ထိပ်ဆုံး သတင်း :
Home » » အန်အယ်လ်ဒီပါတီ ပြန်လည်တီ​ထောင်ခွင့်​အဖွဲ့​ဝင်များ​ စစ်​ဆေး​ခံ​နေရ

အန်အယ်လ်ဒီပါတီ ပြန်လည်တီ​ထောင်ခွင့်​အဖွဲ့​ဝင်များ​ စစ်​ဆေး​ခံ​နေရ

12/09/2011 03:46:00 PMတွင်ရေးသည်

အန်အယ်လ်ဒီပါတီ ပြန်လည်တီ​ထောင်ခွင့်​ရဖို့​အတွက် ​လျှောက်ထား​ခဲ့​တဲ့​ ၂၁ ဦး​ပါ အဖွဲ့​ဝင်​တွေကို နယ်​မြေခံသတင်း​တပ်ဖွဲ့​နဲ့​ စစစ စုံစမ်း​စစ်​ဆေး​ရေး​အဖွဲ့​ဝင်​တွေက စစ်​ဆေး​နေတယ်လို့​ သိရပါတယ်။
မ​ ကွေး​တိုင်း​ သတင်း​တပ်ဖွဲ့​က လာ​ရောက် စစ်​ဆေး​သွား​တာနဲ့​ ပတ်သက်ပြီး​ ပထမ ၂၁ ဦး​ထဲမှာ ပါဝင်တဲ့​ အမျိုး​သား​ဒီမိုး​က​ရေစီအဖွဲ့​ချုပ် မ​ကွေး​တိုင်း​က ​ဒေါ်ခင်​စော​ဌေး​က အခုလို ​ပြောပါတယ်။
“အန်တီကို စစ်တာ​တော့​ ဒီဇင်ဘာ ၁ ရက်နဲ့​ ၂ ရက်​လောက်က။ မ​ကွေး​တိုင်း​ကကို ဆင်း​လာတာ။ ရဲသတင်း​ အထူး​တပ်ဖွဲ့​လို့​ ​ခေါ်မှာ​ပေါ့​။ ​နောက်ပြီး​တော့​ စသုံး​လုံး​က သပ်သပ်။ ပြည်ထဲ​ရေး​လက်​အောက်ကလို့​ ​ပြောတယ်။ နှစ်ဖွဲ့​လာတယ်။ သူတို့​က ရဲနဲ့​ မဆိုင်ဘူး​တဲ့​။”
http://burmese.dvb.no/wp-content/uploads/2011/11/nld1-300x232.jpg
၂၁ ဦး​ အဖွဲ့​ဝင်​တွေရဲ့​ နိုင်ငံခြား​က အ​ထောက်အပံ့​ခံရတာ ရှိသလား​ ဆိုတာကိုလည်း​ အဓိက စစ်​ဆေး​တယ်လို့​ အစစ်​ဆေး​ခံရတဲ့​ ​ဒေါ်ခင်​စော​ဌေး​က ​ပြောပါတယ်။
“အန်တီတို့ ​ကိုလည်း​ ကိုယ်​ရေး​ရာဇဝင် လာစစ်တယ်​လေ။ အဓိက သူတို့​လိုချင်တဲ့​ အချက်က မူး​ယစ်​ဆေး​ဝါး​နဲ့​ ကင်း​လွတ်သလား​၊​ နိုင်ငံခြား​အဖွဲ့​တွေက ​ထောက်ပံ့​မှု ခံရသလား​၊​ အန်ဂျီအို (အစိုး​ရမဟုတ်​တော့​ အဖွဲ့​အစည်း​) ​တွေနဲ့​ ဆက်သွယ်သလား​၊​ ဒါ​တွေ အဓိက ထား​တာ​လေ။ ​နောက်ပြီး​ အန်တီတို့​ကို ဘာသင်တန်း​တွေ တက်​သေး​လဲ၊​ ဘာလဲ​ပေါ့​။ သူတို့​က နိုင်ငံခြား​က အသင်း​တွေကို တရား​မဝင် အဖွဲ့​အစည်း​လို့​ သတ်မှတ်တာကိုး​။ သူတို့​က ကိုယ်​ရေး​ရာဇဝင်​တွေကို ယူသွား​တာ​ပေါ့​။ ယူပြီး​တော့​ အန်တီတို့​ ဓာတ်ပုံနဲ့​ ယူသွား​တယ်။ အန်တီတို့​ကလည်း​ ရိုး​ရိုး​သား​သား​ လုပ်တဲ့​သူဆို​တော့​ ​ပေး​တယ်​လေ။”
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ ချုပ်က​နေ ပါတီပြန်လည်တည်​ထောင်ခွင့်​ရဖို့​ ​လျှောက်ထား​ရမှာ တိုင်း​နယ် ပြည်နယ်က လူငယ်နဲ့​ အမျိုး​သား​သမီး​တွေကို အဓိကထား​ပြီး​ စုစု​ပေါင်း​ ၂၁ ဦး​နဲ့​ နိုဝင်ဘာလ ၂၄ ရက်​နေ့​က ဖွဲ့​စည်း​ခဲ့​ပါတယ်။
အဲဒီ ၂၁ ဦး​ကို ဥပဒအရ လွတ်ကင်း​မှသာ နိုင်ငံ​ရေး​တည်​ထောင်ခွင့်​ကို ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်က ခွင့်​ပြုမယ်လို့​ သိရပါတယ်။ 
post by DVB
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"