ထိပ်ဆုံး သတင်း :
Home » » ကချင်ပြည်နယ် မံစီမြို့နယ်တွင် မြန်မာစစ်သား ၁၀ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ကချင်ပြည်နယ် မံစီမြို့နယ်တွင် မြန်မာစစ်သား ၁၀ ဦးသေ၊ ၂ ဦးဒဏ်ရာရ

10/13/2011 12:17:00 PMတွင်ရေးသည်

manje-makau-oct12myenကချင်ပြည်နယ်တောင်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာအစိုးရတပ်ကြား နေရာ ၅ ခုတွင် တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရတပ်သား ၁၀ ဦင်္းသေဆုံးကာ ၂ ဦးဒဏ်ရာရရှိသည်ဟု မျက်မြင်သက်သေများ ပြောသည်။

တိုက်ပွဲဖြစ်ရာဒေသမှာ ဗန်းမော်ခရိုင် မန်ဂျေ(မံစီ)မြို့နယ် KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၂၇) ထိန်းချုပ်ရာဒေသတွင် ဖြစ်သည်ဟု ဆိုသည်။

မန်ဂျေနှင့် မုန်းခေါင်ကြား လမ်းဘေးတွင် မြန်မာအစိုးရတပ်သား ၈ ဦးအားမြုပ်နှံထားသည်ကိုတွေ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။ ဗန်းမော်နယ်မြေခံ ခလရ (၄၇) မှ တပ်သားများဖြစ်သည်ဟုလည်း ပြောသည်။

ထို့အပြင် နမ်ခမ်းနှင့် ရွှေလီရေအားလျှပ်စစ်စက်ရုံကြား မြန်မာအစိုးရတပ်၏ ဂျေလုံးစခန်းအား KIA တပ်ရင်း (၂၇) က တိုက်ခိုက်ရာ မြန်မာအစိုးရတပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသည်ဟု KIA အရာရှိများ ပြောသည်။

ကျဆုံးမြန်မာအစိုးရတပ်သားများသည် ရွှေလီရေလျှပ်စစ်စက်ရုံအား အဓိက လုံခြုံရေးပေးနေသည့် မိုင်းကပ် (Mankat) အခြေစိုက် ခလရ (၁၄၄) မှဖြစ်သည်ဟု ဆိုသည်။

ဗန်းမော်-မန္တလေးရထားလမ်း နှစ်နေရာတွင်လည်း မြန်မာအစိုးရစစ်ကြောင်းတစ်ခု ဖြတ်သန်းစဉ် ဗုံးပေါက်ကွဲခဲ့သည်ဟု သိရသည်။ သေဆုံးဒဏ်ရာရရှိမှု ရှိမရှိမသိရသေးပါ။

ယမန်နေ့ကလည်း မြန်မာအစိုးရစစ်သား အလောင်း ၄ လောင်းအား မန်ဂျေမြို့အရှေ့ပိုင်း တိုက်ပွဲဖြစ်ရာဒေသ အင်ဒုံဒိန်ဆာ တွင် တွေ့ခဲ့ကြသေးသည်။

အောက်တိုဘာ ၇ ရက်ကတည်းက မန်ဂျေမြို့နယ်အတွင်း တပ်ရင်း (၂၇) ဒေသတွင် နှစ်ဖက်ကြားတိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားကာ  ဗန်းမော်နယ်မြေခံ ခလရ (၄၇)နှင့် မန်ဂျေနယ်မြေခံ ခမရ (၆၀၁)မှ မြန်မာအစိုးရတပ်သား ၁၀၀ ခန့်ပါဝင်သည်ဟု KIA အရာရှိများပြောသည်။

ဇွန် (၉) ရက်တွင် မြန်မာအစိုးရတပ်က KIA ကို ထိုးစစ်ဆင်လာပြီးနောက် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ပြည်တွင်းစစ် အရှိန် ပြင်းထန်လာသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"