယာဉ်မှာ တပ်ဆင်ထားတဲ့စနစ်တွေနဲ့ လေယာဉ်မောင်းသူတွေ ကျင့်သုံးတဲ့ နည်းပညာတွေကြောင့် ဖြစ်နိုင် တယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောပါတယ်။

MA-60 အမျိုးအစားလေယာဉ်တွေပဲ အခုလို မကြာခဏဖြစ်နေလို့ လေယာဉ်ပျံကိုလည်း ပြန်လည်သုံးသပ်ရတော့မယ်လို့ ပြောပါတယ်။

“လေယာဉ်နဲ့ ပတ်သက်ရင် ၂ မျိုးရှိမယ်။ လေယာဉ်ရဲ့ တပ်ထားတဲ့ စနစ်တွေကြောင့် ဖြစ်နိုင်ချေရှိတယ်။ နောက်တခုက အသုံးပြုတဲ့ လေယာဉ်မှူးဘက်က ကျင့်သုံးတဲ့ နည်းပညာပိုင်းပေါ်မှာ ဖြစ်နိုင်ချေရှိတယ်။ ဒါပေမယ့် လေယာဉ်ပျံမှာက သူ့သတ်မှတ်ချက်တွေနဲ့ ပြုပြင်ထိန်းသိမ်းတဲ့ကိစ္စတွေ ပါဝင်မှာပေါ့။ ပစ္စည်းတွေ လဲလှယ်တာတို့၊ အချိန်မှန် ဒါကိုစစ်ဆေးတာတို့၊ ဒါတွေလည်း လေကြောင်းလိုင်းတွေမှာ လုပ်နေတာပဲ။ ဒါပေမယ့် လုပ်နေတဲ့အတိုင်းအတာ လုံလောက်ခြင်း ရှိမရှိဆိုတာ၊ ဒါက လေယာဉ်မှာ တပ်ဆင်ထားတဲ့စနစ်တွေပေါ့။

“ပျံသန်းနေတဲ့ လေယာဉ်မောင်းတွေကလည်း နည်းပညာပိုင်းဆိုင်ရာ မှားနေတယ်ဆိုရင်လည်း လေ့ကျင့်သင်ကြားမှုအပိုင်းမှာ ပြန်စဉ်းစားရမှာပေါ့။ အခုက မိုင်းဆတ်နဲ့ ကော့သောင်းပေါ့။ မိုင်းဆတ်မှာကတော့ စနစ်ကြောင့်လားဆိုတာ ထည့်သွင်းစဉ်းစားရမယ့်အချက်တချက်ပဲ၊ ကော့သောင်းကိစ္စကတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသေချာသေးတော့ မသိနိုင်သေးဘူး။ MA-60 အမျိုးအစား ဖြစ်နေတော့ ဒါက လေယာဉ်ပေါ်မှာ သုံးသပ်ရမယ့်ဟာမျိုးပါ ရှိလာမှာပေါ့။”
Cr=>>
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"