ထိပ်ဆုံး သတင်း :
Home » » အာရပ်ကမ္ဘာ အပြောင်းအလဲမျိုးနဲ့ မြန်မာ့နိုင်ငံရေး အဖြေရှာမရနိုင်

အာရပ်ကမ္ဘာ အပြောင်းအလဲမျိုးနဲ့ မြန်မာ့နိုင်ငံရေး အဖြေရှာမရနိုင်

9/18/2011 09:53:00 PMတွင်ရေးသည်

မြန်မာနိုင်ငံမှာ အပြုသဘော အပြောင်းအလဲတွေ ရှိနေပြီး အာရပ်ကမ္ဘာက လူထုဆန္ဒပြပွဲတွေလို လူထုအုံကြွမှုတွေဟာ မြန်မာ့နိုင်ငံရေး ပြဿနာကို အဖြေရှာပေးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
(Photo: AFP)
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ကြိုဆိုနေသူများကို နေအိမ်ခြံတံခါးမှ လက်ဝှေ့ရမ်း နှုတ်ဆက်နေစဉ်။ (Photo: AFP)
AFP သတင်းဌာနနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး မြန်မာအစိုးရသစ်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ အမှန်တကယ် ဆန္ဒရှိပုံရတယ်လို့လည်း ပြောကြားခဲ့တယ်လို့ AFP သတင်းက ဒီကနေ့ ရေးသားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်ကတည်းက ဒီသဘောထားမျိုး ရှိပါတယ်လို့ NLD ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ဒီသဘောထားတွေနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျနော်တို့ကို ရှင်းပြတာရော၊ ကျနော်တို့နဲ့ တွေ့ဆုံစကားပြောတာ ဒီသဘောထားအတိုင်း ရှိပါတယ်။ အာရပ်ကမ္ဘာမှာ ဖြစ်နေတဲ့ဟာမျိုး ပုံစံတူ ဒီတိုင်းပြည်မှာ ဖြစ်ဖို့လည်း မျှော်လင့်စရာ မရှိဘူးလို့ ကျနော်တို့ နားလည်ထားပါတယ်။ ဒါက နဂိုတည်းက ရှိပြီးသား သဘောထား ဖြစ်တယ်လို့ ကျနော် ပြောနိုင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ AFP မေးမြန်းချက်မှာ မြန်မာ့နိုင်ငံရေးမှာ အပြုသဘော အပြောင်းအလဲတွေ ရှိနေကြောင်း၊ ဒါပေမယ့် မိမိတို့အားလုံး လွတ်လပ်နေပြီ၊ အလုံးစုံ လွတ်လပ်နေပြီလို့ ပြောလို့ မရကြောင်း၊ အဲဒီလို အခြေအနေ ရောက်ဖို့ လုပ်စရာတွေ အများကြီး ရှိနေသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။

မိမိအနေနဲ့ သတိရှိတဲ့ အကောင်းမြင်ဝါဒ ရှိသူတဦးပီပီ ဒီအတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်ဟာ အပြောင်းအလဲ အမှန်တကယ် လုပ်ဆောင်လိုတဲ့သူလို့ မိမိ ယုံကြည်ကြောင်း၊ ဒါပေမယ့် သူ ဆန္ဒရှိသလို အပြောင်းအလဲ တကယ် ဖော်ဆောင်နိုင်စွမ်း ရှိမရှိကတော့ မိမိတို့ သတိထား ဆန်းစစ်သွားဖို့ လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လစ်ဗျားနိုင်ငံနဲ့ ပတ်သက်လို့ ပြောကြားရာမှာ လက်ရှိ လစ်ဗျားမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ အချိန်ကာလ တခုအထိ ဆက်ရှိနေမယ်ဆိုတာ လူတိုင်းသိကြောင်း၊ အစိုးရဟောင်းက လူအားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး အစိုးရသစ် ဖွဲ့နိုင်ပေမယ့် တိုင်းပြည်အတွင်း အာဃာတနဲ့ အမုန်းတရားတွေ ကျန်နေပြီး စိတ်အနာတရတွေ ကုစားဖို့ အချိန်တွေ အများကြီး ကြာမြင့်မှာဖြစ်ကြောင်း ဖြေကြားထားပါတယ်။

စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်လာဖို့ အချိန်အများကြီး လိုကြောင်း၊ ဒါ့ကြောင့် အပြောင်းအလဲကို တွေ့ဆုံ ညှိနှိုင်းပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့သာ လုပ်ကိုင်ဖို့ မိမိမှာ ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"