ထိပ်ဆုံး သတင်း :
Home » » အလုပ်လုပ်ခွင့် လက်မှတ်(ကဒ်)သစ်လုပ်ရန် ရက်သတ်မှတ်

အလုပ်လုပ်ခွင့် လက်မှတ်(ကဒ်)သစ်လုပ်ရန် ရက်သတ်မှတ်

10/04/2011 12:14:00 AMတွင်ရေးသည်

Labour_01ထိုင်းနိုင်ငံ မဲဆောက်မြို့  အလုပ်သမားရှာဖွေခန့်ထားရေးရုံးမှ အလုပ်သမားသစ်များအတွက် အလုပ်လုပ်ခွင့်လက်မှတ် ပြု လုပ်ရန်၊ အောက်တိုဘာလ (၁)ရက်မှ (၁၂)ရက်အထိ သတ်မှတ်ထားသည်ဟု လက်မှတ်ရရှိရေးကို လိုက်လံဆောင်ရွက်ပေးသူ အလုပ်သမားတဦးကပြောပါသည်။
မဲဆောက်မြို့ ရှိ အလုပ်ရှင်များသည်၊ အလုပ်သမားပြတ်လပ်မှုပြသနာ ဖြစ်လာသည့်အတွက် အစားထိုးနိုင်ရန် တောင်းဆို ရာက အလုပ်သမားရှာဖွေရေးရုံးက လိုက်လျှောပေးရခြင်းဖြစ်ပါသည်။
“ တချို့ အလုပ်သမားတွေဟာ အိမ်ပြန်ကြတာရှိသလို၊ တခြားစက်ရုံတွေကို ပြောင်းသွားတဲ့အလုပ်သမားတွေ လည်းရှိပါတယ်။ ဒီနေရာမှာ ရော့သွားတဲ့ အလုပ်သမားတွေကြောင့် လုပ်ငန်းတွေက လုပ်ငန်းကို ထိခိုက်လာတဲ့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအတွက် အစားဖြည့်တဲ့ အနေနဲ့ အလုပ်သမားသစ်တွေကို မှတ်ပုံတင်ခိုင်းတာပါ။ အနည်းဆုံးတော့ အလုပ်သမား (၈၀၀၀)လောက် လိုအပ်နေတယ်လို့ အလုပ်သမားရှာဖွေရေးရုံးနှင့် နီးစပ်သူက ပြောပါ တယ်။”
ဘန်ကောက် ၊ ဖန်ငါး ၊ ဇင်းမယ် မှ လုပ်ငန်းရှင်များကလည်း ဈေးကြီးပေး၍ ယာယီနိုင်ငံကူးလက်မှတ် လုပ်စေပြီး ခေါ်နေသည့်အတွက် မဲဆောက်မြို့ ရှိကျွမ်းကျင်သည့် စက်ရုံအလုပ်သမားများ ဆုံးရူံးနေပါသည်။ ဤပြသနာရပ်တန့်ပေး ဖို့ကို လည်း မဲဆောက် အလုပ်ရှင်များက အလုပ်သမားရှာဖွေရေးရုံးကို တောင်းဆိုသော်လည်း မထိရောက်ပေ။
မဲဆောက်မြို့ ရှိ အလုပ်ရှင်များသည်၊ မိမိစက်ရုံ၌ အလုပ်သမား တည်တံ့နေစေရေးအတွက် အလုပ်သမားများကို ၃လ ၊ ၆လ ၊ တနှစ်ဆိုပြီး (၃)ပိုင်းခွဲပြီးမှတ်ပုံတင်စေပါသည်။ မှတ်ပုံတင်ကဒ် ကုန်ကျစရိတ်မှာ (၃)လစာ သက်တမ်းကို (၃၂၅) ဘတ်၊ (၆)လစာကို (၅၅၀)ဘတ်နှင့် တနှစ်စာကို (၁၀၀၀)ဘတ် ကုန်ကျပါသည်။ ဆေးစစ်ခကိုမူ ခါတိုင်း(၁၉၀၀)သာဖြစ်ပါ သည်။အရင်တုန်းက (၃၈၀၀) ဘတ်အစား အခုမဲဆောက်က အလုပ်သမားများ (၂၉၀၀)ဘတ်သာ ကုန်ကျပါသည်။
Labour_02
အလုပ်သမားသစ်များ အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ရန် စောင့်ဆိုင်းစဉ် (ဓါတ်ပုံ - အင်တာနက်)
မဲဆောက်ရှိ အလုပ်သမားများ၏ လုပ်ခမှာ တနေ့ကို(၁၆၂)ဘတ်ဟု အလုပ်သမားရုံးက သတ်မှတ်ပေးထားသော်လည်း လက်တွေ့ ၌ တနေ့ကို (၈၀ - ၉၀ - ၁၂၀)ဘတ်သာပေးပါသည်။ ဤသို့ကြောင့် ဈေးကြီးပေးသော တခြားမြို့ မှ လာ ရောက်ခေါ်ဆောင်သည့် လုပ်ငန်းရှင်များ နောက်ကို ပါသွားနေရခြင်းဖြစ်ပါသည်။
အလုပ်သမားပြတ်လပ်မှုကြောင့် မဲဆောက်အလုပ်ရှင်(၅၀)ခန့်သည် အလုပ်သမားသစ် ရရှိရေးအတွက် မှတ်ပုံတင်အသစ် လုပ်ဆောင်ပေးရန်  ပြီးခဲ့သည့် မတ်လ၌လည်း အလုပ်သမား ရှာဖွေရေးရုံးရှေ့ ၌ ဆန္ဒပြခဲ့ဘူးပါသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"