ထိပ်ဆုံး သတင်း :
Home » » မြန်မာ့အရေး ကီလိုမီတာ နှစ်ထောင် စက်ဘီးစီးသူ ဂျာမဏီ ဆိုက်ရောက်

မြန်မာ့အရေး ကီလိုမီတာ နှစ်ထောင် စက်ဘီးစီးသူ ဂျာမဏီ ဆိုက်ရောက်

10/07/2011 12:19:00 PMတွင်ရေးသည်

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုံ့ဆော်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၂) ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကနေ စတင်ခဲ့တဲ့ Burma Campaign UK အဖွဲ့ဝင် Jag Dojkovski ရဲ့ တကိုယ်တော် စက်ဘီးစီး ဥရောပ ခြောက်နိုင်ငံ ခရီးစဉ်မှာ ငါးနိုင်ငံမြောက်ဖြစ်တဲ့ ဂျာမဏီကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
Courtesy of Burma Campaign UK
မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုံ့ဆော်ရန် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှ ချက်ပြည်သူ့သမ္မတ နိုင်ငံအထိ ကီလိုမီတာ နှစ်ထောင် စက်ဘီးစီးသူ Burma Campaign UK အဖွဲ့ဝင် Jag Dojkovski ဖြစ်ပါသည်။
ဒီခရီးစဉ်ကနေ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသား နှစ်ထောင်နီးပါး အတွက် ထောက်ပန့်မယ့် ရံပုံငွေ ဗြိတိန်စတာလင် ပေါင်နှစ်ထောင် ရရှိဖို့ သတ်မှတ်ထားပေမယ့် လက်ရှိ ကောက်ခံရရှိငွေ စုစုပေါင်း စတာလင်ပေါင် နှစ်ထောင်ကျော်သွားပြီလို့ Burma Campaign UK အဖွဲ့ ညွန်ကြားရေးမှုး Mark Farmaner က အာအက်ဖ်အေကို ပြောပါတယ်။ သူရဲ့ခရီးစဉ်တလျှောက် အထူးသဖြင့် ပြင်သစ်နဲ့ ဘယ်လ်ဂျီယန် နိုင်ငံတွေမှာဆိုရင် မြန်မာ့အရေး စိတ်ဝင်စားတဲ့ ဒေသခံပြည်သူတွေက သူ့အတွက် တည်းခိုဖို့နဲ့ စားသောက်စရာတွေကို လိုလေသေးမရှိ စီစဉ်ပေးထားတယ်လို့လည်း ဆိုပါတယ်။ Jag Dojkovski အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကို ရည်ရွယ်ပြီး ကီလိုမီတာ နှစ်ထောင်ဝေးကွာတဲ့ ဗြိတိန်နိုင်ငံကနေ ချက်ပြည်သူ့သမ္မတနိုင်ငံ အထိ ပြိုင်ဘီးတစင်းနဲ့ သွားနေပါတယ်။ သူဖြတ်သန်းခဲ့တဲ့ နိုင်ငံတွေကတော့ ပြင်သစ်၊ ဘယ်လ်ဂျီယန်၊ နယ်သာလန်နဲ့ အခု ဂျာမဏီနိုင်ငံတွေ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ချက်ပြည်သူ့သမ္မတ နိုင်ငံကို ဆိုက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မအင်ကြင်းနိုင်ရဲ့ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"