ထိပ်ဆုံး သတင်း :
Home » » မြစ်ဆုံစီမံကိန်းကြောင့် ထိခိုက်မှုမရှိဟု တရုတ်သတင်းစာ ရေးသား

မြစ်ဆုံစီမံကိန်းကြောင့် ထိခိုက်မှုမရှိဟု တရုတ်သတင်းစာ ရေးသား

10/07/2011 11:18:00 PMတွင်ရေးသည်

မြန်မာနိုင်ငံမှာ CPIC တရုတ် စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်းက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိနိုင်ကြောင်း တရုတ်အစိုးရပိုင် People's Daily သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။
KDNG
မြစ်ဆုံရေကာတာ တည်ဆောက်မည့် စီမံကိန်းနယ်မြေ တစိတ်တပိုင်း ဖြစ်ပါသည်။
CPIC ဟာ မြစ်ဆုံစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေဖို့အတွက် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အဲဒီ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ မကြာသေးခင် နှစ်တွေအတွင်း မြန်မာနိုင်ငံ စီးပွားရေး တည်ဆောက်မှု လုပ်ငန်းတွေမှာ တရုတ် ကုမ္ပဏီတွေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပြီး အဆင့်မြင့် နည်းပညာနဲ့ အထောက်အကူပစ္စည်း အများအပြားကိုလည်း ကူညီပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ရေအား လျှပ်စစ် စီမံကိန်းတွေဟာ မြန်မာနိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသလို တရုတ်က တည်ဆောက်ပေးထားတဲ့ ဧရာဝတီ မြစ်ကူး တံတားတွေကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို တိုးတက်စေခဲ့တယ် လို့လည်း ဆိုပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တချို့ဟာ နိုင်ငံခြား သတင်းဌာနတွေရဲ့ သြဇာလွှမ်းမိုးမှု ခံနေရပြီး အစိုးရအပေါ် အယုံအကြည် မရှိတာ တွေ့ရကြောင်း၊ ဒါ့ကြောင့် တရုတ် ရင်းနှီးမြုပ်နှံမှုတွေအပေါ် မြန်မာလူထုက အပြုသဘော ရှုမြင်တာ နည်းပါးနေတာကို တွေ့ရကြောင်း ဆောင်းပါးမှာ ရေးသားထားပါတယ်။ နောက်ထပ် သတင်းတစ်ပုဒ်မှာတော့ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးဟာ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံကို မကြာခင် သွားရောက်ဖို့ရှိကြောင်း အမည်မဖော်တဲ့ မြန်မာအစိုးရ အရာရှိတဦးကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ သမ္မတဦးသိန်းစိန်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ် အပြီးမှာ ဒုတိယသမ္မတ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ ခန့်မှန်းထားကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"