ထိပ်ဆုံး သတင်း :
Home » » နိုင်ငံရေး အကျဥ်းသား လွှတ်ပေးရေး တင်ပြမှု လွှတ်တော်က လက်ခံ

နိုင်ငံရေး အကျဥ်းသား လွှတ်ပေးရေး တင်ပြမှု လွှတ်တော်က လက်ခံ

8/26/2011 11:54:00 PMတွင်ရေးသည်

နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးသိန်းညွန့် တင်သွင်းတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် အဆိုကို နိုင်ငံတော် သမ္မထံ တင်သွင်းဖို့ လွှတ်တော်က သဘောတူ လက်ခံပြီလို့ သိရပါတယ်။
Photo: RFA
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ချိတ်ဆွဲခဲ့သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ဖြစ်ပါသည်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ အစိုးရက ငြင်းဆို နေတဲ့ အတွက် ယုံကြည်ချက်ကြောင့် အကျဥ်းကျ ခံနေရသူများ ဆိုတဲ့ စကားရပ်ကို သုံးစွဲပြီး ကြာသပတေးနေ့က တင်သွင်းခဲ့တဲ့ အဆိုကို ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ လက်ခံလိုက်ကြောင်း ဦးသိန်းညွန့်က RFA ကိုပြောပါတယ်။ ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ ဦးသိန်းညွန့် တင်သွင်းတဲ့ နိုင်ငံရေး အကျဉ်းသား အရေးနဲ့ ပတ်သက်တဲ့ အဆိုကိုသာ အဓိက ဆွေးနွေးခဲ့ကြကြောင်း အမတ် ၁၅ ဦးက ထောက်ခံ ဆွေးနွေးပြီး လွှတ်တော်က အတည်ပြု လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထောက်ခံ ဆွေးနွေးတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ထဲမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက အမတ် ၂ ဦး နဲ့ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေ အပြင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးပါ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ လွှတ်တော် အစည်းအဝေးပွဲ အကြောင်း ဦးသိန်းညွှန့်နဲ့ ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"