Kachin IDPs
ကချင် လွတ်မြောက်ရေး တပ်မတော် K.I.A နှင့် စစ်အစိုးရတို့ အကြား ဇွန်လ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ စစ်ပွဲမှာ ယနေ့ အချိန်ဆိုရင် ၄ လ ကျော်လာ ပြီဖြစ်ပါတယ်။ ဒီစစ်ပွဲကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွေ စစ်ပြေး ဒုက္ခသည်များလည်း တနေ့နဲ့တနေ့ ပိုမို များပြာလာနေကြောင်း သိရှိ မြင်တွေ့ နေရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခရစ်ယာန် ဘုရားကျောင်းများတွေ ခိုလှုံလျက်ရှိသော စစ်ပြေး ဒုက္ခသည်များကို နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်မှ ဦးဆောင်ပြီး ရိက္ခာ ဖြစ်တဲ့ ဆန်များနှင့် အခြား လိုအပ်သော ပစ္စည်းများကို ကူညီ ပံ့ပိုး မှုများ ဆောင်ရွက်နေကြောင်း စုံစမ်းသိရှိရပါတယ်။
လိုင်ဇာ အမျိုးသမီးအဖွဲ့မှ ပေးလိုက်သော ဆန် ၁၀၀ အိတ် ကျော်ကို မြစ်ကြီးနား ဇုံနယ် အဖွဲ့ချုပ်မှ ဦးဆောင်ပြီး အသင်းတော်တိုင်းမှာ လိုက်ဝေပေးနေကြောင်း စုံစမ်းသိရှိရပါတယ်။ မြစ်ကြီးနားမြို့ စစ်ပြေး ဒုက္ခသည်များ ခိုလှုံနေသော အသင်းတော်များမှာ ရွှေဇက်အသင်းတော်၊ ကျွန်းပင်သာ အသင်းတော်၊ ဇီးလွန်အသင်းတော်၊ ဘဲလေဟမ် အသင်းတော်၊ အင်ဂျန်ကောင် အသင်းတော်၊ ဒပ်ကောင် အသင်းတော်၊ ဂျန်မိုင်ကောင် အသင်းတော်၊ မန်ခရိန်း အသင်းတော် နှင့် တခြား အမည် မသိရှိရသေးသော အသင်းတော်များ စသည့် အသင်းတော် ဘုရားကျောင်းများနှင့် တခြား ကိုယ့်ဆွေမျိုး အိမ်များတွေလည်း တချို့ ခိုလှုံနေကြကြောင်း မြို့ခံများထံမှ စုံစမ်း သိရှိရပါတယ်။
Kachin IDPs
ယင်း စစ်ပြေး ဒုက္ခသည်များ ခိုလှုံနေသော အသင်းတော်များသို့ မြစ်ကြီးနား ဇုံနယ် အဖွဲ့ချုပ် ဒုတိယ အတွင်းရေးမှူးနှင့် ခရစ်ယာန်အမှုဆောင် ဆရာ ဆရာမများနှင့် လူငယ်များ ဦးဆောင်ကာ ဆန်အိန်များကို လိုက်လံ ဝေငှနေကြောင်း စုံစမ်းသိရှိရပါတယ်။ လိုင်ဇာ အမျိုးသမီးအဖွဲ့မှ ပို့လိုက်သော ဆန် (၁၀၀) အိတ် နှင့် နောက်ထပ် ၂၀ အိတ် တို့ဟာ မြစ်ကြီးနား ဇုံနယ်မှ ထောက်ပံ့ကူညီ ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။တချို့အသင်းတော် ဒပ်ကောင်အသင်းတော်၊ ဂျန်မိုင် အသင်းတော် နှင့် မန်ခရိန်း အသင်းတော်တို့မှာ အသင်းတော်၏ မော်တော်ကားဖြင့် လာရောက် သယ်ဆောင်သွားကြောင်း စုံစမ်းသိရှိရပါတယ်။
ဒီလိုနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ပြေးဒုက္ခသည်များကို ကချင်နှစ်ခြင်း အဖွဲ့ချုပ် K.B.C မှ စီမံပြီး စစ်ပြေးဒုက္ခသည်များ ခိုလှုံရာ အသင်းတော်များသို့ အနည်းဆုံး တစ်ပတ်တစ်ကြိမ် ဆန်များ သွားရောက် ကူညီ ထောက်ပံ့နေကြောင်း ဦးဆောင်နေသော တာဝန်ရှိသူများမှ စုံစမ်းသိရှိရပါတယ်။















0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !