
မြန်မာအစိုးရ စစ်သားများ ပစ်ခတ်မှုကြောင့် ဒဏ်ရာဖြင့် ကေအိုင်အို လိုင်ဇာ ဆေးရုံတွင် ရောက်ရှိနေသော ဦးဂျန်ခန်နော်
ဂျန်ခမ်နော် အား အောက်တိုဘာ ၁၇၊ တနင်္လာနေ့ ညနေပိုင်း ၃ နာရီအချိန်တွင် မြန်မာစစ်တပ် ဒေါ့ဖုန်းယန်အခြေစိုက် ခမရ (၄၃၈)နှင့် ဆင်ဘိုအခြေစိုက် ခလရ (၁၄၁)တို့မှ တပ်သားများ ပစ်ခတ်ခဲ့သည်ဟု မျက်မြင်သက်သေများ ပြောဖြစ်သည်။
၎င်းတပ်ဖွဲ့တို့သည် နမ်ဆန်ယန်ကျေးရွာ ရပ်ကွက် (၃) ဘက်သို့ဝင်လာပြီး အိမ်ခြံစည်းရိုးကာနေသော အပြစ်မဲ့ ကချင်အဘိုးအို ဦးဂျန်ခမ်နော် အား ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု ရွာသားများ ကချင်သတင်းဌာန သို့ ပြောပါသည်။

မြန်မာအစိုးရ စစ်သားများ ပစ်ခတ်မှုကြောင့် ဒဏ်ရာဖြင့် ကေအိုင်အို လိုင်ဇာ ဆေးရုံတွင် ရောက်ရှိနေသော ဦးဂျန်ခန်နော်
နမ်ဆန်ယန်ကျေးရွာ (Nam San Yang) သည် မြစ်ကြီးနား-မန်မော် (ဗန်းမော်) ကားလမ်းမပေါ်တွင်ရှိပြီး KIO မြို့တော် လိုင်ဇာနှင့်လည်း အနည်းငယ်အကွာတွင် တည်ရှိသည်။
မြန်မာအစိုးရက KIA အား ဇွန် ၉ ရက်နေ့တွင် စတင်တိုက်ခိုက်လိုက်ပြီးနောက် နမ်ဆန်ယန် သည် စစ်မြေပြင်တစ်ခု ဖြစ်လာသည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !