ထိပ်ဆုံး သတင်း :
Home » » နိုင်ငံရေး အကျဉ်းသားများ လျှော့ရက်ရရေး အစာငတ်ခံ ဆန္ဒပြ

နိုင်ငံရေး အကျဉ်းသားများ လျှော့ရက်ရရေး အစာငတ်ခံ ဆန္ဒပြ

10/26/2011 10:08:00 PMတွင်ရေးသည်


ချင်းမိုင်(မဇ္စျိမ) ။      ။ ထောင်ဒဏ် လျှော့ရက် ရရှိရေးအတွက် ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက  ဗုဒ္ဓဟူးနေ့ မွန်းတည့်မှစ၍ အစာငတ်ခံ ဆန္ဒပြမှု စတင်နေပြီဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်က ထုတ်ပြန်လိုက်သည်။

အဆောင် ၅ ဒုထောင်မှူး ဦးမြင့်မောင်မှ တဆင့် ထောင်တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းနိုင်အား နေ့လည်စာ ထမင်း မစားတော့ဘဲ အစာငတ်ခံ ဆန္ဒပြမှု စတင်ကြောင်း အကြောင်းကြားလိုက်ပြီး ဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြ ထားသည်။

သာမန်အကျဉ်းသားများကို လျော့ရက် ခံစားခွင့်ပေးချိန်တွင် နိုင်ငံရေး အကျဉ်းသားများကို လျော့ရက် ခံစားခွင့် မပေးဟု ကွန်ယက်အဖွဲ့၏ တာဝန်ခံ ကိုအောင်ဇော်ထွန်းက ပြောသည်။

“သူတို့ရဲ့ တောင်းဆိုချက်ကို မရမချင်း အစာငတ်ခံ ဆန္ဒပြမယ်
innsein
အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက အစာငတ်ခံ ဆန္ဒပြ
ဆိုတာကို ထုတ်ပြန်ထားတာ ဖြစ်တယ်။ သူတို့ ရည်ရွယ်ချက်ကို ဘယ်လောက် အတိုင်းအတာအထိ အကောင်အထည် ဖော်ပေး သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ရှည်ကြာသွားမှာပါ” ဟု ကိုအောင်ဇော်ထွန်းက ပြောသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ် ၃၄၇ တွင်  “နိုင်ငံတော်
သည် မည်သူ့ကို မဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်
အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကို
လည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။”ဟု ဖော်ပြ
ထားကြောင်းလည်း သူက ညွှန်းဆိုလိုက်သည်။

အကျဉ်းဦးစီး၏ ထောင်လက်စွဲအရလည်း သေဒဏ်ကျ အကျဉ်းသားများ၊ နှစ်အကန့်အသတ် မရှိနှင့် ထောင်တသက် တကျွန်း ကျခံနေရသော အကျဉ်းသားများမှလွဲ၍ အကျဉ်းသားတိုင်း လျှော့ရက် ခံစားခွင့်ပေးရန် ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများကို လျှော့ရက်ခံစားခွင့် ပိတ်ပင်မှုကို ၁၉၉၇ ခုနှစ်ကတည်းက စတင်ခဲ့ သည်။

sandapya
အင်းစိန်အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူများထဲမှ ပါဝင်သည့်သူအချို့
sandapya1
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"