ထိပ်ဆုံး သတင်း :
Home » » တရုတ်နိုင်ငံ ရင်ကျန်းနှင့် ကျန်းဖုန်းမြို့မှာ တရုတ်စစ်တပ်က အင်အား ၁၀၀၀ ထပ်ဖြည့်

တရုတ်နိုင်ငံ ရင်ကျန်းနှင့် ကျန်းဖုန်းမြို့မှာ တရုတ်စစ်တပ်က အင်အား ၁၀၀၀ ထပ်ဖြည့်

10/29/2011 11:22:00 PMတွင်ရေးသည်

တရုတ်မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ ရင်ကျန်းမြို့ နဲ့ ကျန်းဖုန်းမြို့မှာ တရုတ်အစိုးရတပ်အင်အား ၁၀၀၀ ခန့်ထပ်မံရောက်ရှိနေကြောင်း တရုတ်မြန်မာနယ်စပ်မှ ပေးပို့သောသတင်းများအရ သိရသည်။
တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ကျန်းဖုန်းက နယ်ခြားစောင့်တပ် ၄၅ ကို နောက်ထပ်ရောက်လာတာ ၅၀၀၊ ရင်ကျန်းမြို့မှာလည်း နောက်ထပ် ၅၀၀ ထပ်ရောက်လာပြီး အမြောက်များနှင့် တင့်ကားများပါ ထပ်မံဖြည့်ထားတယ်လို့ သိရပါတယ်။

“တရုတ်တပ်တွေရောက်နေတာ မြန်မာစစ်တပ်နှင့် ကေအိုင်အေ တို့တိုက်ပွဲနေရာတွေနဲ့နီးတယ် ကျန်းဖုန်းကတော့ လွယ်ဂျယ်နဲ့မျက်နှာချင်းဆိုင်ဘဲ အဲဒီမှာကအထိုင်သဘောမျိုးဘဲ လှုပ်ရှားတာသိပ်မတွေ့ရဘူး လိုင်ဇာနဲ့နီးတဲ့နယ်စပ်တွေကတော့ တော်တော်လေးများတယ် တပ်လည်းရှုပ်တယ် နေ့ ရော ညရော ကင်းလှည့်စောင့်ကြည့်နေကြတယ်” လို့ နယ်စပ်မှ တရုတ်ကုန်သည် တစ်ဦးမှ ပြောပြပါတယ်။


တရုတ်ဘက်ကအင်အားထပ်ဖြည့်တာ တော်တော်လေးထူးခြားနေပြီ အရင်တစ်ပတ်ကလည်း စစ်သား၄၅၀၀ လောက်ပို့တယ် အခုလည်း ၁၀၀၀ လောက်ထပ်ဖြည့်တယ်၊ အစိုးရတပ်ဘက်ကလည်း လိုင်ဇာနားကို တဖြည်းဖြည်းတိုးလာနေတယ်၊ တိုက်ပွဲတွေကလည်း နေ့တိုင်းလိုလိုဖြစ်လာနေတာ တိုက်ပွဲတွေစိပ်လာပြီး ဒီလိုမျိုးတရုတ်စစ်တပ်က နယ်စပ်ကို အင်အားအများကြီးဖြည့်လာတာဟာ KIA ကိုတရုတ်ဘက်က ဖိအားပေးတာဖြစ်နိုင်ကြောင်း KIA ဗဟိုစစ်ရုံးချုပ်ကို မြန်မာစစ်တပ်က ထိုးစစ်ဆင်ရင် တရုတ်ပြည်ထဲကိုကျော်ပြီး ထွက်ပြေးလာမဲ့ KIA စစ်သားကို လက်နက်သိမ်းမယ် ပြီးရင်မြန်မာအစိုးရကို အပ်နှံသွားမယ် တရုတ်ပြည်ထဲကိုတော့ အ၀င်မခံဖို့ နှစ်ဘက်ညှိုနှိုင်းထားနိုင်ကြောင်း  ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုပါတယ်။
ကချင်ပြည်နယ်အတွင်းမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်စေဖို့ KIA မှ အဓိက ဖိအားပေးခဲ့ပါတယ်၊ တရုတ်နိုင်ငံက လာလုပ်တဲ့အလုပ်သမားတွေကိုလည်း KIA မှ အတင်းအဓမ္မ ပိုက်ဆံကောက်တာတွေ သတ်ဖြတ်တာတွေကြောင့် တရုတ်အလုပ်သမားများက တရုတ်အစိုးရဆီမှာ တိုင်ကြားခဲ့ကြကြောင်းလည်း သိရပါတယ်။
တရုတ်မြန်မာနှစ်နိုင်ငံပူးပေါင်း လုပ်ဆောင်သည့် တရုတ်စီးပွားရေးလုပ်ငန်းတော်တော်များများကို KIA မှကန့်ကွက်နှောင့်ယှက်ခဲ့တာကြောင့် မြစ်ဆုံစီမံကိန်းအပါအ၀င် အခြားစီမံကိန်းလုပ်ငန်းများ တိုးတက်မှု နှောင့်နှေးခဲ့ရပြီး တရုတ်နိုင်ငံအတွက် အများကြီးထိခိုက်နစ်နာခဲ့ရကြောင်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
အောက်တိုဘာ ပထမပတ်တုန်းက တရုတ်မြန်မာနယ်စပ်တစ်လျှောက် ရင်ကျန်းမှာတရုတ်စစ်သား ၃၀၀၀ ကျန်းဖုန်းမှာ ၁၅၀၀ ကိုနယ်စပ်တစ်လျှောက် ဖြန့်ချထားခဲ့ပြီး အခုထပ်ရောက်နေတဲ့  စစ်သား ၁၀၀၀ အပါအ၀င် တရုတ်မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်အင်အား ၅၅၀၀ ခန့်ရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။  
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"