ထိပ်ဆုံး သတင်း :
Home » » ကချင်ပြည်နယ်၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား

ကချင်ပြည်နယ်၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား

10/07/2011 02:08:00 PMတွင်ရေးသည်

မို့တော် မြစ်ကြီးနားနှင့် မိုးကောင်းမြို့ပေါ် နေရာအချို့ အပါအ၀င်  ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် နေရာအများ အပြားတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
မြစ်ကြီးနား မန္တလေး ရထားလမ်းပေါ်ရှိ မရမ်းနှင့် နမ္မတီး ဘူတာအကြား တံတားညီနောင် အနီးတွင် ယမန်နေ့ နံနက် လင်းအားကြီး ချိန်က မြေမြုတ်မိုင်း (၆) လုံးပေါက်ကွဲ ခဲ့သည်ဟု နမ္မတီး မြို့ခံတဦးက အခုလို ပြောသည်။
“တံတားညီနောင် နားမှာပါ။ တံတားမှာတော့ မဟုတ်ဖူး။ သံလမ်းမှာ ခွဲသွားတယ်။ ကြားရတာတော့ ခြောက်လုံး ကွဲတယ်တဲ့။ ဒါပေမယ့် ပြင်းအား သိပ်မရှိလှဘူးလို့ ထင်ရတာပဲ။ တအားကြီး ပျက်တာမျိုးမတွေ့ရဘူး။”
မိုင်း(၆)လုံးဟု ဆိုသော်လည်း ပေါက်ကွဲအား ပြင်းထန်မှု မရှိသည့်အတွက် ပျက်စီးမှုနည်းပါးပြီး ယခုအခါ ရထားများ ပုံမှန် ပြေးဆွဲနေပြီ ဖြစ်သည်။ ထို့အပြင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိသေးသော်လည်း ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ဆက်နွယ်မှု ရှိသည်ဟု အဆိုပါ မြို့ခံက သုံးသပ်သည်။
အလားတူ ယခုလ(၃) ရက်နေ့က မိုးကောင်းမြို့ပေါ်တွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ကြားရကြောင်း ၎င်းက အခုလို ဆက်ပြောသည်။
“မိုးကောင်း တရားရုံးနားမှာလို့ပြောတယ်။ တရားရုံးက အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးရုံးနဲ့ တ၀န်းထဲပဲလေ။ တရားရုံးက ၀င်ဝင်ချင်းဆိုရင် သူက ဘယ်ဖက်မှာရှိတာပေါ့။ အဲဒီမှာ ကွဲတယ်လို့ ပြောတယ်။ ဘာမှ ထိခိုက်မှုတော့ မရှိဘူးတဲ့။”
ယင်းကိစ္စနှင့် ပတ်သက်၍ ယခုတပတ် ပြည်တွင်းထုတ် The Vioce weekly ဂျာနယ်တွင် မိုးကောင်းမြို့ မှုခင်း မှတ်တမ်းရုံး ခြံစည်းရိုးအနီးနှင့် ဥပဒေရုံး အပြင်ဖက်တွင် မပေါက်ကွဲသေးသည့် ဗုံး(၂) လုံး တွေ့ရှိခဲ့ရာ တလုံးအား မိုင်းရှင်းအဖွဲ့မှ ဖောက်ခွဲခဲ့ပြီး ကျန်တလုံးအား ရှင်းလင်း ခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ယခုလ (၂) ရက်နေ့ ည (၈) နာရီအချိန်ခန့်က မြစ်ကြီးနားမြို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး (ကညန) အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးခဲ့သည်ဟု ယခုလ (၄) ရက်နေ့ထုတ် အစိုးရအာဘော် သတင်းတစ်ပုဒ်၌ ပါရှိသည်။
မိုင်းထောင်နေစဉ် အတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ်၍ သေဆုံးသူမှာ သောင်းကျန်းသူဟု ယူဆရသည့် အသက် (၃၀) အရွယ် အမျိုးသား တဦးဟု ယင်းသတင်းက ဆိုသော်လည်း မည်သည့်အဖွဲ့ အစည်းက ပြုလုပ်သည်ဟု ဖော်ပြထားခြင်း မရှိပေ။
ကချင်ပြည်နယ်အတွင်း အစိုးရနှင့် KIO တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများအား KIO က ဖောက်ခွဲခဲ့သည်ဟု အစောပိုင်းကာလများက ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ယခု ပေါက်ကွဲမှုများနှင့် ပတ်သက်၍ ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"