ထိပ်ဆုံး သတင်း :
Home » » အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး သမ္မတ အကြံပေးအဖွဲ့၊ လူမှုရေးအဖွဲ့တွေနဲ့ တွေ့

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး သမ္မတ အကြံပေးအဖွဲ့၊ လူမှုရေးအဖွဲ့တွေနဲ့ တွေ့

10/30/2011 12:23:00 AMတွင်ရေးသည်

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန် လွှဲပြောင်းပေးရေးကိစ္စ လေ့လာဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါဟာ သမ္မတအကြံပေးအဖွဲ့ဝင် ၆ ဦးနဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေက ရန်ကုန်မြို့ မှာ တွေ့ဆုံခဲ့ပါတယ်။
World Economic Forum
နိုင်ငံတကာညီလာခံတခုတွင် တွေ့ရသည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါ။ (World Economic Forum; Photo by Sikarin Thanachaiary)
အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေဟာ အဖွဲ့အစည်း အသိုက်အဝန်း အကုန်လုံးက ဝိုင်းဝန်းအားပေး ကူညီမယ်ဆိုရင် မြန်မြန်ဆန်ဆန် အောင်မြင်ပြီးတော့မှ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှာပဲ၊ ဒါကို နှေးသေးတယ် ဆိုပြီးတော့မှ ဟန့်တားထားအုံးမယ်ဆိုရင် အားလုံးက လိုချင်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေဟာ ကြန့်ကြာသွားလိမ့်မယ်၊ ဒါကြောင့်မို့လို့ အားပေးတာ ပိုကောင်းပါတယ်လို့ ကျနော်တို့ ဖြေလိုက်ပါတယ်”

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကတည်းက အာစီယံဥက္ကဌတာဝန်ကို ရယူဖို့ရှိခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကြောင့် နိုင်ငံတကာရဲ့ ဝေဖန်တားမြစ်မှုခံရပြီး အာဆီယံဥက္ကဌတာဝန်နဲ့ လွဲခဲ့ကာ လာမယ့် ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဌတာဝန်ကို ယူဖို့ မြန်မာအစိုးရက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။


ဆက်လက်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Marty Natalegawa ဟာ မနေ့ကညပိုင်းမှာ လူမှုအခြေပြု အဖွဲ့အစည်း ၁ဝ ဖွဲ့နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးရေးနဲ့ ပတ်သက်ပြီး ဆွေးနွေး မေးမြန်းခဲ့ပါတယ်။

မြန်မာနိုင်ငံ အာစီယံဥက္ကဋ္ဌ ဖြစ်ရေးဟာ အာစီယံနိုင်ငံတွေအတွက် အရေးကြီးတဲ့အတွက် သူ မြန်မာနိုင်ငံကို လာရောက်ရတာဖြစ်ကြောင်း Mr Natalegawa က ရှင်းပြခဲ့တယ်လို့ ဒီပွဲကို တက်ရောက်ခဲ့တဲ့ “မင်္ဂလာမြန်မာ” လူမှု ကူညီရေးအသင်း ခေါင်းဆောင် ဒေါက်တာဖုန်းဝင်းက RFA ကို ပြောပါတယ်။

“၂ဝ၁၄ ခုနှစ်က ထူးခြားပြီး အရေးကြီးတဲ့နှစ် ဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အာစီယံ Community က ၂ဝ၁၅ မှာ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အဲလို မဆောင်ရွက်ခင် နောက်ဆုံးနှစ်မှာ Chairman လုပ်မယ့်ကိစ္စက တော်တော်အရေးကြီးတယ်လို့ သူတို့အနေနဲ့ ခံယူတယ်၊ ဒီကိစ္စတွေကို သူတို့ လာလုပ်တယ်လို့ သူ ရှင်းပြတယ်”

ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ စက်မှုလုပ်ငန်းရှင်တွေ၊ မီဒီယာ အဖွဲ့အစည်းတွေ၊ ရှေ့နေအဖွဲ့အစည်းနဲ့ လူမှု အဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံ အာစီယံဥက္ကဋ္ဌ ဖြစ်ရေးအပေါ် အမြင်တွေကို အသီးသီး တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံပွဲက ဆွေးနွေးတင်ပြချက်တွေ အကြောင်း ဒေါက်တာဖုန်းဝင်းနဲ့ ဆက်သွယ် မေးမြန်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"