ထိပ်ဆုံး သတင်း :
Home » » မြန်မာတပ်အချင်းချင်းမှားပစ် ၆ ယောက်ထက် မနည်းသေ

မြန်မာတပ်အချင်းချင်းမှားပစ် ၆ ယောက်ထက် မနည်းသေ

10/20/2011 12:08:00 AMတွင်ရေးသည်

သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ်အတွင်း လှုပ်ရှား နေသည့် မြန်မာစစ်တပ် စစ်ကြောင်းတကြောင်းလူစု ခွဲပြီး ကျေးရွာ အတွင်းဝင်ရာ အချင်းချင်းပြန်လည် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံသတင်းရပ်ကွက် မှ သိရပါသည်။

“ သူတို့တွေ နှစ်ဖွဲခွဲပြီး ရွာထဲဝင်တယ်။ တဖွဲ့ကမြောက်ဘက်က  တဖွဲ့ကတောင်ဘက်က ဝင်ကြတယ်။မြောက်ဖက် က ဝင်လာတဲ့ တဖွဲ့က ရွာထဲအရင်ရောက်တယ်၊ ရွာက ဘုန်းကြီးကျောင်းမှာလဲ သီတင်းကျွတ်ပွဲ လုပ်နေတာလေ။ တောင် ဖက်ကဝင်လာတဲ့အဖွဲ့  မိုင်းဆိန်ချောင်းကူးတံတား နားရောက်တော့ ကေအိုင်အေ ထောင်ထားတဲ့ မိုင်း နင်းမိတာ။ နှစ်ဖွဲ့လုံးလှန့်ပြီး အချင်းချင်းပြန်တိုက်တာ။ ကချင်တပ် တော့ ရွာထဲမှာ မရှိပါဘူး” - ဟု ဒေသခံစိုင်းခွန် ကပြောပါသည်။
http://www.mongloi.org/burmese/images/stories/newspictures/2011/october/army-post.jpg
မြန်မာစစ်သား
အောက်တိုဘာ ၁၂ ရက် သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ် မိုင်းတတ်ကျေးရွာအုပ်စုဝင် မိုင်းဆိန်ရွာဘက် (နမ္မတူမြို့ နှင့် ၄ မိုင်အကွာ) နယ်လှည့်သည့် ခလရ ၁၄၇ လက်အောက်ခံ စစ်ကြောင်းမြန်မာ့စစ် ကြောင်း တကြောင်း က နှစ်ဖွဲ့ခွဲပြီးရွာ အတွင်း ဝင်ကြောင်း၊ တဖွဲ့က မိုင်းဆိန်ချောင်းကူး တံတားအနီး KIA တပ်ဖွဲ့ ထောင်ထားသော မှိုင်း ၂  လုံးကို နင်းမိ ရာမှရွာအတွင်း အရင်ရောက်သည့်အဖွဲ့နှင့်အပြန်အလှန်မှား ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း၊ ထိုတိုက်ပွဲကြောင့် ၆ ယောက် ပွဲချင်းပြီးသေဆုံးပြီး အရာရှိနှစ်ဦးအပါဝင် ၇ ဦး ဒဏ်ရာ ရှိကြောင်း - အမည် မဖေါ် လိုသူ ရပ်မိရပ်ဖတဦးကပြော ပါ သည်။

“တနာရီ နီးနီးပစ်ခတ်တယ်။ ရွာပြင်မှာ ရှိတဲ့အဖွဲ့က ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တယ်။ ၃ လုံးက ဘုန်းကြီး ကျောင်းဝင်း အတွင်းကျတယ်။ ကျန် ၄ လုံးက ဒေသခံရဲ့ အိမ်တွေထိမှန်တယ်။ လူထုတော့ ထိခိုက်ဒဏ် ရာရ တာမရှိဘူး၊ ဒါပေမယ့် အဲကတည်းက စပြီး ဘယ်သူမှ ရွာအတွင်းမနေရဲတော့ဘူး။ နမ္မတူမြို့ပေါ် ရှောင် တိမ်းတာနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားခိုကပ်ပြီးနေရကြရတယ်” - ဟု ဒေသခံဝန်ထမ်းတဦးကလည်း ပြောပြပါသည်။

ထို့နေ့ (၁၂/၁၀/၁၁) ရက်၌ပင် မန်တုံမြို့နယ် ပန်ဝါလုရွာဘက် လှုပ်ရှားသော ခမရ ၃၂၄ ဒုတပ်ရင်းမှူး ဇော်မျိုးအောင် နှင့် ဗိုလ်ကြီးဇင်မြတ်လင်းတို့ ဦးဆောင်သော စစ်ကြောင်းတကြောင်းက ပန်ဝါလု ရွာသူရွာသား ၇၀ ကျော်အားဖမ်းဆီး ချုပ်နှောင်ကြောင်း၊ ပန်ဝါ ရွာသူကြီးနှင့် ဆိုင်ရှင် ဦးမာထွန်းအား ゞင်း၏ဆိုင်ရှေ့၌  တနေကုန် ကြိုးတုပ်နေ လှန်းထား ပြီးရိုက်နှက်စစ်ဆေးကြောင်း၊ အဆိုပါပုဂ္ဂိုလ်နှစ်ယောက်စလုံးမျက်နှာများကွဲအက်ပြီး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း၊ ဒေသခံရွာသားအချို့အားလည်း  စစ်ကြောင်းကြားညှပ်၍ ခရီးဆက်ကြောင်း - ဒေသခံ ကချင်အမျိုးသားတဦးက ပြောပါ သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့ကလည်း အဆိုပါ ခမယ ၃၂၄ အား ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ က ၁၅ မိနစ်ကြာ ခြုံခိုတိုက်ခိုက်ရာ နှစ်ဦးပွဲချင်းပြီးသေဆုံးကြောင်း၊ ဒဏ်ရာရသူ ၄ ဦးအနက် တဦးက နမ္မတူမြို့ မန်တတ် ကျေးရွာ အုပ်စု တိုက်နယ် ဆေးရုံ၌သေဆုံးသွားကြောင်း၊ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ခြင်း ခံရသည့် ရွာသားနှစ်ယောက်လည်း ပေါင်၊ ခြေ ထောက်၊ ဝမ်းဗိုက်တို့၌ အသီးသီးဒဏ်ရာ ရရှိကြောင်းဒေသခံ များပြောပြချက် အရသိရပါသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"