ထိပ်ဆုံး သတင်း :
Home » » ကချင် အနုပညာရှင်များမှ စစ်ဘေးဒုက္ခသည် များအတွက် စတိတ်ရှိုးပြုလုပ်ကာ ရန်ပုံငွေရှာ

ကချင် အနုပညာရှင်များမှ စစ်ဘေးဒုက္ခသည် များအတွက် စတိတ်ရှိုးပြုလုပ်ကာ ရန်ပုံငွေရှာ

10/03/2011 04:25:00 PMတွင်ရေးသည်

ကချင် အနုပညာရှင်များ

ကချင် အနုပညာရှင်များမှ ဦးစီးပြုလုပ်သည့် စစ်ဘေး ဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေသည့် အနုပညာ ဖျော်ဖြေပွဲကို တရုတ်နိုင်ငံ၊ ရှမ်း/ကချင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တဲဟုန်တိုင်း၊ ရွှေလီမြို့၊ ကချင်ရိုးရာ မနောကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အနုပညာဖျော်ဖြေပွဲသည် စစ်အာဏာရှင် အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A အကြား ဖြစ်ပွားနေသည့် စစ်ကြောင့် ဒုက္ခရောက်နေသော ဒုက္ခသည်များအား ကူညီ နိုင်ရန်အတွက် ရည်ရွယ်ကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောကြားသည်။

ကချင် အဆိုတော်များဖြစ်သည့် လဖိုင် ဇော်ခမ်း၊ ဒရှီ ဂွန်းလာ၊ Plus three (+3) ၊ အော်ရာလီ၊ လရှမ်း ခါးလီ၊ လရှမ်း တူးမိုင်၊ ဖောင်ဒါ ဂွန်း၊ ဘရန်ဆန် (hkrum)၊ စကိုင်း၊ အင်ခွန် ဘရန်တေင်၊ မရန် ဆိုင်ဖုန်း၊ ကေ. ဆိုင်းလတ်၊ အင်ခွန် ခမ်းအောင်၊ မင်းဇိုင်း လွမ်းနော၊ ကရိုင် ကိုင်ဒင့်၊ လဆန် ဂျီးဘူ၊ လဂွီ ယော်မျှော်၊ လရှီး ခေါန်ခေါန်၊ အင်ခွန် ထုဆိုင်း၊ ယိန်းယိန်းခဲ (ခ) ခေါန်ထွဲ၊ လုပန်ခေါင် နှင့် ဒေသခံ အဆိုတော်များ ဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

ဖျော်ဖြေပွဲအတွက် ကျေးဂျူးကမ္ဘာတီးဝိုင်းမှ စက်နှင့်တကွ တီးဝိုင်းအဖွဲ့သားများပါ မေတ္တာဖြင့် ကူညီ ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲမှ စစ်ဘေး ဒုက္ခသည်များအတွက် အလှူငွေ ယွမ် ကိုးသောင်း (၉၀၀၀၀) ကျော် ရရှိခဲ့ကြောင်း သိရှိရသည်။ ယခုကဲ့သို့ အနုပညာ ဖျော်ဖြေပွဲများကို အခြား နေရာများတွင်လည်း ဆက်လက် ပြုလုပ်သွားမည်ဟု ပွဲစီစဉ်သူ တစ်ဦးထံမှ သိရသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"