ထိပ်ဆုံး သတင်း :
Home » » ကလေးစစ်သား အမှု အိုင်အယ်လ်အို တိုင်ကြား

ကလေးစစ်သား အမှု အိုင်အယ်လ်အို တိုင်ကြား

10/27/2011 12:18:00 PMတွင်ရေးသည်

ပြည်မြို့က အသက် (၁၄) နှစ် အရွယ် ကလေးစစ်သား အဓမ္မ စုဆောင်းခံရတဲ့ အမှုကို HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက် အကူအညီနဲ့ ရန်ကုန်မြို့ အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ တိုင်ကြားလိုက်တယ်လို့ သိရပါတယ်။
Photo: RFA
၂၀၁၁ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်မှာ မြန်မာကလေးစစ်သားဟောင်း မောင်ဟိန်းမင်းအောင် ကိုယ်တိုင် သူကိုယ်တိုင် တွေ့ကြုံခဲ့ရသည့် ကလေးစစ်သား ဘ၀အကြောင်း တက်ရောက် ထွက်ဆိုခဲ့ပါသည်။
ပြည်မြို့ ကိုးသောင်းဘုရားအနီး ရဘဲ ရပ်ကွက်နေ ဦးခင်ဝင်း ၊ ဒေါ်နန်းအေး တို့ရဲ့ သား မောင်နေမင်းမောင်မောင်ဟာ အခုနှစ် ဇူလိုင်လအတွင်း ကလေးစစ်သား စုဆောင်းခံရပြီး မွန်ပြည်နယ် သထုံမြို့ လေ့ကျင့်ရေးတပ်မှာ ရောက်ရှိနေကြောင်း မိဘတွေက စုံစမ်းသိရတဲ့ အတွက် အခုလို တိုင်ကြားလိုက်တာ ဖြစ်တယ်လို့ HRDP အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်လေးက ပြောပါတယ်။ “အခုမှ ကလေးက ၁၄ နှစ် သာသာပဲ ရှိသေးတယ်။ အဲဒီကလေးက ရဘဲ ရပ်ကွက် ကိုးသောင်းဘုရားကြီး အနီးအနားကနေ ပါသွားတယ်။ ဒီနေ့ သူ့အမေက ကလေးတာဝန်ကျတဲ့ သထုံမြို့ကို လိုက်သွားတယ်။ ဒီကိစ္စကို ဒီနေ့ပဲ ကျနော်တို့က အိုင်အယ်လ်အိုကို ဒီကိစ္စကို ပို့ပေးတယ်။” မနေ့ကလည်း ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က ကလေးစစ်သား စုဆောင်းခံရတဲ့ မောင်ဝေဖြိုးမောင်ရဲ့ အမှုကို မိဘတွေက အိုင်အယ်လ်အိုရုံးမှာ သွားရောက် တိုင်ကြားခဲ့တယ်လို့ ဦးမောင်မောင်လေးက ပြောပါတယ်။ “မောင်ဝေဖြိုးမောင် ကတော့ ၁၉၉၄ မှာမွေးတယ်။ ဖခင်က ဦးခင်ဇော်၊ မိခင်က ဒေါ်စန်းစန်းနုလို့ ခေါ်ပါတယ်။ ကလေးက ၁၀ တန်းတက်နေတုန်း ပျောက်သွားတာပါ။ အဲဒီ ကလေးကတော့ အခု လက်ရှိ တပ်မ ၃၃ ရွှေဘို ကျောက်မြောင်း တပ်မှာ ရောက်နေပါတယ်။ ဒီကလေး အတွက်လည်း မနေ့ကပဲ သူ့မိဘများနဲ့ အိုင်အယ်လ်အိုကို အကူအညီ သွားရောက် တောင်းခံထား ပါတယ်။” မြန်မာနိုင်ငံ အနှံ့အပြားမှာ ကလေးစစ်သား အဓမ္မ စုဆောင်းမှုတွေ ဆက်လက် ရှိနေဆဲဖြစ်ပြီး အခု အောက်တိုဘာလ အတွင်း HRDP အဖွဲ့ရဲ့ အကူအညီနဲ့ အိုင်အယ်လ်အိုရုံးမှာ တိုင်ကြားတဲ့အမှု ၁၀ မှုရှိကြောင်း၊ အခု ၂၀၁၁ ခု နှစ်ဆန်းပိုင်းက စလို့ အောက်တိုဘာ တတိယပတ်အထိ HRDP အကူအညီနဲ့ အိုင်အယ်လ်အိုမှာ တိုင်တန်းခဲ့တဲ့ အမှု (၄၀) လောက် ရှိတဲ့အထဲက ကလေး (၄) ယောက်ကိုတော့ သက်ဆိုင်ရာ စစ်တပ်ကနေ မိဘရပ်ထံ ပြန်လည် ပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"