ထိပ်ဆုံး သတင်း :
Home » » အစိုးရ၀န်ကြီး နဲ့ တွေ့ဆုံတဲ့ကိစ္စ အသေးစိတ်ပြောချိန် မရောက်သေး

အစိုးရ၀န်ကြီး နဲ့ တွေ့ဆုံတဲ့ကိစ္စ အသေးစိတ်ပြောချိန် မရောက်သေး

8/15/2011 04:43:00 PMတွင်ရေးသည်

RFA

အစိုးရ၀န်ကြီး ဦးအောင်ကြည်နဲ့ မိမိ တွေ့ဆုံခဲ့တဲ့ ကိစ္စတွေကို အသေးစိတ် ထုတ်ပြန်ဖို့ အချိန် မတန်သေးဘူးလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးလူထုက ဝိုင်းဝန်းကြိုဆိုကြစဉ်။ (Photo: RFA)

သြဂုတ်လ ၁၄ ရက်နေ့က ပဲခူး နဲ့ သနပ်ပင်မြို့တွေကို ခရီးထွက်ခဲ့ရာမှာ ကြိုဆိုခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မိမိနဲ့ အစိုးရ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တာတွေမှာ အသေးစိတ် မထုတ်ပြန်ဘူး၊ ဘာမှမပါဘူး လို့ တချို့က ပြောဆိုကြကြောင်း၊ ဘာမှ ပါစရာမရှိသေးလို့ မပါသေးတာပါ လို့ပဲ ပြောရမှာ ဖြစ်ကြောင်း၊ အခုအချိန်ထိ အသေးစိတ် မပြောရသေးတာက အသေးစိတ် လုပ်စရာလေးတွေ ရှိနေသေးကြောင်း၊ မိမိအနေနဲ့ ဘာမှ မသေချာ မရေရာသေးဘဲနဲ့ ပြည်သူတွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေ မပေးချင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ပဲခူးလူထုကို စကားပြောကြားခဲ့ရာမှာ စိတိဓါတ် ကြံ့ခိုင်ကြဖို့နဲ့ ဒီမိုကရေစီရေး အတွက် အမြဲ အားမွေးနေကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးမြို့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ဦးဝင်းနိုင် က ကောက်နှုတ် တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"