ထိပ်ဆုံး သတင်း :
Home » » ကချင်ဒုက္ခသည်များကို ကူညီရန် NDF ပါတီ ပြည်နယ်ရုံးချုပ် ဖွင့်လှစ်

ကချင်ဒုက္ခသည်များကို ကူညီရန် NDF ပါတီ ပြည်နယ်ရုံးချုပ် ဖွင့်လှစ်

7/23/2011 04:28:00 PMတွင်ရေးသည်



Kachin_NDF_leaders
ကချင်ပြည်နယ် တရုတ်နယ်စပ်အနီးရှိ စစ်ပြေးဒုက္ခသည် များအား ကူညီသွားရန် အမျိုးသားဒီမိုကရေစီ
အင်အားစု ပါတီ(NDF)ပြည်နယ်ရုံးချုပ်ဖွင့်ပွဲအခမ်းအနား ကို မြစ်ကြီးနားမြို့တွင် ဇူလိုင်၂၃၊ ယနေ့ ပြုလုပ်ခဲ့သည်။

“ကော်မတီတွေဖွဲ့သွားပြီး စစ်ပြေးဒုက္ခသည်တွေကို ကူညီသွားဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာတွေ ဆွေးနွေးပြီး လုပ်သွားဖို့ရှိတယ်။” ဟု ပါတီ၏ပြည်နယ် အတွင်းရေးမှူး ဦးမာခါး ပြောသည်။

ကချင်ပြည်နယ် NDF ပါတီ ဥက္ကဌ ဒေါ်ဘောက်ဂျာနှင့် အတွင်းရေးမှူး ဦးမာခါး (ကချင် ခေါင်းပေါင်းနဲ့)
ယနေ့ နံနက် ၉ နာရီ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်ရှိ National Democratic Force (NDF) ပါတီ ပြည်နယ်ရုံးချုပ်ဖွင့်ပွဲ ဆုတောင်းပွဲသို့ ကချင်ပြည်နယ်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ စဒက၊ တစညနှင့် ကျားဖြူပါတီများမှ ကိုယ်စားလှယ်များ အပါအ၀င် လူဦးရေ ၁၀၀ ကျော်တက်ရောက်ခဲ့သည်။

NDF ပါတီ ဗဟိုကော်မတီဝင် ဒေါ်ဘောက်ဂျာနှင့် ဦးမာခါးတို့ဦးဆောင်ပြီး ကချင်ပြည်နယ်ရှိလူထုအတွင်း နိုင်ငံရေးနှင့် လူ့အခွင့်အရေး ပညာပေး အစီအစဉ်များပြုလုပ်သွားမည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်တွင် NDF ပါတီမှ ဖားကန့်ပြည်သူ့လွှတ်တော်နှင့် မြစ်ကြီးနားပြည့်သူ့လွှတ်တော်အတွက် ၎င်းတို့နှစ်ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"