ထိပ်ဆုံး သတင်း :
Home » » ကျောင်းသားတပ်မတော် ဋ္ဌဌာနချုပ် ဖွင့်ပွဲ နိုဝင်ဘာ ၁ ရက်နေ့တွင် ကျင်းပမည်

ကျောင်းသားတပ်မတော် ဋ္ဌဌာနချုပ် ဖွင့်ပွဲ နိုဝင်ဘာ ၁ ရက်နေ့တွင် ကျင်းပမည်

10/31/2011 09:46:00 PMတွင်ရေးသည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (မြန်မာပြည်မြောက်ပိုင်း)၏ ဋ္ဌဌာနချုပ် ဖွင့်ပွဲ အခမ်းအနားအား ၂၃ နှစ်မြောက်ကျောင်းသား တပ်မတော်မွေးနေ့ ကျရောက်မည့် လာမည့်နိုဝင် ဘာ ၁ ရက် နေ့တွင် KIO ဋ္ဌဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီး တောတွင်းတစ်နေရာ၌ ကျင်းပမည်ဖြစ် ကြောင်း သိရသည် ။

ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ဋ္ဌဌာနချုပ်ဖွင့်ပွဲအား ၂၃ နှစ်မြောက် ကျောင်းသားတပ်မတော်မွေးနေ့ နှင့် အတူကျင်းပသွားမည်ဟု အမည်မဖေါ်လိုသည့် မကဒတ(မပ) အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
http://www.mongloi.org/burmese/images/stories/newspictures/2011/october/004_-_ABSDF.jpg
ကျောင်းသားတပ်မတော်
“နိုဝင်ဘာ ၁ ရက်နေ့ မနက် ၈ နာရီကနေစပြီး အခမ်းအနားတွေ ကျင်းပသွားမှာပေါ့။ သမိုင်းဝင် ခွပ်ဒေါင်း အလံ ပြန်လည် စိုက်ထူခွင့်ရတယ်။ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်” ဟု ၄င်းအရာရှိကဆိုသည်။

၁၉၉၄ ခုနှစ်က KIOနှင့် SLROC နဝတ စစ်အစိုးရတို့ နှစ်ဘက် အပစ်အခတ်ရပ်ဆဲခဲ့ရာ တိုက်ခိုက်ရေးအင်အား ၃၀ဝ ကျော်ခန့်ရှိ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) အဖွဲ့သည် ကချင်ပြည်နယ်အတွင်းမှ ထွက်ခွာခဲ့ရပြီးယခုနှစ် ဇွန်လဆန်း ပိုင်းတွင် KIO နှင့် စစ်အစိုးရတပ်များ နှစ်ဘက်စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာအဆိုပါ ကျောင်းသား တပ်မတော်သည် ကချင်ပြည်နယ်အတွင်း ပြန်လည်အခြေစိုက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"