
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံရေး မှာလည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ဖို့ တောင်းဆိုကြောင်းနဲ့ နျူကလီးယား မပြန့်ပွားရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ နျူကလီးယား ပြဿနာအတွက် စိုးရိမ်ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။ အဖွဲ့ဝင် ၁၀ နိုင်ငံပါရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ (ASEAN) ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ စိန်ခေါ်မှုတခုနဲ့ ရင်ဆိုင်နေရပြီး ဒီပြဿနာကို ဖြေရှင်းဖို့ လိုအပ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေး Regional Security Forum ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ၀န်ကြီး ကလင်တန်က ပြောဆိုလိုက်တာဖြစ်ပါတယ်။
သတင်းအပြည့်အစုံ နားဆင်ရန်
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !