ထိပ်ဆုံး သတင်း :
Home » » ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရေကြီး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရေကြီး

9/30/2011 12:15:00 AMတွင်ရေးသည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားနေပါတယ်။ ချင်းမိုင်ရေကြီးမှုနဲ့ ပတ်သက်ပြီး ချင်းမိုင်အခြေစိုက် ဒီဗွီဘီသတင်းထောက် မန်းဆိုင်းမွန်ကို ကိုရွှေအောင်က မေးကြည့်ထားပါတယ်။
မနေ့ကတည်းက ရေကြီးနေတာ၊ အခုထိလည်း ကြီးနေတုန်းပဲပေါ့။ ဘာဖြစ်လို့ ဒီလောက်ရေကြီးတာလဲ ခင်ဗျ။


ချင်းမိုင်တွင် ရေကြီး နေစဉ်

ချင်းမိုင် ညဈေးတွင် ရေများဝင်နေစဉ်

မြန်မာပြည်သားအများအပြား နေထိုင်တဲ့ချင်းမိုင်မြို့(ဇင်းမယ်မြို့) ရေကြီးနေပုံကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံ ဖြစ်ပါတယ်
“ချင်းမိုင်အထက်မှာ မိုးရွာတယ်။မုန်တိုင်းတခု ဖြတ်သွားတယ်။ တောင်တရုတ်ကနေ ဖြတ်လာတဲ့ မုန်တိုင်းပေါ့။ အဖျားခတ်သွားတယ်။ အဖျားခတ်သွားတော့ ချင်းမိုင်ရဲ့ မြောက်ပိုင်းမှာ မိုးရွာတယ်။ ချင်းမိုင် အထက်မှာ ရေကာတာ ရှိတယ်လေ။ အဲဒါရေကာတာ ဖွင့်ချလိုက်ရတယ်။ အဓိကတော့ မိုးကြောင့်ပါ။ မုန်တိုင်း အဖျားခတ်သွားတာပေါ့။”
အခုရေကြီးနေတဲ့အနေအထားက ဘယ်လောက်ထိ ကြာနိုင်သလဲ။
“ရေကတော့ ဒီနေ့ညပိုင်းမှာ တဖြည်းဖြည်း ကျသွားတယ်။ နောက်တရက် လောက်မှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်လို့ ပြောနေကြတယ်။ မိုးက ထပ်မရွာတော့ဘူး ဆိုရင်ပေါ့။”
မိုးရွာနေသေးရင် ရေထပ်မကျနိုင်သေးဘူးလို့ ဆိုနိုင်သလားခင်ဗျ။
“မုန်တိုင်း နောက်တလုံးထပ်ပြီး ၀င်ဦးမယ်ပြောတယ်။ သူတို့မှန်းထားတာ နောက်ပိုင်းမှာ ၀င်ချင်လည်းဝင်မယ်။ ဒါပေမယ့် ဒီမှာအဖျားခတ်လို့ အဲဒီမှာ ရွာတယ်ဆိုရင်လည်း ရေတော့ ထပ်ကြီးဦးမယ်။”
အခုရေကြီးတဲ့ ဖြစ်စဉ်မှာ လူအသေအပျောက်တွေ ဘာတွေကော ကြားသေးလား။
“အခု အသေအပျောက်က ချင်းမိုင်အရှေ့မြောက်ပိုင်းက တောင်စောင်းမှာ အိမ်ဘေးမှာလည်း ချောင်းဆိုတော့ အဲဒီချောင်းဘေးက အိမ် ၂ လုံး ပြိုဆင်းသွားပြီး ရေတွေနဲ့မျောပြီး ပါသွားတယ်။ အဲဒီမှာ မိသားစု ၂ စုက ၅ယောက်လောက် ဆုံးသွားတယ်။ အလောင်းတွေ အကုန်ပြန်တွေ့တယ် ပြောတယ်။”
အခုလိုမျိုး ရေကြီးတာမျိုး ချင်းမိုင်မှာ ဘယ်တုန်းက ဖြစ်ခဲ့ဖူးလဲခင်ဗျ။
“လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကလည်း အခုလိုမျိုး ကြီးခဲ့တာပဲ။ ဒါပေမယ့် အခုကတော့ ပိုများတယ်လို့ ပြောတယ်။ ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ခရိုင် ၅၄ ခုလုံးမှာ ရေမြုပ်နေတယ်လို့ အစိုးရက ကြေညာတာကိုး။
ခရိုင်အားလုံး ဘယ်လောက်ရှိလဲခင်ဗျ။
“၇၇ ခရိုင် ရှိတယ်။ ချင်းမိုင်က night paza (ညဈေး)မှာလည်း ရေက တော်တော်တက်လာတယ်။”



ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"