ထိပ်ဆုံး သတင်း :
Home » » ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဝန်ကြီး ​ဦး​အောင်ကြည်​ တတိယအြကိမ် တွေ့​ဆုံ​ဆွေး​နွေး

ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဝန်ကြီး ​ဦး​အောင်ကြည်​ တတိယအြကိမ် တွေ့​ဆုံ​ဆွေး​နွေး

10/01/2011 03:31:00 PMတွင်ရေးသည်



အမျိုး​သား ​ဒီမိုက​ရေစီ အဖွဲ့​ချုပ် အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ပြည်​ထောင်စု ဝန်ကြီး​ဦး​အောင်ကြည်အား​စက်တာဘာ(၃၀)ရက်မွန်း​လွဲ (၁) နာရီမှ (၂:၁၇) နာရီ အထိ ရန်ကုန်မြို့​ရှိ စိမ်း​လဲ့​ကန်သာဧည့်​ဂေဟာတွင်​ တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​သည်။ တွေ့​ဆုံ​ဆွေး​နွေး​ပွဲ အြပီး​တွင် အေထွ​ထွေ အတွင်း​ရေး​မှူး ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဝန်ကြီး​ ဦး​အောင်ကြည်တို့​သည် ဧည့်​ဂေဟာ အြပင်ဘက်တွင် လာ​ရောက် စောင့်​ဆိုင်း​နြေက​သော ပြည်တွင်း၊ ​ပြည်ပ စာနယ်ဇင်း​များ​မှ သတင်း​စာဆရာများ​အား ​လက်ခံ​တွေ့​ဆုံသည်။

ယင်း​သို့​တွေ့​ဆုံရာတွင် ဝန်ကြီး​ ဦး​အောင်ကြည်က ပူး​တွဲ​ကြေညာချက် တေစာင်ကို ဖတ်ကြား​ပြသည်။ ထို့​နောက် သတင်း​ထောက်များ​၏​ မေး​ခွန်းများ​ကို နှစ်ဦး​စလုံး​က​ ဖြေကြားကြသည်။

ကြေညာချက်နှင့်​အ​မေး​အ​ဖြေ များ​ကို​အောက်တွင်​ဖေါ်ပြထား​သည်။

ကြေညာချက်

ပြည်​ထောင်စုသမ္မတ မြန်မာနိုင်ငံ​တော် အစိုး​ရအဖွဲ့​၏ ဖိတ်ကြား​ချက်အရ​ ဒေါ်​အောင်ဆန်းစုကြည်သည် စိမ်း​လဲ့​ကန်သာ ဧည့်​ဂေဟာတွင် ပြည်​ထောင်စုဝန်ကြီး​ ဦးအောင်ကြည်အား​ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မွန်း​လွဲ ၁ နာရီ မှ ၂ နာရီ ၁၇ မိနစ် အထိ လာ​ရောက်​ တွေ့​ဆုံခဲ့​ပါသည်။

ယ​နေ့​တွေ့​ဆုံမှု​တွင် နိုင်ငံ​တော်သမ္မတြကီး​က လွတ်ငြိမ်း​ချမ်း​သာခွင့်​ ပေး​ရန် စဉ်း​စား ​ဆောင်ရွက်​နေသည့်​ကိစ္စ၊​ ဧရာတီ မြစ်​ကြောင်း ​ထိန်း​သိမ်း​ရေး​အတွက် နှစ်ဖက်ပူး​ပေါင်း ​ဆောင်ရွက်နိုင်မည့်​ နည်းလမ်း​များ​ကိစ္စ၊​ ဥပ​ဒြေပင်ပတွင် လက်နက်ကိုင်​ဆောင် ဆန့်​ကျင်​နေသူများ​ကို ဥပ​ဒေဘာင် အတွင်း​ ထာဝရ ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်​ပေး​ရန် နိုင်ငံ​တော် အစိုး​ရက ကြိုး​ပမ်း​ဆောင်ရွက်​နေသည့်​ကိစ္စများ​နှင့်​ ပြည်တွင်း ​တည်ငြိမ်​ရေး​နှင့်​ တရား​ဥပ​ဒေ စိုး​မိုး​ရေး​အတွက် ပူး​ပေါင်း​ဆောင်ရွက်​ရေး​ကိစ္စတို့​ကို ​ဆွေး​နွေး​ခဲ့​ကြပါသည်။
တွေ့​ဆုံ​ဆွေး​နွေး​မူ့​များ​ကိုဆက်လက်ပြုလုပ်သွား​ရန် သ​ဘောတူခဲ့​ကြပါသည်။

အ​မေး ​အ​ဖြေများ

မေး​ ။ ။ ကျ​နော် ​အောင်လှထွန်း​ပါခင်ဗျာ၊ ရိုက်တာသတင်း​ဌာနကပါ။ ​မေး​ခွန်း​တခုထဲ​မေး​ခွင့်​ရှိတာဆို​တော့​ နဲနဲ​မေး​ခွန်း​ကနဲနဲပြည့်​စုံချင်လို့​။ ကျ​နော် နှစ်​ယောက် စလုံး​ကို​မေး​ချင်တာပါ… အစ်မ​ရော ဝန်ကြီး​ကို​ရော​မေး​ချင်ပါတယ်။ ဟိုလွန်ခဲ့​တဲ့​ တပတ်​လောက်က​ပေါ့​လေ။ ဦး​ခင်​အောင်မြင့်​က က​ဗ္ဘောဒီး​ယား​မှာ​ပြောသွား​ပါတယ်။

တကယ်လို့​ အစ်မသာပါလီမန်ထဲကို ဝင်လာခဲ့​မယ်ဆိုရင် လက်ကမ်း​ကြိုဆိုမယ်လို့​ ​ပြောသွား​ပါတယ်။ အစ်မ ဝင်ဖို့​ကျ​တော့​ ကျ​နော်တို့​ သိထား​တာက တက်ကနီကယ်လီ နဲနဲအဆင်မ​ပြေဖစ်​နေပါတယ်။ အစိုး​ရဖက် အဲဒါကို ဝင်ဖို့​အဆင်​ပြေ​အောင် လုပ်​ပေး​နိုင်မဲ့​အ​နေအထား​ရှိပါသလား​။ ဒါက​တော့ ဝန်ကြီး​ကို​ မေး​တဲ့​မေး​ခွန်း​ပါ ။ 

နောက်တပိုင်း​က​တော့​ အစ်မကို​မေး​တဲ့​ ​မေး​ခွန်း​ပါ။ တကယ်လို့​ အစိုး​ရဖက်ကသာ အဲဒါကိုနဲနဲပါး​ပါး​ ပြုပြင်​ပေး​မယ်ဆိုရင် NLD ကို ရက်ဂျီစတာလုပ်ပြီး​တော့​ ဘိုင်အီလက်ရှင်ဝင်ဖို့​ အစီအစဉ် ရှိပါသလား။ အစ်မကိုယ်တိုင် ဝင်မယ်လို့​များ​ မှန်း​ထား​တာရှိပါသလား
ကျေး​ဇူး​တင်ပါတယ် ခင်ဗျာ…..။


ဖြေ ။ ။ (ဦး​အောင်ကြည်) ကျ​နော့်​အ​နေနဲ့​ ဦး​စွာ​ဖြေရမယ် ဆိုလို့​ရှိရင် ဥပ​ဒေနဲ့​အညီ မှတ်ပုံတင်ပြီး​သွား​တဲ့​ အချိန်မှာ ကျ​နော် တို့​ NLD နဲ့​ အတူတူ လက်တွဲပြီး​တော့​ ​ဆောင်ရွက်သွား​ဖို့​ အတွက် အြမဲတမ်း​ ကြိုဆိုလျှက်ရှိပါတယ် ဆိုတဲ့​အ​ကြောင်း ​ပြောကြား​လိုပါတယ်။


ဖြေ ။ ။ (​ဒေါ်​အောင်ဆန်း​စုကြည်) ကျမ NLD အတွက် အား​လုံး​အတွက် ​ပြော​ပေး​လို့​မရဘူး​လေ။ စီအီး​စီကိုပထမတင်ပြရဦး​မှာ ၊​အဲ​တော့​ စီအီး​စီကိုတင်ပြပီး​မှပဲကျမတို့​ ဘယ်လိုဘယ်ပုံဆိုတာ​ပြောမယ် ။

(​ရွေး​ကောက်ပွဲဝင်​ရေး​ကိစ္စ သတင်း​ထောက် ကထပ်ဆင့်​ ​မေး​မြန်း​သည်။)

ဖြေ ။ ။ (​ဒေါ်​အောင်ဆန်း​စုကြည်) ကျမတို့​က ​ရွေး​ကောက်ပွဲကိုမူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး​။ ရွေး​ကောက်ပွဲဆိုတာ ဒီမိုက​ရေစီစနစ်ရဲ့​ အစိတ်အပိုင်း​ဖြစ်တယ်ဆိုတာ ကျမတို့​လက်ခံပြီး​သား​ပါ။ ဒီ​တော့​ ​ရွေး​ကောက်ပွဲဝင်ပုံဝင်နည်း​၊​ အ​ခြေအ​နေ၊​ အခင်း​အကျင်း​အရ ဒါကိုပဲ ကျမတို့​က ကြည့်​မှာ ဖြစ်ပါတယ် ။

မေး​ခွန်း​တခုပဲကျန်ပါ​တော့​ သည် ဟုဦး​အောင်ကြည်မှ ကြား​ဖြတ်​ပြောသည်။

မေး​ ။ ။ ဟုတ်ကဲ့​ ဆက်ပြီး​မေး​ချင်ပါတယ် ….ကျ​နော် က​ဒေါက်တာ​ဇော်သန်း​ပါ။ အဆာဟိရှင်ဘွန်း​ကပါ ​ဒေါ်​အောင်ဆန်း​စုကြည်ကို​ မေး​ချင်ပါတယ်။ နိုင်ငံ​တော်သမ္မတဦး​သိန်း​စိန်က ဒီမြစ်ဆုံ​ရေအား​လျှပ်စစ် စီမံကိန်း​ကို​ခေတ္တရပ်ဆိုင်း​လိုက်တာနဲ့​ ပတ်သက်လို့​ အစ်မရဲ့​ သ​ဘောထား​အြမင်ကိုသိချင်ပါတယ်။

ဖြေ ။ ။ (​ဒေါ်​အောင်ဆန်း​စုကြည်) ကျမနား​လည်သ​လောက် က ဒီမနက်က​နြေပီး​တော့​ လွှတ်​တော်ကိုသမ္မတဆီက​နေ သဝဏ်လွှာ ပို့​တယ်လို့​ ​ပြောပါတယ်။ အဲဒီ သဝဏ်လွှာမှာဆိုရင် သမ္မတြကီး​က​နြေပီး​တော့​ ပြည်သူလူထုရဲ့​ စိုး​ရိမ်မှု့​တွေ ​ကြောင့်​ကြမှု့​တွေကို ​ထောက်ထား​ပြီး​တော့​ မြစ်ဆုံ​ရေကာတာစီမံကိန်း​ကိုရပ်ဆိုင်း​ထား​မယ်လို့​ ဒီလိုမှာကြား​လိုက်တယ်လို့​ ကျမနား​လည်ပါတယ်။
ဒါက​တော့​ ကျမအြမင်မှာ​တော့​ ပြည်သူ့​ရဲ့​ အသံကိုနား​ထောင် တယ်ဆိုတာအင်မတန်မှ ​ကောင်း​ပါတယ်။ ဒီဟာဟာ အစိုး​ရတိုင်း​ လုပ်ရမဲ့​ကိစ္စပါ။ ပြည်သူရဲ့​ အသံကိုနား​ထောင်ရမယ်။ ပြည်သူရဲ့​ စိုး​ရိမ်​ကြောင့်​ကြမှု့​တွေကိုတကယ်ပဲ​လေး​လေး​နက်နက် ထား​ပြီး​တော့​ဖြေရှင်း​ပေး​ရမယ်။

အဲဒါ​ကြောင့်​မို့​လို့​ ကျမဒါကို ကြိုဆိုပါတယ်။

ကဲ အား​လုံး​ကျေး​ဇူး​တင်ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"